မြန်မာနိုင်ငံအတွင်းလှည့်လည်သုံးစွဲနေသောငွေပမာဏကျပ်သန်းပေါင်း ၆၇
သိန်းခွဲခန့် ရှ်ိနေပြီး ငွေကြေးဖေါင်းဖွမှုမှာ ဇန်နဝါရီလ ကိန်းဂဏန်း အရ ၁.၉၅
ရာခိုင်နှုန်း ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဆိုသည်။“နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းေ ပါင်း
၆,၇၄၈,၅၆၆ ရှိနေပြီး ငွေကြေးဖေါင်းပွမှု အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ
ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိနေပါ တယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ပြောကြား သည်။Thursday, March 07, 2013
နိုင်ငံအတွင်း လှည့်လည်စီးဆင်းငွေ ကျပ်သန်းပေါင်း ၆၇ သိန်းကျော် ရှိနေ
မြန်မာနိုင်ငံအတွင်းလှည့်လည်သုံးစွဲနေသောငွေပမာဏကျပ်သန်းပေါင်း ၆၇
သိန်းခွဲခန့် ရှ်ိနေပြီး ငွေကြေးဖေါင်းဖွမှုမှာ ဇန်နဝါရီလ ကိန်းဂဏန်း အရ ၁.၉၅
ရာခိုင်နှုန်း ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဆိုသည်။“နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းေ ပါင်း
၆,၇၄၈,၅၆၆ ရှိနေပြီး ငွေကြေးဖေါင်းပွမှု အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ
ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိနေပါ တယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ပြောကြား သည်။အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်မှာ တင်ပြ
အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့
အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက
ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်း ချက်ကို ပြန် လည်ဖြေကြားခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရန်ကုန်တိုင်း အလုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ မေးမြန်းချက်အပေါ် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ရေး ဆွေးနွေး
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည်
လူဟောင်းတွေအနေနဲ့အမေရိကန်နိုင်ငံမှာပြောင်းရွှေ့အခြေချ လိုတယ် ဆိုရင် ၃
လအတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံး အရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည် စခန်းမှာပြောခဲ့ပါတယ်။ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ရုံး တာဝန်ခံ Kenneth Foster နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုယ်စားလှယ်တွေဟာ မနေ့က နို့ဘိုးစခန်းမှာ ဒုက္ခ သည်တွေ နဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။
ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ
လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ
ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို
ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရား ရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။ " ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီး အမျိုး သမီး
နိုင်ငံခြားကုမ္ပဏီများ မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များတွင် ပထမဆုံးအကြိမ်အဖြစ် လုပ်ပိုင်ခွင့် အပြည့်အဝ ရတော့မည်
နိုင်ငံခြားကုမ္ပဏီများသည် မြန်မာ၏ ပင်လယ်ရေနက်ပိုင်း ကမ်းလွန်ရေ နံလုပ်ကွက်များတွင် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝလုပ်ပိုင်ခွင့် ရတော့မည်ဖြစ်ကြောင်း မြန်မာစွမ်းအင် ဝန်ကြီးဌာန က ပြောကြား လိုက်သည်။စွမ်းအင်ဝန်ကြီးဌာန၏လက်ထောက်ညွှန်ကြားရေးမှူး ဦး အောင်ကျော် ထူးက နာမည်ကျော်ရေနံစွမ်းအင်ကုမ္ပဏီကြီးများ ဖြစ်သည့် BP၊ Wood side ၊ Shell နှင့် Chevronကဲ့သို့သော ကုမ္ပဏီကြီးများ အပါအဝင် လုပ်ပိုင်ခွင့်လျှောက်ထားသည့် အခြားရေနံကုမ္ပဏီများကို လာမည့်ဧပြီမှ စ၍၂၅ ကွက်ကို ချထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
NLD ဗဟိုညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲ မှုအား ဦးတင်ဦးပြောဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး တက်ရောက်ရန် ရွေး ချယ်ခြင်းခံရသော ညီလာခံကိုယ် စားလှယ်မျာြး ဖစ်သည့်
ဦးခင် မောင်ဝင်း(လမ်းမတော်မြို့နယ်)၊ ဦးသန့်ဇင် (ရွှေပြည် သာ)၊ဦးခင်မောင်ရှိန် (မြောက်ပိုင်းခရိုင်)နှင့်ဒေါ်မိမိကြီး (ကောလင်း NLD )တို့
အားအဖွဲ့ချုပ်အတွင်း စည်းလုံး ညီညွတ်ရေးကို ပြိုကွဲပျက် စီးစေမည့်
အပြုအမူအပြောအဆို လှုပ် ရှားမှုများ လုပ်နေသည်ဟု ဆိုကာ
ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းလိုက်ကြောင်း ၂၀၁၃ ခုနှစ်မတ်လ ၅ ရက်နေ့ ရက်စွဲ ဖြင့် ညီလာခံကျင်းပရေး ဗဟို ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။Wednesday, March 06, 2013
ယခုနှစ် နွေရာသီကာလအတွင်း ရန်ကုန်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ပုံမှန်ထက် ၆၀ ရာခိုင်နှုန်း၊ ကျန်ဒေသများတွင် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အပူဒဏ် ပိုမိုခံစားရနိုင်
မြန်မာနိုင်ငံ၏ နွေရာသီကာလသည် မတ်လဆန်းတွင် စတင်ပြီး ယခုနှစ် တွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ခန့်မှ စတင်ကာ အပူချိန် မြင့်တက်မှု
ဘော်နီယို ကျွန်းဆွယ် လက်နက်ကိုင် ဖိလစ်ပိုင် မျိုးနွယ်စုကို မလေးရှား အစိုးရ တပ်ဖွဲ့ တိုက်ခိုက်
မလေးရှား တပ်ဖွဲ့ဝင် များက ဘော်နီယို ကျွန်းဆွယ် တွင် မကြာမီ ရက်ပိုင်း
အတွင်းက ရဲတပ်ဖွဲ့ဝင် ရှစ်ဦး ကို သတ်ဖြတ် ခဲ့သည့် ဖိလစ်ပိုင် မျိုးနွယ်စု
တစ်စု၏ လက်နက်ကိုင် အဖွဲ့ဝင် များအား စီးနင်း တိုက်ခိုက် မှုကို စတင်
လုပ်ဆောင် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဖိလစ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၈ဝ ခန့်က သိမ်းယူ ထားခဲ့သော မလေးရှား နိုင်ငံ ဆာ ဘာြး ပည်နယ် အတွင်းရှိ ပိုင်နက်နယ်မြေ တစ်ခုကို ပြန် လည် သိမ်းယူရန် အတွက် မလေးရှား တပ်ဖွဲ့ဝင် များက စစ်ဆင်ရေး တစ်ရပ်ကို မတ် ၄ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီတွင် စတင် ပြုလုပ်ခဲ့ကြောင်း မလေးရှား အစိုးရ အဖွဲ့က ပြောကြား ခဲ့သည်။
ဖိလစ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၈ဝ ခန့်က သိမ်းယူ ထားခဲ့သော မလေးရှား နိုင်ငံ ဆာ ဘာြး ပည်နယ် အတွင်းရှိ ပိုင်နက်နယ်မြေ တစ်ခုကို ပြန် လည် သိမ်းယူရန် အတွက် မလေးရှား တပ်ဖွဲ့ဝင် များက စစ်ဆင်ရေး တစ်ရပ်ကို မတ် ၄ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီတွင် စတင် ပြုလုပ်ခဲ့ကြောင်း မလေးရှား အစိုးရ အဖွဲ့က ပြောကြား ခဲ့သည်။
မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စီး အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ရန်ကုန်မြို့မှ စတင် ထွက်ခွာ
မြန်မာ့ တပ်မတော် (ရေ) မှ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး
ဗိုလ်မှူးကြီး မိုးအောင် ဦးဆောင်သော စစ်ရေယာဉ် အောင်ဇေယျနှင့် စစ်ရေယာဉ်
ဘုရင့်နောင် တို့သည် အိန္ဒိယနိုင်ငံ အရှေ့ ပိုင်း ရေတပ်ဌာနချုပ် (Eastern
Naval Command) တည်ရှိရာ အိန္ဒိယ အရှေ့ပိုင်း၊ Andhra Pradesh ပြည် နယ်၊
VISHA-KHAPATNAM ဆိပ်ကမ်းသို့ ချစ်ကြည်ရေး
အလည်အပတ်ခရီး သွားရောက်ရန်အတွက် ရန်ကုန်မြို့ ရှိ အမှတ်(၃) ရေတပ်
ဆိပ်ခံတံတား မှ ယနေ့ နံနက် ၉ နာရီ ၄ဝ မိနစ်တွင် စတင်ထွက်ခွာ သွားရာ
စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း ဦးဆောင်သော
တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစု များက ပို့ဆောင် နှုတ်ဆက်ကြသည်။
ပြည်သူ့ရင်ပြင်ကစားကွင်းအတွင်း အမျိုးသားတစ်ဦးအား မူးယစ်လူငယ် တစ်စု အကြောင်းမဲ့ရန်စ၊ ရဲစခန်းဝင်းအတွင်းထိဝင်ရောက်ရိုက်နှက်
ဖြစ်စဉ်မှာ မတ်လ ၃ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က စမ်းချောင်း မြို့နယ်နေ ကိုစိုင်းဇာဟန်သည် ၈ လ အရွယ် သမီးငယ်နှင့်အတူ ရှင်စော ပုလမ်း ပေါ်ရှိ Happy Zone ကလေးကစားကွင်း ရှိအပျော် စီးလှေ ဆိပ်ကလေးများ ကစား သည့်နေရာ၌ ရပ်ကြည့်နေကြောင်း၊ ထို အချိန်
တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး) ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) သတ္တမ အကြိမ်မြောက် ဘွဲ့နှင်း သဘင်
အခမ်းအနားကို မတ် ၃ ရက် နံနက်၉ နာရီက မန္တလေး တိုင်း ဒေသကြီး အောင်မြေသာစံ
မြို့နယ်ရှိ တိုင်းရင်းဆေး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သန်းမောင်၊ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)
ဒေါက်တာ ဌေးအောင်၊ ဒုတိယ ပါမောက္ခချုပ် (စီမံ) ဦးကျော်သိန်းဌေးနှင့်
တက္ကသိုလ် စီမံ ခန့်ခွဲရေး ပညာရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ဘွဲ့ရ
မောင်မယ်များ၊ မိဘ ဆွေမျိုးများနှင့် ဧည့်သည် များ တက်ရောက်ကြသည်။
နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်တိုင်းစစ် ဌာန ချုပ် နယ်မြေအနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်သော ရွှေကြော များ ရှိနေကြောင်းဘူမိဗေဒ ပညာရှင်ဦးစိုးသိန်းက ပြောသည်။ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလက ယင်းနယ်မြေတွင် သရက်ခုံ ရွှေကြောတစ်ခုရှိခဲ့ ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရွှေထုတ်လုပ်သည့် စက်ရုံဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား တရုတ် သံအမတ်နှင့် ဇနီးလာတွေ့ဆုံ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို
တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ လီကျင်ဟွာ နဲ့
ဇနီးသည်တို့ဟာ ယမန်နေ့ ညနေ ၆ နာရီခွဲလောက် က နေပြည်တော် ရှိ ရွှေမြန်မာ ဟော်တယ်မှာ လာရောက်တွေ့ ဆုံခဲ့ပါ တယ်။အခုလိုတရုတ်သံအမတ်ကြီးတို့ဇနီးမောင်နှံအနေဖြင့် ဒေါ်အောင် ဆန်း စုကြည်နဲ့
ရင်းရင်းနှီးနှီး တွေ့ဆုံမှု ဟာ ပွင့်လင်း စ ပြုလာ တဲ့ မြန်မာ့နိုင်ငံရေး
အတွက် ထူးခြားမှု တခုအဖြစ် ဝေဖန်သူတွေက မှတ်ချက်ပြုကြပါ တယ်။
၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ပြီးခါက NLD
ပါတီက တနိုင်ငံလုံး အတိုင်း အတာနဲ့ အနိုင်ရပြီးစအချိန်မှာ ထိုစဉ်က တရုတ်
သံအမတ်ကြီးကလည်း ပါတီရုံးချုပ်ကို လာရောက် တွေ့ဆုံ ခဲ့ဖူးပါသေးတယ်။ မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်
အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID
အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံ အဆောက်အအုံ
တိုးတက်စေရေး အကူအညီပေးနိုင်ရန် တစ်ပတ်ကြာ ခရီး လာရောက်ခဲ့ကြောင်း သိရသည်။အမေရိကန်နိုင်ငံ နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီ USAID ၏ အဆိုအရအထက်ပါကုမ္ပဏီကြီးများ၏ခရီးစဉ်မှာမြန်မာနိုင်ငံ၌ဈေးနှု န်း သက် သာသောအင်တာနက်ချိတ်ဆက်မှု ဖန်တီးရေး၊ ပြည်တွင်း၌
ရီးရဲလ်နှင့်ပွဲတွင် အရန်ခုံရောက်ခဲ့သည့် ရွန်နီ၏မန်ယူအနာဂတ် မသေချာ
မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရီးရဲလ်နှင့်ပွဲတွင်
ပွဲထွက်စာရင်းမှ ချန်လှပ်ခံရခြင်းမှာရွန်နီ၏ မန်ယူကစားသမားဘ၀ကို အဆုံးသတ်
သွားစေနိုင်သည်ဟု ဝေဖန်ပြောကြား သွားခဲ့သည်။ ရွန်နီသည် နောဝစ်ခ်ျနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၁ဂိုးသွင်းပေးနိုင် ခဲ့သည့်အပြင် ကာဂါဝါ ဟက်ထရစ်သွင်းယူရန် ဂိုးဖန်တီးမှု ၁ကြိမ် ပြု လုပ်ပေးနိုင်ခဲ့သူလည်းဖြစ်သည်။
KNU သထုံဒေသရုံးဖွင့်တဲ့နေ့မှာ အရပ်သားတွေ ဘာပြောသလဲ
ဒေသအတွင်း ငြိမ်းချမ်းရေးတည်ဆောက်ကြပြီဖြစ်သောကြောင့် ယခင် ကကဲ့သို့ ဗမာစစ်တပ်နှင့် ကရင်စစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျမှုကို ကြုံတွေ့ ရတော့မည်မဟုတ်ဟု ယနေ့သထုံမြို့ နယ်နောင်ဘိုရွာ၌ပြု လုပ်သည့် KNU တပ် မဟာ ၁ ဆက်ဆံရေးရုံးဖွင့်ပွဲသို့ တက်ရောက် လာသည့်ဒေသခံများကပြောသည်။(သူတို့ပြောသည့် ဗမာ/ဗမာစစ်တပ် ဆိုသည်မှာ မြန်မာ့တပ်မတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ကရင်စစ်တပ် ဆိုသည်မှာ KNU၏ လက်နက်ကိုင်
တပ်ဖွဲ့ကို ဆိုလိုသည်။ ယခု သတင်းတွင် အရပ်သားများအကြား
ပြောဆိုနေသည့်အတိုင်း သုံးနှုန်း ရေးသားလိုက်ပါသည်)
မြန်မာအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ မှုများရုပ်သိမ်းရေး သမ္မတဦးသိန်းစိန် သြစတြီးယားတွင် ပြောကြား
ဥရောပသို့ အလည်အပတ်ရောက်ရှိနေသော မြန်မာသမ္မတဦးသိန်းစိန် သည် သြစတြီးယား၌ သမ္မတဟိန့်ဇ် ဖစ်ရှာနှင့်
တွေ့ ဆုံဆွေးနွေး ပြီး နောက် ဥရောပသမဂ္ဂအနေဖြင့် မြန်မာ အပေါ်ချမှတ်ထားသော
ပိတ်ဆို့ မှုများရုပ်သိမ်းရေးအတွက် တိုက်တွန်းလိုက်ကြောင်း သိရသည်။သြစြ¬တီးယားသမ္မတ ဖစ်ရှာနှင့်တွေ့ ဆုံပြီးနောက် ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ စကားပြန်မှ တဆင့်ပြောဆိုရာတွင် မြန်မာ သမ္မတက ၎င်းသည် ဤကိစ္စအတွက် သမ္မတဖစ်ရှာကို ပူးပေါင်းဆောင် ရွက်ပေးရန် တိုက်ရိုက်တောင်းဆိုထားကြောင်း ပြောကြားသည်။
ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်
ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန် သွားပြီဖြစ်သည်။
အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက်ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေ တွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ပြည်သူများအား အသိပေးပြောကြားခဲ့သည်။
ထို့နောက် ဗင်နီဇွဲလား စံတော်ချိန် အင်္ဂါနေ့ ညနေ ၄း၂၅ တွင် သမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန် သွား ပြီဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။
Planet Myanmar Network
အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက်ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေ တွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ပြည်သူများအား အသိပေးပြောကြားခဲ့သည်။
ထို့နောက် ဗင်နီဇွဲလား စံတော်ချိန် အင်္ဂါနေ့ ညနေ ၄း၂၅ တွင် သမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန် သွား ပြီဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။
Planet Myanmar Network
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်စေဖို့ HRW အဖွဲ့ တိုက်တွန်း
မြန်မာနိုင်ငံမှာအရေးကြီးတဲ့လူ့အခွင့်အရေးမူဝါဒတွေ ပြုပြင် ပြောင်း လဲေ ရး အတွက် သမ္မတ ဦးသိန်းစိန်ရဲ့ EU ဥရောပသမဂ္ဂ ချစ်ကြည်ေ ရး ခရီးစဉ်အတွင်း EU ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေး တိုက်တွန်း သင့်တယ်လို့အမေရိကန်ပြည်ထောင်စုအခြေစိုက်လူ့အခွင့်အရေး စောင့် ကြည့်လေ့လာရေးအဖွဲ့ HRW ကမတ်လ ၅ ရက်နေ့ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။သမ္မတဦးသိန်းစိန်ဟာ EU အဖွဲ့ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ် ဆဲလ်မြို့မှာ ဒီကနေ့ EU ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
Tuesday, March 05, 2013
မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်တော့မည်
မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းကဏ္ဍဟာ ပွင့်လင်းမြင် သာမှုရှိတဲ့ ခေတ်သစ်တစ်ရပ်ကို ရောက်ရှိပါတော့မယ်လို့ မြန်မာစွမ်း အင်ဝန်ကြီးဌာနက ကတိပြုပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့စွမ်းအင်ညီလာခံမှာ စွမ်းအင် ၀န်ကြီးဌာန အရာရှိတွေက ပြောကြားခဲ့ကြတာပါ။ အဲ့ဒီညီလာခံမှာ ထင်ရှားတဲ့ နိုင်ငံခြားစွမ်းအင်ကုမ္ပဏီကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ
၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများစာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။
ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ်လို့နိုဘဲ ဆုဌာ နက ပြောပါတယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့ အဖွဲ့ အစည်း ၅၀ ပါဝင်တဲ့အတွက် စာရင်းဝင်အရေအတွက် စုစုပေါင်း ၂၅၉ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အဆိုပြုခံရသူပေါင်း ၂၄၁ ဦးရှိခဲ့ပါ တယ်။
မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ် လုပ်ဆောင်နေ
မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးစီမံချက်၏တစိတ်တပိုင်း အဖြစ် မြန် မာနိုင်ငံသားများ ၏ ပျမ်းမျှသက်တမ်းကို ၂၀၃၁ ခုနှစ်တွင် ၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။၂၀၀၁ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် စာရင်း အရ မြန်မာနိုင်ငံ သားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၀ မှ ၆၄ နှစ်သာ ဖြစ်သည်။
ထားဝယ်တွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူ တစ်ဦး သေဆုံး
ထားဝယ်-မတ်၎ထားဝယ်မြို့၊ရှမ္မလည်ဆွဲရပ်၊အာဇာနည်လမ်းရှိ ပညာရေးကော လိပ်ရှေ့ တွင်ယနေ့နံနက်(၈း၃၀)နာရီအချိန်ခန့်ကယာဉ်မောင်းဦး---- မောင်းနှင် လာသော super custom အမျိုး အစား မော်တော် ယာဉ်သည် ဆိုင်ကယ်နှစ်စီးအား ဆက်တိုက်တိုက်မိပြီးမိုးလုံလေလုံ အားကစား ရုံရှေ့ ရေမြောင်းအတွင်းသို့ထိုးကျမှုတစ်ခုဖြစ်ပွားခဲ့သည်။
ထိုအခင်းဖြစ်စဉ်တွင်မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ် စီးလာသူ ကရပ်ပြင်ရပ်၊အာဇာနည်လမ်းနေ ဦးအောင်ဆန်း မှာ နေရာ
မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ
အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်း အမေရိ ကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ် စဉ်များ မှာ အောက် ပါ အတိုင်း ဖြစ်ပါသည်-
၂၄-၁-၂ဝ၁၂ ရက်။ ဂျပန်နှင့် အမေရိကန် တပ်ဖွဲ့ဝင် တို့သည် သမ္မတ အိုဘားမား၏ ကာကွယ်ရေး မဟာဗျူဟာ လမ်းညွှန်ချက် သစ်တွင် အကြမ်း ဖျင်း ဖော်ပြထားသည့် အတိုင်း ဂျပန်နိုင်ငံ Yokoto ဒေသတွင် " Keen Edge 12 " ဟု အမည် ပေးထားသည့် ၂ နှစ်တစ်ကြိမ် ပြုလုပ်သော ကွပ်ကဲမှု ဆိုင်ရာ လေ့ကျင့်ခန်းအား ပြုလုပ်သည်။
၂၄-၁-၂ဝ၁၂ ရက်။ ဂျပန်နှင့် အမေရိကန် တပ်ဖွဲ့ဝင် တို့သည် သမ္မတ အိုဘားမား၏ ကာကွယ်ရေး မဟာဗျူဟာ လမ်းညွှန်ချက် သစ်တွင် အကြမ်း ဖျင်း ဖော်ပြထားသည့် အတိုင်း ဂျပန်နိုင်ငံ Yokoto ဒေသတွင် " Keen Edge 12 " ဟု အမည် ပေးထားသည့် ၂ နှစ်တစ်ကြိမ် ပြုလုပ်သော ကွပ်ကဲမှု ဆိုင်ရာ လေ့ကျင့်ခန်းအား ပြုလုပ်သည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-





