Tuesday, April 10, 2012
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုအမေရိကန်ပြည်ထောင်စုHolocaustMemorialMuseumခေါ်ဒုတိယကမ္ဘာစစ်အတွင်းဂျာမဏီနာဇီရဲ့သတ်ဖြတ်ခံခဲ့ရတဲ့ဂျူး၆သန်းအထိမ်းအမှတ်ပြတိုက်ကဂုဏ်ထူးဆောင်ဆုချီးမြှင့်မှာဖြစ်ပါတယ်။
Elie Wiesel Award ဆိုတဲ့ အဲဒီဂုဏ်ထူးဆောင်ဆုကို ပြတိုက်တည်ထောင်သူ တစ်ဦးဖြစ်သူ Mr. Elie Wiesel ကိုယ်တိုင် ဧပြီ ၁၈ ရက် Holocaust အမှတ်တရနေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
“ စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ရင်ဆိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်သတ္တိဟာ စံနမူနာယူစရာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီရေးအတွက် အခုလောက် ကာလကြာရှည် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်မျိုးဟာ ရှားပါးလှပါတယ်” လို့ ပြတိုက်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ Mr. Wiesel က ဖော်ပြခဲ့ပါတယ်။
Mr. Elie Wiesel ဟာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တစ်ဦး ဖြစ်တဲ့အပြင် ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်စုကြည်ဟာဆုပေးပွဲအခမ်းအနားကိုတက်ရောက်နိုင်မှာမဟုတ်ပေမဲ့ဗီဒီယိုကတစ်ဆင့် နှုတ်ခွန်းဆက်စကားပါးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သစ်ထူးလွင် (Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment