Monday, October 7, 2013
ရင်သား ပေါ်အောင် ဓာတ်ပုံ ရိုက်မိ ၍ နောင် ဓာတ်ပုံ ဘယ်တော့မှ မရိုက်တော့ ဟု ဆိုသည့် မြန်မာ အမျိုးသမီး ဂုဏ်ကို ထိန်းသိမ်း ခဲ့သည့် မြန်မာ မော်လ်ဒယ်ဂျာနယ် တစ်ခု ရဲ့မျက်နှာ ဖုံး မှာ ပြီးခဲ့တဲ့ လ အတွင်း က ဖော်ပြ ခံရတဲ့
ရင်ဟိုက် ဓာတ်ပုံ ကြောင့် ပ ရိ သတ် တွေ ရဲ့ဝေဖန်မှု ကို ပြင်းပြင်း ထန်ထန်
ခံခဲ့ ရတဲ့ မော်ဒယ် မြနှင်းရည်လွင် က လာမယ့်နှစ် က စပြီး ဓာတ်ပုံ မော်ဒယ်
အဖြစ် ဆက်ပြီး လုပ်ကိုင် သွားမှာ မဟုတ် တော့ဘူး လို့ မြန်မာ တိုင်းမ် ကို
ပြောပါတယ်။
Monday, October 7, 2013
မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ
ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။ မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅လမ်းနှင့် ပြင်ဦးလွင်ကားလမ်း မထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရ ရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
နိုက်ကလပ်အခန်းအတွင်း မှ ဒီဂျေစက်တစ်လုံးနှင့် အတူ အသံပိုင်းဆိုင်ရာတွင်
အသုံးပြု သည့် အခြားစက်ပစ္စည်းများ၊ ဆိုင် မန်နေဂျာဖြစ်သူနှင့် ၀န်ထမ်း ၁၃
ဦးတို့ကို တွေ့ရှိခဲ့ပြီး Bar Code ဆိုင်အတွင်းရှိ အထူးခန်း
တစ်ခန်းတွင်လည်း ကွန်ပျူတာပိုင်းဆိုင်ရာ အသုံးပြုသည့်
ဆက်စပ်ပစ္စည်းများနှင့် လျှပ်စစ်သုံးပစ္စည်းများနှင့် ပရိဘောဂအချို့ကို ထပ်မံ
တွေ့ရှိခဲ့ရသောကြောင့် ဆိုင်မန်နေဂျာဖြစ်သူ အမျိုးသားအား
မဟာအောင်မြေမြို့မရဲစခန်းမှ ဗီဒီယိုအက် ၃၂/(က)ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေသည်။
Monday, October 7, 2013
ပထမဦးဆုံး ကားထုတ်လုပ်ခွင့် ရရှိထားသည့် ကမ္ဘာ့အဆင့် ကုမ္ပဏီဖြစ်သော Nissan
နှင့် Tan Chong အနေဖြင့် CKD ခွင့်ပြုချက် ရရှိထားပြီး၊ ၂၀၁၅ ခုနှစ်တွင်
ပဲခူးတိုင်း ဒေသကြီးတွင် ပထမဦးဆုံး စတင်မည့် စက်ရုံတွင် ဝန်ထမ်းဦးရေ
(၃၀၀) ကျော်ကို ရာနှုန်းပြည့် မြန်မာ အလုပ်သမားများ ကိုသာ ခန့်အပ်ထားမည်
ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။ဧက ၈၀ (၃၂၄,၀၀၀) စတုရန်းမီတာရှိသော နောက်ဆုံးပေါ် အဆင့်မြင့်စက်မှု
အဆောက်အအုံအား လာမည့် ၂၀၁၅ တွင် ပဲခူးတိုင်းဒေသကြီးရှိ စက်မှုဇုန်တွင်
တည်ဆောက်သွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ကုမ္ပဏီတာဝန်ရှိ သူတို့က
ရှင်းလင်းပြောကြားခဲ့ရာ သတင်းစာ ရှင်းလင်းပွဲအပြီးနောက် အင်တာနက်ဂျာနယ်၏
ဆက်သွယ်မေးမြန်းမှုကို “ထုတ်လုပ်ရေး လုပ်သား (၃၀၀) ကို ရာနှုန်းပြည့်
မြန်မာလုပ်သားတွေပဲ ခန့်အပ်သွားမှာပါ။ နောင်နှစ်တွင်လည်း အလားတူပဲပေါ့။
Nissan ကားတွေကို ပြည်တွင်းမှာပဲ ဆောက် လုပ်ပြီး ပြည်တွင်း
မှာရှိတဲ့မြန်မာပြည်သူတွေကိုပဲ ရောင်းချသွားမှာပါ” ဟုပြန်လည်
ဖြေကြားခဲ့သည်။
Monday, October 7, 2013
အိပ်ရာထဲ ဆီးသွားတာက ရောဂါ မဟုတ်ပါဘူး။ ဆီးအိတ်ပြည့်တဲ့ အခါ ကလေးတွေရဲ့
ဦးနှောက်ဆီကို အိပ်ရာကထဖို့ နှိုးဆော်တဲ့ သင်္ကေတ မရောက်ရှိလို့ ဖြစ်ရတာပါ။
ဒါက ကလေးရဲ့ အပြစ်မဟုတ်ပါဘူး ။ လေ့လာမှုတွေအရ
ကလေးတွေကို ဆူပှုကြိမ်မောင်းတာ၊ ဝမ်းနည်းအောင် အော်ဟစ်ရိုက်နှက်တာ စတဲ့
အပြုအမှုတွေ လုပ်တဲ့အခါ ညဘက်မှာ အိပ်ရာထ ဆီး သွားတာမျိုး ဖြစ်တယ်လို့
သိရပါတယ်။ ဒါကြောင့် ကလေးတွေ အိပ်ရာထဲ ဆီးမသွားအောင် အောက်ပါတို့ကို
ဆောင်ရွက်သင့်ပါတယ်။
အပြစ်မပြောပါနှင့်ကလေးက အိပ်ရာထဲ ဆီးသွားတဲ့
အခါ ဆူပူကြိမ်းမောင်းတာကို မလုပ်ပါနဲ့။ ကလေးကို ခြောက်သွေ့တဲ့ အဝတ်အ စား
လဲပေးပြီး ပျော်ပျော်ရွှင်ရွှင် နေခိုင်း ပါ။
Monday, October 7, 2013
ဒေသခံများ ကန့်ကွက်နေကြသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင်
တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှစ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို
သဘာဝပတ်ဝန်းကျင် မထိခိုက်မှသာ တည်ဆောက်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
အောက်တိုဘာလ ၆ ရက်နေ့က ကျိုင်းတုံမြို့ စည်ပင်သာယာ ခန်းမတွင် ပြုလုပ်သော
ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းတွင် ပါဝင်သည့်
မိုင်းလပ်ကျေးရွာအုပ်စုမှ ဝမ်တောင်းရွာ၊ ဝမ်ကျွမ်ရွာနှင့်ပါဆံကျရွာတို့မှ
ဒေသခံများနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့တွေ့ဆုံစဉ် ၎င်းက
ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့
သစ်တောရေးရာ ဝန်ကြီးဌာနကနေ ဒီစက်ရုံကြောင့် ဒေသခံ ပြည်သူလူထုအတွက်
ဆိုးကျိုးမဖြစ်ဘူး။ သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှု မရှိဘူးဆိုပြီး
ခွင့်ပြုချက်ရမှ တည်ဆောက်မှာပါ” ဟု ၎င်းကဆိုသည်။
Monday, October 7, 2013
ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ
လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။
ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi
ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။
တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို
ကာကွယ်ရန်ဖြစ်သည်။
Monday, October 7, 2013
နေ့စဉ် button mushroom လို့ခေါ်တဲ့ ထောပတ်မှိုကို သုံးလုံးက နေ
လေးလုံးစားသုံးပေးခြင်းဟာ လူ တစ်ယောက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို
ဖြည့်စွက်ပေး နိုင်တယ်လို့ သြစတြေးလျ သိပ္ပံ ပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့
ပါတယ်။ဆစ်ဒနီဆေးတက္ကသိုလ်၊ ဇီဝကမ္မ ဗေဒဌာနမှ ပါမောက္ခ Dr. Rebecca Mason နဲ့ အဖွဲ့ဟာ ထောပတ်မှိုဟာ နေမှရတဲ့ ဗီတာမင်ဒီကို အလင်းဖွဲ့
စည်းအစာချက်လုပ်ခြင်းအားဖြင့် သို လှောင်ထားနိုင်ပြီး လူသားတွေရဲ့
ဗီတာမင်ဒီ လိုအပ် ချက်ကွက်လပ်ကို ဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိ
ခဲ့ပါတယ်။
Monday, October 7, 2013
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့်
ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များတွင် ပညာရေးအဆင့် မြှင့်တင်မှု
စီမံကိန်းများ ပြုလုပ်နိုင်ရန်အတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၇
သန်းကျော်ရရှိ ထားပြီဟု သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး
ဒေါက်တာကိုကိုဦးက အောက်တိုဘာ ၄ ရက်တွင် ပြောသည်။
ဝန်ကြီးက ယင်းသို့ပြောကြားခြင်းမှာ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သော
သတင်းစာရှင်းလင်း ပွဲတွင်ဖြစ်သည်။ ၀န်ကြီးက ပြောကြားသည်မှာ သိပ္ပံနှင့်နည်း
ပညာဝန်ကြီးဌာနအနေဖြင့် ၀န်ကြီးဌာန အောက်ရှိကျောင်းများအတွက်
ပညာရေးအဆင့်မြှင့်တင်မှုစီမံကိန်းများ
ပြုလုပ်ရာတွင် အစိုးရကချထားပေးသည့် ဘတ်ဂျက်ငွေကြေးပမာဏဖြင့်
မလုံလောက်သောကြောင့် နိုင်ငံတကာမှ အထောက်အပံ့ အကူ အညီများရယူ ဆောင်ရွက်
ရမည်ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။
Monday, October 7, 2013
အမေရိကန်အစိုးရ လုပ်ငန်းအချို့ လည်ပတ်မှု ရပ်ဆိုင်းသည့် ဂယက်ကြောင့်
ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးမှာ တစ်လအတွင်း အနိမ့်ဆုံးဈေးသို့
ရောက်ရှိသွားရာမှ ပွင့်လင်းရာသီ ရောက်လာသည့် အတွက် ပြန်လည် မြင့်တက်လာဖွယ် ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။
ကမ္ဘာ့ ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး လိုက်ပါပြောင်းလဲပြီး နောက်ပိုင်းဝယ်လိုအား ကောင်းလာနိုင်သည့်အတွက် ဈေးပြန်တက်နိုင်ခြင်း ဖြစ်ကြောင်း
ရန်ကုန်မြို့ တိတ်စိန် ရတနာရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က
ပြောဆိုသည်။
Monday, October 7, 2013
ရုရှား နိုင်ငံနှင့် ယူကရိန်း နိုင်ငံကြားရှိ နယ်စပ် ဒေသတစ်ခုတွင်
နိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်ထားသော အမည်မသိ အမျိုးသား တစ်ဦးသည်
အောက်တိုဘာ ၄ ရက် အစော ပိုင်းက အသေခံဗုံးခွဲ ခဲ့မှုကြောင့် နယ်ခြားစောင့်
တပ်ဖွဲ့ဝင်များစွာ ဒဏ်ရာအပြင်း အထန် ရရှိ ခဲ့ကြောင်း ယူကရိန်း နိုင်ငံမှ နယ်ခြား စောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် အဆိုပါ အမျိုးသားအား Bachevsk နယ်စပ်
ဒေသကို ဖြတ်၍ ရုရှားနိုင်ငံမှ ယူကရိန်း နိုင်ငံသို့ သွားရောက်မည့်၊
မီနီဘတ်စ် တစ်စီးပေါ်တွင် တွေ့ရှိ ခဲ့ပြီးနောက် ၎င်းသည် ရုရှား နိုင်ငံကူး
လက်မှတ်တစ်ခု ပြသပြီးနောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက်
စုံစမ်း စစ်ဆေးမှု ပြုလုပ်နေစဉ် ၎င်းက အသေခံဗုံးခွဲ တိုက်ခိုက်
ခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ၏ အကြံပေး တစ်ဦးဖြစ်သူ
ဆာဂျီအက်စ် တက်ဟို့ဗ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
Monday, October 7, 2013
ရန်ကုန်-ထားဝယ်-မြိတ် ပြေးဆွဲလျက်ရှိသော ခရီးသည်ပို့ဆောင်ရေး
မှန်လုံယာဉ်များ အနေဖြင့် သတ်မှတ်ထားသည့် လက်မှတ် ဈေးနှုန်းထက် ပို၍
ကောက်ခံပါက အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင် မော်တော်ယာဉ်
လိုင်းပေါင်းစုံ ထိန်းသိမ်းကြီး ကြပ်ရေးကော်မတီ (မ.ထ.သ) ဥက္ကဋ္ဌ ဦးပိုသိန်းက
ပြောကြားသည်။ ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းများသည်
ယာဉ်လိုင်း စတင်မပြေးဆွဲခင် လက်မှတ် နှုန်းထားများကို ခရိုင် မ.ထ.သ၊
အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရပြီး
ခွင့်ပြုချက်ရရှိပါက ၎င်းတို့ သတ်မှတ်၍ တင်ပြထားသော လက်မှတ် နှုန်းထား
များကိုသာ ကောက်ခံရ မည် ဖြစ်ကြောင်း ဦးပိုသိန်းက ပြောသည်။“လေအိတ်ကားက
၁၃,၀၀၀ ကျပ်၊ ဗီအိုင်ပီကားတွေက ၂၀,၀၀၀ ကျပ် တင်ပြထားလို့ အဲဒီအတိုင်းပဲ
ခွင့်ပြုထားပါတယ်။ တိုးပြီး ကောက်ခံလို့ မရပါဘူး” ဟု ၎င်းကဆိုသည်။
Monday, October 7, 2013
လက်ရှိ အခြေခံပညာ ဖွဲ့စည်း ပုံစနစ် (သူငယ်တန်း) KG +4-4-2 အစား ပြောင်းလဲကျင့်သုံး အကောင်အထည်
ဖော်မည့် စနစ်အား ရှင်းလင်းဖြေကြားပေးရန် ပထမ အကြိမ်အမျိုးသား လွှတ်တော်
အဌမ ပုံမှန် အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်(၁၀)မှ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးနု၏ မေး မြန်း မှုကို ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ရှင်းလင်းဖြေ ကြားခဲ့သည်ဟု သိရသည်။
ဒုတိယဝန်ကြီးက အခြေခံ ပညာရေးဖွဲ့စည်းမှု ပုံစံ KG +4-4-2 စနစ်(အခြေခံပညာရေး
စုစုပေါင်း ပညာသင်နှစ် ၁၁ နှစ်) အား အာဆီယံဒေသတွင်း နိုင်ငံများ၊
နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အခြေခံပညာ စနစ် ဖွဲ့စည်းမှု ပုံစံများနှင့်
လိုက်လျောညီထွေ ဖြစ်စေရန် (သူငယ်တန်း) KG +5-4-3 စနစ်သို့
ပြုပြင်ပြောင်းလဲ ကျင့် သုံးနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များနှင့်
လိုအပ်ချက်များကို စီမံချက် ရေးဆွဲ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း
ဖြေကြားခဲ့သည်။
Monday, October 7, 2013
အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးပြဿနာအား ဖြေရှင်းရန်နှင့်
အထောက်အထားမရှိသည့် ၁၁ သန်း မျှသော ရွှေ့ပြောင်းများ၏ တရားဥပဒေအကြောင်းအရ
မရှင်းမလင်းဖြစ်နေခြင်းအား အဆုံးသတ် ရန်အတွက် ထောင်ပေါင်းများစွာသော
ဆန္ဒပြသမားများက အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြခဲ့ကြကြောင်း အောက်တိုဘာ ၆
ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
Coast-to-coast လှုပ်ရှားမှုများတွင် ဆန္ဒပြသူပေါင်း ၃,၀၀၀ ခန့် ပါဝင်ခဲ့ပြီး
၎င်းတို့အနက် အများစုမှ အာရှတိုက်သားများ၊ အာရပ်များနှင့်
ဟစ်စပန်းနစ်အနွယ်ဝင်များဖြစ်ကြပြီး
နယူးယောက်မြို့တွင် ဆန္ဒပြပြီး နောက် ဘရုကလင်းတံတားသို့ ချီတက်ခဲ့ကြသည်။
ယခုကဲ့သို့ ၎င်းတို့က ဆန္ဒပြခဲ့ခြင်းမှာ ဟောလီးဝုဒ်ရှိ ကာလီဖိုးနီးယား
ချီတက်ဆန္ဒပြမှုအား တန်ပြန်ဆန္ဒပြခြင်းဖြစ်သည်။
Monday, October 7, 2013
မိမိတို့၏ အခြေစိုက်စခန်းတစ်ခုအား ဗြိတိန်နှင့်တူရကီ အထူးတပ်ဖွဲ့ဝင်များက
ပင်လယ်လေကြောင်းမှ တစ်ဆင့် ညအချိန် တိုက်ခိုက်ခဲ့သည်ဟု ဆိုမာလီယာ
အယ်လ်ကိုင်းဒါများနှင့် ဆက်စပ်နေသော Shebab အဖွဲ့မှ ပြောကြားလိုက်ကြောင်း
အောက်တိုဘာ ၆ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
သို့သော် ဗြိတိန်အစိုးရက
ယင်းစွပ်စွဲမှုအား ငြင်းဆန်ထားသည်။ အသေခံတပ်ဖွဲ့ဝင်များမှ
ရဟတ်ယာဉ်များပေါ်မှ ဆင်းသက်လာကာ Shebab ထိပ်တန်းခေါင်းဆောင်တစ်ဦး၏ အိမ်အား
တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ဟု ဆိုမာလီယာတောင်ပိုင်းရှိ Barawe ဆိပ်ကမ်းမြို့မှသူပုန် ခေါင်းဆောင်များက ပြောကြားလိုက်သည်။
Monday, October 7, 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်
တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှ
အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။ ကျောင်းကုန်းမြို့နယ် (၂) ရပ်ကွက် ဗောဓိကုန်း၊ ကျန်စစ်သား (၁) လမ်းတွင်နေထိုင်သူ အသက် ၄၆ နှစ်အရွယ် အစ္စလာမ် ဘာသာဝင် ဦးလှဝင်းဆိုသူက ၎င်း၏ အိမ်နီးချင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခြင်းနှင့် ပတ်သက်၍ ဒေသခံများက မကျေမနပ် ဖြစ်ရာမှ ပဋိပက္ခ ဖြစ်ပွားပြီး လူနေအိမ် ငါးလုံးနှင့် အစ္စလာမ် ဘာသာဝင် သုသာန်ရှိ ဇရပ်
တစ်ဆောင် မီးရှို့ ဖျက်ဆီးခံရကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့ည ၈ နာရီမှ
စတင်ခဲ့သော အဆိုပါ ပဋိပက္ခသည် နောက်တစ်နေ့ နံနက် ၁ နာရီကျော်တွင်
ထိန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးသိန်းထွန်းက ပြောကြားသည်။
Monday, October 7, 2013
ဗီယက်နမ် နိုင်ငံနှင့် ရုရှားနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ကဏ္ဍ
ရပ် တစ်ခုဖြစ်သော စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုကိုပိုမိုတိုးမြှင့်ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း
ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဇွန်းက ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်
ရောက်ရှိနေသော ရုရှားနိုင်ငံ Gazprom ကုမ္ပဏီ အလုပ်အမှုဆောင် အရာရှိချုပ်
အဲလက်စ်ဆီ မေလာနှင့်အောက်တိုဘာ ၅ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ဗီယက်နမ်နိုင်ငံ အနေဖြင့် Gazprom ကုမ္ပဏီနှင့် ဗီယက်နမ်နိုင်ငံ ရေနံနှင့်
သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးအဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်ရေး အတွက်
ထောက် ပံ့ ပေးသွားမည်ဖြစ် ကြောင်းနှင့် ၎င်းအဖွဲ့ အနေဖြင့်ရေနံနှင့်
သဘာဝဓာတ်ငွေ့ လေ့လာဆန်းစစ်မှုများနှင့် စူးစမ်းရှာဖွေရေး စီမံကိန်းများ
ဆောင်ရွက် သွားမည်ဟု မျှော်မှန်း ထားကြောင်း ငုယင်တန်ဇွန်း က ထပ်လောင်း
ပြောကြားခဲ့သည်။
Monday, October 7, 2013
အဝေးသင်စနစ်သည် နိုင်ငံရေး ကို အခြေခံ၍ ပုံဖော်ခဲ့သည်ဆိုခြင်း မှာ
မှားယွင်းသောယူဆချက်ဖြစ် ကြောင်း ရန်ကုန် အဝေးသင်တက္က သိုလ်မှ ပါမောက္ခချုပ်
ဒေါက်တာ လှတင့်က တုံ့ပြန်ပြောဆိုလိုက် သည်။
ပညာရေး ကျွမ်းကျင်ပညာ
ရှင်တချို့က အဝေးသင်စနစ်သည် နိုင်ငံရေးကို အခြေခံ၍ ပုံဖော်ခဲ့
သည့်စနစ်ဖြစ်သည့်အတွက် ပညာ ရေးကို အခြေခံသည့်စနစ်အဖြစ်
ပြုပြင်ပြောင်းလဲသင့်နေပြီဟု ပြော ဆိုမှုများမှာ မှားယွင်းသော အယူအဆများ
ဖြစ်ကြောင်း၊ ခေတ်အခြေအနေ အရ များပြားလာသော ကျောင်း သားများနှင့်
အသက်မွေးဝမ်း ကျောင်း တက္ကသိုလ် များသို့ မတက် နိုင်သော ကျောင်းသားများအ
တွက် နိုင်ငံတော်အကြီးအကဲများ က နိုင်ငံတကာတွင်ထွန်းကားနေ သောစနစ် များထဲမှ
အဝေးသင် စနစ်ကို ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။