Sunday, July 15, 2012

GE ဆေးရုံသုံး ပစ္စည်း အရောင်းအဝယ် စာချုပ်ချုပ်


ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိသော အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီ အစည်းအဝေးနှင့် တိုက်ဆိုင်လျက် အမေရိကန်နိုင်ငံမှ GE အမှတ်တံဆိပ် ခေတ်မီ ရောဂါ ရှာဖွေရေးနှင့် ကုသရေး စက်ပစ္စည်းများ ဝယ်ယူခြင်းအတွက် GE Healthcare ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်သော Sea Lion Co., Ltd. နှင့် ယင်းပစ္စည်းများကို ဝယ်ယူအသုံးပြုသည့် ဗဟိုရ် စည်ဆေးရုံနှင့် ပန်းလှိုင်ဆေးရုံတို့ အရောင်းအဝယ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ယနေ့ညနေတွင် ကျင်းပရာ အမေရိကန် စီးပွားဖွံ့ဖြိုးရေး၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Robert Hormats၊ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Mr. Francisco Sanchez၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ တက်ရောက်ကြသည်။

ဒေါ်အောင်ဆနိးစုကြည်၏ ပြတ်ပြတ်သားသား ဖြေခဲ့တဲ့ ရိုဟင်ဂျာ ပြဿနာ


ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။

ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။

ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းအား ဆုချီးမြှင့်ခြင်းအစီစဉ်ပြုလုပ်

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းအား အမေရိကန် ဒေါ်လာ ၁ သောင်း (ကျပ်ငွေ သိန်း ၁၀၀ ခန့်) ကို လိုင်ဇာဗဟိုဌာနချုပ်ရှိ ကချင်အမျိုးသမီးရေးရာအဖွဲ့နှင့် မန်ရှီ (Mangshi)ရှိ (Atsam Ning Ja Jat) အဖွဲ့အစည်းမှ ယနေ့ လွဲအပ်ချီးမြှင့်ပေးခဲ့သည်။

ယခုလို ဆုချီးမြှင့်ခံရသော ကျေးဇူးတော်ချီးမွမ်းပွဲတော်ကို မြန်မာပြည်နှင့် ဆက်စပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီ (Mangshi)မြို့ရှိ ကချင်စားသောက်ဆိုင် (Hkrum Zup Seng) တခုတွင် ပြုလုပ်ကျင်းပခဲ့ရာ လဖိုင်နော်မိန်းတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

“မန်ရှီဆေးရုံနှင့် ပွဲလုပ်တဲ့နေရာက ၃ မိုင်လောက်ရှိတယ်။ ဆရာကို ထမ်းစင်မှာ တင်ပြီး တခါတည်း ကားမှာတင်လာတယ်။ ဒီမှာရောက်ရင်တော့ ပက်လက်ကုလားထိုင်မှာ ထိုင်ချင်ထိုင် လဲချင်လဲလို့ရအောင်လေ” စောင့်ရှောက်သူတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ပြောကြားချက်

အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းရှိ မောရ၀တီကျေးရွာမှ ဒုက္ခသည်များကို ဖြေသိမ့်နှစ်သိမ့်ပေးစဉ်။ (ဇူလိုင် ၁၂ရက်၊ ညနေ ၅း၀၀ နာရီ)
88 Generation Students ဖေ့စ်ဘွတ်ခ်

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – စိုးဇေယျထွန်း / Reuters)
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် အရေးတကြီး အဆိုတရပ်ကို ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက တင်သွင်းခဲ့ရာ လွှတ်တော်က အပြန်အလှန်ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
“ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ  ဒေါ်နန်းဝါနုက ဆိုပါတယ်။

သူရ ဦးရွှေမန်းရဲ့ သမီး အတု ရန်ကုန်မှာ ဖမ်းမိ


ကြံကြံဖန်ဖန် သတင်းတော့ မဟုတ်ပါ။ အခုအချိန်မှာ ထူးဆန်းတာတွေလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ ပါတယ်။ အခု ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရဲ့ သမီး အတု အကြောင်းပါ။

အခုတော့ သမီး အတုမှန်းသိလို့ ကမာရွတ်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလိုက်နေတဲ့အကြောင်း ပြည်တွင်း Messenger News Journal ရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ သတင်းတခုမှာ ပါလာပါတယ်။

သူရ ဦးရွှေမန်းရဲ့ သမီးအရင်း လို သူ့ကိုယ်သူ ( ဒေါက်တာ) မရွှေမန်းကိုကို ဆိုတဲ့ အမည်နဲ့
နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ် ၁၂/လမန(နိုင်)ဝ၈ဝဝ၆၈ ကို သူက ကိုင်ဆောင်ထားပါတယ်။ ဒါနဲ့ အတူ လိုင်စင်မဲ့ ပါဂျဲရိုး ကားတစီး စတဲ့ ပစ္စည်းတွေနဲ့ သမီးအတုကို ဖမ်းဆီးရမိတာပါတဲ့။

နိုင်ငံပိုင် သတင်းစာပေါ်က မင်းကိုနိုင်



နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခွင့်ရလာတဲ့ မင်းကိုနိုင် အမည်နဲ့ သူ့ရဲ့ နောက်ကြည့်မှန် အမည်ရှိတဲ့ လုံးချင်းဝတ္တု ကြော်ငြာဖြစ်ပါတယ်။

အရှေ့ကြယ် စာအုပ်တိုက်က ထုတ်ဝေပြီး မနက်ဖြန် ဇူလိုင်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ချီမှာပါ။ ရန်ကုန်မြို့ ရန်ကင်း စင်တာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူကိုယ်တိုင် စာအုပ်တွေမှာ အမှတ်တရ လက်မှတ်ရေး ထိုးပေးသွားမှာလည်း ဖြစ်ပါတယ်။

ဇော်ဂျီ ပြည်သူ့လွှတ်တော် နဲ့ မြန်မာသရီး သမ္မတရုံး




လူတွေနဲ့ဝေးတဲ့နေရာမှာ တည်ရှိတဲ့ ပြည်သူ့လွှတ်တော်ကြီးဟာ အခုတော့ လူတွေနဲ့ အရင်ကထက် ပိုပြီး နီးလာပါပြီ။

လွှတ်တော်အဆောက်အအုံကို နေရာရွှေ့လိုက်လို့မဟုတ်ပါဘူး။ pyithuhluttaw.gov.mm ဆိုပြီး အွန်လိုင်း လုပ်လိုက်လို့ပါပဲ။

ကိုယ်စားလှယ်များ ဆိုတဲ့ခလုပ်ကို နှိပ်လိုက်တော့ ပုံမှာ တွေ့ရတဲ့အတိုင်း ကိုယ်စားလှယ်ကြီးများ ကျားမ မရွေး ခေါင်းပေါင်းစ တလူလူနဲ့ ထွက်လာပါတယ်။

နေပြည်တော်လမ်း လူနာတင်ယာဉ် ရှိလာတော့မယ်

စင်ကာပူက အရေးပေါ် လူနာတင်ကား


စင်ကာပူ ကြက်ခြေနီအသင်းက မြန်မာ ကြက်ခြေနီအသင်းကို ကြက်ခြေနီလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် စင်ကာပူ ဒေါ်လာ ၂.၅ သန်းတန်တဲ့ လာမယ့် ၂ နှစ်တာ ကာလအတွင်း စီမံကိန်း ၆ ခု အတွက် နားလည်မှု စာချွန်လွှာကို ဇူလိုင်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာပါ။
ဓာတ်ပုံ- Htein Lin / Reuters
ဒီစီမံကိန်းအရ ယာဉ် မတော်တဆ ထိခိုက်မှုတွေ အဖြစ်များတဲ့ ရန်ကုန်- နေပြည်တော်အမြန်လမ်းမှာလည်း လတ်တလော ရှေးဦးသူနာပြု ကြက်ခြေနီစခန်းတခု ထားဖို့နဲ့ ဒီလမ်းတလျှောက် အရေးပေါ် လူနာတင်ယာဉ် ၁၀ စီး ကို လည်း လျာထားပါတယ်။ နောက်ပြီး အရေးပေါ် အခြေအနေမှာ အကူအညီပေးရေးနဲ့ သဘာဝ ဘေး အန္တရာယ်ရင်ဆိုင် ရတဲ့အခါ ပူးပေါင်းကူညီဆောင်ရွက်ရေးတွေ အတွက်ပါ။

ဒေးဘစ်ကတ် မြန်မာပြည်မှာ စမ်းသပ်မယ်

ပိုက်ဆံထုပ် မသယ်ဘဲ ဘဏ်ကတ် (ဒေးဘစ်ကတ်) အိတ်ထဲ ထည့်ထားပြီး သွားလာလှုပ်ရှားရတာ ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်

မြန်မာနိုင်ငံ ဗဟိုဘဏ်က အခုအခါ Debit ငွေထုတ်ကတ်တွေကို လာမယ့် ဇူလိုင်လ တတိယ ပတ်က စတင်စမ်းသပ်ပါတော့မယ်။

စမ်းသပ်ကာလ ၁ လ ကို ရန်ကုန်မှာ ရှိတဲ့ ကုန်တိုက်ကြီးတွေမှာ စမ်းသပ်မှု ပြုလုပ်သွားမှာလို့ ဗဟိုဘဏ် အရာရှိတဦး အဆိုအရ သိရပါတယ်။

ATM ကတ်တွေထက် ပိုပြီး လုံခြုံစိတ်ချရတဲ့ Debit ကတ်တွေ အသုံးပြုမှုဟာ အင်တာနက်နဲ့ ချိတ်ဆက် ထားတာမို့ online ရော off line ပါ အသုံးပြုနိုင်ပြီး စမ်းသပ်မှု အောင်မြင်သွားရင်တော့ နိုင်ငံ တ၀ှမ်းလုံး အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါလို့ နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။

ဝန်ထမ်းနဲ့ ရွာခံများ ဆန္ဒပြမှာ ဘယ်မှာလဲ ???



ထီးချိုင့်၊ မောင်းကုန်း


(ဧရာဝတီခရီး သည်)

ထီးချိုင့်မြို့နယ်၊ မောင်းကုန်း စက်ရုံမှ ၀န်ထမ်းများနှင့် ရွာခံများ ဆန္ဒပြမည့်သတင်းထွက်ပေါ်နေ.....

ထီးချိုင့်မြို့နယ်မောင်းကုန်းရွာမှ ရွာခံများနှင့် စက်ရုံဝန်ထမ်းများ ၁၄.၇.၂၀၁၂ရက်နေ့တွင် ဆန္ဒပြပွဲပွဲပြု လုပ်ရန် စာတင်ထားသည်ဟုသတင်းရရှိပါသည်။

အပြောင်းအလဲတော့ ရှိလာပါပြီ... မျက်နှာတွေ ချိုလာကြတယ်...


ကာတွန်း - ဟတ်ကော့www.facebook.com/cartoonhatt.kawt

သက်မွန်မြင့် ရဲ့ MIG 29 တိုက်လေယာဉ်မှူး ဘဝ



သက်မွန်မြင့်နဲ့ MIG 29 တိုက်လေယာဉ် ၊ ဓာတ်ပုံများ- Thet Mon Myint's facebook

အမေရိကန်မှာတော့ အပါချီတိုက် ရဟတ်ယာဉ်နဲ့ တချို့ တိုက်လေယာဉ်တွေဟာ အမျိုးသမီး လေ သူရဲတွေ မောင်းကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးလေသူရဲဆိုတာ အိပ်မက်တောင် မက်ခဲ့ကြတာမဟုတ်ပါဘူး။

ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးလေသူရဲအသွင်နဲ့ မော်ဒယ်၊ သရုပ်ဆောင် ကျော်ငြာ မင်းသမီး သက်မွန်မြင့်ကို အခုလို တိုက်လေယာဉ်မှူးကြီးအဖြစ် မြင်တွေ့ရပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစလား ???



အစိုးရ ၀န်ကြီး ဦးစိုးသိန်းနှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး။ ဓာတ်ပုံ- ကိုကို (စက်မှု)

ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ညက ရန်ကုန်မြို့ ပြည်လမ်းမှာ ရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ်စက်စက် မစ္စတာ ဒဲရက်မစ်ချဲလ်ရဲ့ နေအိမ်မှာ ညစာ စားပွဲ တခု လုပ်ခဲ့တယ်။

အဲဒီ ညစာစားပွဲမှာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ၊၊ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး လူမှုရေး စတဲ့ နယ်ပယ် အသိုင်းအ၀ိုင်းတွေက သူတွေလည်း တက်ရောက်လာကြတယ်။

ညစာစားပွဲကို တက်ရောက်လာကြတဲ့ ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းနဲ့ ၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကိုကြီးတို့ကို ပုံပါအတိုင်း တရင်းတနှီး တွေ့ရလို့ ဦးကိုကို ( စက်မှု) က မှတ်တမ်းတင်ထားလိုက်တာပါတဲ့။

"ကျွန်တော်တို့တတွေ ညီညီညွတ်ညွတ်နဲ့ အောက်ကျနောက်ကျဖြစ်နေတဲ့ ကိုယ့် နိုင်ငံကို ကယ်တင်မြှင့် တင်ကြရအောင်" လို့ ဦးကိုကို က ဆိုထားပါတယ်။
အခု ဓာတ်ပုံထဲကနေ အတိတ်၊ ပစ္စပ္ပန်၊ အနာဂါတ်ကို အတွေးနယ်ချဲ့မိတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ပုံရိပ်နှင့် သူ၏ ဒဿန အမြင်များ



ကန်တော်မင် ပန်းခြံတွင် တရားဟောခဲ့စဉ်


ဗိုလ်ချုပ်နှင့်ဇနီး ဒေါ်ခင်ကြည် မိသားစု

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
၂၀၁၁ ခု ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့

''နှစ်လရာသီ--အခါရာသီ ရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့်--မမေ့သင့်ပါပြီ'' all india ရေဒီယိုမှ မေလှမြိုင်၏ တေးသီချင်း တစ်ပိုင်းတစ်စကို ကြားလိုက်ရသည်။ ဗိုလ်ချုပ်တို့ ကျဆုံးချိန်က ကျွန်တော်မှာ ခြောက်နှစ်၊ခုနစ်နှစ်သားအရွယ် ရောက်နေပါပြီ။ ရွာတွင် လူကြီးမိဘများနှင့် ရဟန်း သံဃာများ မျက်ရည်စက်လက် ဖြစ်နေပုံကို ယခု အနှစ် ၆၀ ကျော်လာသည့်တိုင် ပြန်လည် မြင်ယောင်နေပါသည်။ သို့အတွက် Weekly Eleven မှ တစ်ဆင့် ပြည်သူတို့ တင်ပြရန် ဤဆောင်းပါးကို ရေးရခြင်း ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် (၁၃-၂-၁၉၁၅) နေ့တွင် မကွေးခရိုင် နတ်မောက်မြို့ ရှေ့နေကြီး ဦးဖာ၊ ဒေါ်စု တို့က မွေးဖွားခဲ့သည်။ ဇာတာ အမည် (မောင်ထိန်လင်း) ဖြစ်ပြီး သူ့အစ်ကို ဦးအောင်သန်း အမည်နှင့် လိုက်ဖက်အောင် (အောင်ဆန်း)ဟုပင် ခေါ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှာ မင်းတုန်းမင်းကြီး၏ အမတ်တစ်ဦး ဖြစ်သော ခမ်းပတ်မင်းကြီးနှင့် သမားတော် ဦးကျော်ဇံ၊ တောင်တွင်း ရှင်အဂ္ဂသမာဓိ တို့၏ မျိုးဆက် ဖြစ်ကြောင်း သိရသည်။

"မဟာဂီတမှသည် ဟစ်ဟော့ပ်အထိ ဂီတပညာရှင် လွှတ်တော်အမတ်များ"

မြန်မာနိုင်ငံ လွတ်လပ်ရေးအကြို ကာလ ကနေ ဒီကနေ့ ပါတီစုံ ဒီမိုကရေစီ လွှတ်တော်အထိ ဂီတနယ်က အနု ပညာရှင်လွှတ်တော်အမတ်တွေ အဖြစ် အာဇာနည် ဒီးဒုတ်ဦးဘချိုကနေ ဒီကနေ့ အဆိုတော် ဇေယျာသော် အထိ လတ်တလောစာရေး သူသတိပြုလိုက်မိသမျှ ကတော့အာဇာနည် ဒီးဒုတ်ဦးဘချို ဂီတပညာရှင်၊ လွှတ်တော်အမတ် အာဇာနည် ဦးဘချိုကို ၁၈၉၃ခုနှစ်ဧပြီလ ၂၃ ရက်မှာ ဦးဖိုးစာနဲ့ ဒေါ်မြစ်တို့က မြောင်းမြမြို့ မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။

ငယ်စဉ်က မြောင်းမြမြို့မှာ ပညာသင် ကြားခဲ့ပြီး သတ္တမတန်းနဲ့ ၊၁ဝတန်း စကော လားရှစ်အောင်ပါတယ်။ ဘီအေအထက်တန်း မှာ စာသင်နေဆဲ မျက်စိရောက်ဂါကြောင့် ကျောင်းထွက်ခဲ့ရတယ်။ ၁၉၂ဝမှာ ကျောင်း သားသပိတ်မှာပါဝင်ခဲ့ပြီး ၁၉၂၅မှာ ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေပါတယ်။ ၁၉၃၅မှာ မြန်မာ့ဂီတလောကရဲ့ မှီငြမ်းပြုစာအုပ်ကြီးဖြစ် တဲ့ ဂီတဝိသော ဓနိကျမ်းကြီးကို တည်းဖြတ်ခဲ့ ပါတယ်။ ၁၉၄၃မှာ ဗမာနိုင်ငံတော် အတိုင်ပင် ခံလွှတ်တော်ဖြစ်ခဲ့ပါတယ်။အာဇာနည်ဒီးဒုတ်ဦးဘချို၊ ပြည်လှဖေနဲ့ ဇေယျာသော်တို့ဖြစ်ပါတယ်။

အရင် ဦးထုပ်တစောင်း အခု ခေါင်းပေါင်းနဲ့ ကမ္ဘာပတ်မယ့် မြန်မာ ဆိုကရေးတီး



လွှတ်တော်အမတ် ဦးဖြိုးဇေယျာသိန်း (ခေါ်) ဇေယျာသော် (ဓာတ်ပုံ – Reuters)
တလောက facebook စာမျက်နှာထက်မှာ “အရင်က ဟစ်ပ် ဟော့ပ် အဆိုတော် ဇေယျာသော်၊ အခု လွှတ်တော်အမတ်
ဖြိုးဇေယျာသိန်း (ခေါ်) ဇေယျာသော်” ရဲ့ ၀တ်စားဆင်ယင်မှု စတိုင် အပြောင်းအလဲကို နှိုင်းယှဉ် ပြထားတဲ့ ဓာတ်ပုံ တပုံ တွေ့လိုက်တော့ မစပ်စု သတိရ သွားတာလေးတွေကို ရေးမိချင် ပါတော့တယ်။
ဦးထုပ် နောက်ပြန် ဆောင်းတာကနေ ခေါင်းပေါင်း၊ အင်္ကျီပွပွ အစား စတစ်ကော်လာနဲ့ တိုက်ပုံ၊ ခွ ကျကျ ဘောင်းဘီကနေ လုံချည် သပ်သပ်ရပ်ရပ် ပြောင်းလဲ ဆင်မြန်းလာပြီး ဟစ်ဟော့ပ်အဆိုတော် ဘ၀ကနေ လွှတ်တော်အမတ် ဘ၀ကို ပြောင်းလဲလာတာ ကလည်း မြန်မာနိုင်ငံမှာ သူတဦးတည်းပေကိုး။
“ဟစ်ပ်ဟော့ပ် လောကမှာလည်း ပထမဆုံးလမ်းဖောက်ခဲ့တဲ့ အက်ဆစ် အဖွဲ့ဝင် တဦးလည်း ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့
သက်တမ်း တလျှောက် ပထမဆုံး အဆိုတော်ကနေ အမတ်ဖြစ်တာ သူတယောက်တည်း ဖြစ်တဲ့အတွက် ကျနော်တို့ ဟစ်ပ်ဟော့ပ် လောကသား တယောက်အနေနဲ့ ဂုဏ်ယူပါတယ်” လို့ ဟစ်ပ်ဟော့ပ်အဆိုရှင် ယုန်လေးက ဧရာဝတီကို ပြောပါတယ်။

Saturday, July 14, 2012

မြန်မာနိုင်ငံမှာ မြုပ်နှံမှုအတွက် အမေရိကန် အမတ်တွေက သတိပေး

2012-07-13 အမေရိကန် ပြည်ထောင်စုက ရီပတ်ပလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း (John McCain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမန်း (Joe Lieberman) တို့က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူမှုတချို့ လျှော့ပေးတာကို ကြိုဆိုလိုက်ပေမယ့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ လုပ်ငန်းလုပ်မယ့် ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

(Photo: AFP)
အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အစိုးရတပ်မှ ကလေးစစ်သား ၅ ဦး KIA ထိန်းသိမ်းထား

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ ၁ နှစ်ကျော်ကြာသည် အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ် ကလေးစစ်သား ၅ ဦးအပါအဝင် မြန်မာအစိုးရ တပ်သား ၃၄ ဦးကို KIA ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အစိုးရစစ်တပ်မှ ကလေးစစ်သားတဦး (ဓာတ်ပုံ – ဧရာဝတီ)

ဖမ်းဆီးရသည့် မြန်မာ့တပ်သားများနှင့် ကလေးစစ်သားများကို အစိုးရတပ်များဘက်သို့ အေးချမ်းစွာ ပြန်လည်ပို့ဆောင် ချင်ကြောင်း KIA ဒုတိယ စစ်ဦးစီးမှူး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
“ဒီတပ်သားတွေ အားလုံးကို သူတို့တပ်ရင်း ပြန်ပို့ချင်တယ်။ အေးချမ်းစွာနဲ့ပေါ့။ အဲဒီအထဲမှာ ကလေးစစ်သား တွေလည်းပါ တယ်။ သူတို့ တပ်ကိုပြန်ရောက်အောင်၊ ဘာပြဿနာမှ မဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဦးအောင်သောင်း တို့ကို စာပို့ထားပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန် သေးဘူး” ဟု သူက ဆိုသည်။
ယခုအခါတွင် KIA ထိန်းချုပ်ထားသည့် ကချင်စစ်ပြေး ဒုက္ခသည် စခန်းတခုတွင် ရောက်ရှိနေသော ကလေး စစ်သားတဦး ဖြစ်သည့် မောင်သန့်ဇင်အောင်က “ကျနော် စစ်တပ်ထဲ ၀င်လာတာ ၀ါသနာပါလို့ မဟုတ်ဘူး။ အိမ်နဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ဆင်းလာတော့ ကျနော့် အစ်ကိုဝမ်းကွဲက စစ်တပ်ထဲကို လိုက်ပို့တာပါ။ အဲဒီမှာ စစ်ကျောင်းဆင်းပြီးတာနဲ့ ချက်ချင်း စစ်ပွဲဖြစ်တဲ့ နေရာကို စစ်လာ တိုက်ခိုင်းတယ်။ ကျနော် သေနတ်မကိုင်ချင်ဘူး၊ စစ်မတိုက်ချင်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဖြူဖြူကျော်သိန်း ယာဉ်တိုက်မှုဖြစ်ပွား

ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမားများ အဖမ်းခံရ

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် အတွင်း အသိမ်းခံ လယ်မြေများတွင် ဝင်ရောက် ထွန်ယက်နေသည့် အလုပ်သမားများ (ဓာတ်ပုံ – Civil & Political Rights Campaign Group)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်တောင်းမြို့အတွင်း သိမ်းယူခံထားရသော လယ်မြေများတွင် လယ်ပြန်စိုက်ခွင့် ရရှိရန်
ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမား ၇ ဦး ယနေ့နံနက်တွင် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
အဆိုပါ လယ်သမားများကို နံနက် ၁၀ နာရီခန့်က ပန်းတောင်းမြို့နယ် တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၃ က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံရ သူများမှာ ဆင်တဲကျေးရွာအုပ်စု ရွာသစ်ကုန်း ကျေးရွာမှ လယ်သမား ၅ ဦးနှင့် ပုတီးတော ကျေးရွာမှ လယ်သမား ၂ ဦးတို့ဖြစ်ကြောင်း ဒေသခံ လယ်သမား တဦးက ပြောသည်။

ဂျကာတာမြို့ မြန်မာသံရုံးရှေ့မှာ မွတ်စလင် အဖွဲ့ဝင်တွေ ဆန္ဒပြ

2012-07-13 မနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ သဘောထား တင်းမာသူ မွတ်စလင် အဖွဲ့ဝင်တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစ္စလာမ် ကာကွယ်ရေးတပ်ဦး (FPT) နဲ့ (JAT) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ကိစ္စ ရပ်ဆိုင်းရေးဆိုပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၇-၂၀၁၂ )

- ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမားများ အဖမ်းခံရ click
- လယ်သမား ၇ ဦးကို စစ်တပ်က ဖမ်းဆီး click
- ကုလသမဂ္ဂ ၀န်ထမ်းတချို့ တရားစွဲခံရ click
- ဗကသအဖွဲ့ဝင်တွေရဲ့ မိဘတွေ ထောက်လှမ်းရေးက ဖိအားပေး click
- မီးရထား အခြေခံအလုပ်သမားအဖွဲ့အစည်း စတင်ထူထောင် click
- မြန်မာနိုင်ငံမှာ မြှုပ်နှံမှုအတွက် အမေရိကန်အမတ်တွေက သတိပေး click
- ပိတ်ဆို့မှုရုပ်ရေး မည်သူမဆို ဆောင်ရွက်ပေးရန် လွှတ်တော်က သဘောတူ click
- ပိတ်ဆို့မှုရုပ်သိမ်းပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် click
- သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီး ကလင်တန်တွေ့ click
- သမ္မတ ဦးသိန်းစိန်နဲ့ ကလင်တန် တွေ့ဆုံ click
- မစ္စစ် ကလင်တန်နဲ့ ဦးသိန်းစိန် ဆွေးနွေး click
- အမေရိကန် ကုန်သွယ်ရေးအဖွဲ့ မြန်မာပြည် လာမည် click
- မြန်မာကို ကူညီဖို့ IMF ရုံးဖွင့် click
- ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲ click
- ရခိုင်ပြည်နယ်အရေး အင်န်ဂျီအိုများ မစွက်ဖက်ရန် ဥရောပမြန်မာများ ထုတ်ပြန် click
- အရင် ဦးထုပ်တစောင်း အခု ခေါင်းပေါင်းနဲ့ ကမ္ဘာပတ်မယ့် မြန်မာ ဆိုကရေးတီး click
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များရဲ့ ကချင်ပြည်နယ်ခရီးစဉ် (ရုပ်သံ) click
- မှတ်မှတ်သားသား စကားများ (ရုပ်သံ) click
- လူကုန်ကူးမှု တားဆီးရေး အလုပ်ရုံဆွးနွေးပွဲ (ရုပ်သံ) click
- ပြည်သူ့ခေတ်ဂျာနယ် ၂ နှစ်ပြည့် အခမ်းအနား (ရုပ်သံ) click
- လူ့စည်းကမ်းနှင့် လမ်းစည်ကမ်း (ဆောင်းပါး) click
- သမ္မတကြီးကို ငြိုငြင်အောင် မလုပ်နဲ့ … (ကာတွန်း) click
- ဟောဒီက ပေါပေါလေး၊ ပေါပေါလေး … မြန်မာပြည်မှာပဲ ရတယ် (ကာတွန်း) click
- ဆီးရီးယားမှာ လူ ၂၀၀ ကျော် အသတ်ခံရ click
- အာဆီယံအစည်းအဝေး ပူးတွဲကြေညာချက် မထုတ်နိုင် click
- တောင်တရုတ်ပင်လယ်အရေး အာဆီယံ သဘောထားကွဲ click
- ထိုင်းဖွဲ့စည်းပုံ ပြင်ဆင်ရေး click
- ဇူလိုင် ၁၃ တမိနစ် သတင်းဗီဒီယို click
- စီးပွားရေးသုံးသပ်ချက် (အသံ) click

မီးရထား အခြေခံအလုပ်သမား အဖွဲ့အစည်း စတင်ထူထောင်




2012-07-13

ရန်ကုန်တိုင်း အင်းစိန် မီးရထားစက်ခေါင်း စက်ရုံ အလုပ်သမား (၆၀) ကျော် စုပေါင်းပြီး မီးရထားအခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းထူထောင်ခွင့် ရရှိပြီးနောက်ပိုင်း အစိုးရဝန်ထမ်း အလုပ်သမားတွေ ကိုယ်တိုင် ပထမဆုံး ထူထောင်လိုက်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဘယ်လမ်းရွေးမလဲ. . . KIA

KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာ အကြိမ်ကြိမ်ရှိနေပါပြီ။ လဂျားယန်၊ မိုင်ဂျာယန်နဲ့ ရွှေလီတို့မှာပါ ဆွေးနွေးခဲ့ပြီး သိရသလောက် စုစုပေါင်း  ၁၀ ကြိမ်လောက်ရှိပါတယ်။ အစိုးရကိုယ်စားလှယ်က မိုင်ဂျာယန်အထိ လိုလိုလားလားနှင့် လာဆွေးနွေးခဲ့တယ်။ အခုချိန်ထိ တိကျသေချာတဲ့ ရလဒ် ဘာတစ်ခုမှရတာ မကြားသေးဘူး။ KIA ခေါင်းဆောင်ပိုင်းတွေက ယုံကြည်မှုတည်ဆောက်မယ်လို့ လူကြားကောင်းအောင် ပြောနေပေမယ့် ဒါဟာ နိုင်ငံတကာ အမြင်မှာ ငြိမ်းချမ်းရေးလိုလားသယောင် အသံကောင်းဟစ်တဲ့ သဘောပါပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ အခြားတစ်ဘက်မှာတော့ KIA ဟာ စစ်ရေးတိုက်ခိုက်မှုတွေကိုပဲ တိုးမြှင့် ဆောင်ရွက်နေခဲ့တယ်။
ဒီနေ့ခေတ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်နိုင်ငံမှ လက်မခံတော့ပါဘူး။ ခေတ်နောက်ပြန် KIA ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ လမ်း၊တံတား၊တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာတွေ၊ ကလေး/လူကြီး/ယောက်ျား/မိန်းမ မရွေး  အတင်းအဓ္ဓမ လူသစ် စုဆောင်းတာတွေ၊ အဆမတန် ဆက်ကြေးကောက်ခံတာတွေနဲ့ အဆိုးဆုံးကတော့ ဒေသခံတွေကို ရက်တို လက်ပူတိုက် သင်တန်းပေးပြီး မိုင်းထောင်ခိုင်းလို့ သေကြေ ဒဏ်ရာရခဲ့တာတွေကြောင့် KIA ဟာ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတစ်ရပ်ဆိုတာ ပီပီပြင်ပြင် မြင်သာ လာပါတော့တယ်။
ဒါတွေကြောင့် တရုတ်-မြန်မာနယ်စပ်  စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးဖြစ်သူ ကိုအောင်ကျော်ဇောက KIA နဲ့ပတ်သက်ပြီး “ဒီလိုလုပ်ရပ်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ မကြာခင် ပြိုကွဲပျက်စီးတော့မယ့် သဘောဆောင်နေပါတယ်။ အထက်နဲ့အောက် ကြားမှာ မကျေလည်မှု အစိုင်အခဲတွေကြီးမားလာတဲ့အတွက် လာမယ့် ၄ လနဲ့ ၆ လကြားမှာ KIA တပ်ဖွဲ့အတွင်း အချင်းချင်း ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေကို လက်အောက်ငယ်သားတွေက လိုလားလက်ခံလိုခြင်း လုံးဝမရှိတော့သလို ဒေသခံကချင်တိုင်းရင်းသားတွေအနေနဲ့ကလည်း ရွံကြောက်ဖြစ်နေပါတယ်။ KIA ဟာ ဒီလိုဆုံးရှုံးမှုတွေရှိနေပေမယ့် တစ်ဘက်ကလည်း မျောက်ပြဆန်တောင်းတာတွေ လုပ်နေပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်နေရသူတွေကိုအသုံးချပြီး ငွေရှာတဲ့ အလုပ်ကိုလည်း လုပ်လာပါတယ်။ 
ဒုက္ခသည်တွေကို တစ်နေရာမှာစု၊ စာရင်းပြုပြီးကြော်ငြာ၊ ကူပါကယ်ပါဗျာ ဆိုပြီး သူတောင်းစားလိုအော်၊ ရတဲ့ဒေါ်လာကို တရုတ်ဘက်မှာ တိုက်ဆောက်၊ ဒီလောက်ဆို KIA ဘာကြောင့် အပစ်မရပ်တာလဲဆိုတဲ့အဖြေ ရေရေရာရာ တွေ့နိုင်ပါပြီ။
သူတောင်းစား ဇောင်းဟရား ဦးစီးပြီး ဂိုဏ်းခေါင်းဆောင် ဂမ်ရှောင် တို့ရဲ့ အဖွဲ့ကို KIA ဆိုတဲ့နာမည်အစား “သူတောင်းစားဂိုဏ်း” လို့သာ နာမည်ပြောင်းပေးချင်ပါတော့တယ်။
KIA ခေါင်းဆောင်တွေက မြို့ပေါ်မှာရှိတဲ့ ဘာသာရေး တရားဟောဆရာ၊ သိက္ခာတော်ရ ဆရာတွေကိုလည်း စစ်တပ်ကလာတိုက်လို့သာ ပြန်လည်ခုခံတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KIA ဘက်ကရပ်တည်ပြီး မီဒီယာတွေကိုပြောဖို့ အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်။ ဒုက္ခသည်စခန်းရဲ့ အကာအကွယ်နဲ့ နေနေတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရရင်လည်း ပြန်လွတ်အောင် နည်းမျိုးစုံသုံးလုပ်ဆောင်ဖို့ မှာကြားထားတယ်လို့လည်း သိရတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော် ဦးဆောင်ပြီး မြစ်ကြီးနားမြို့တွင်း စီတန်းလှည့်လည်မှု ပြုလုပ်ရာမှာ ဒုက္ခသည်စခန်းကလူတွေ ဆန္ဒပြတယ်လို့ ပြောပေမယ့် အမှန်စင်စစ် ဒုက္ခသည် ၃၀ လောက်ပဲပါတယ်။ ကျန်တာတွေက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းကို ဖခင်တစ်ဦးဖြစ်သူ ဦးမရမ်ထွယ်ဝါက အခုလိုပြောပြပါတယ်။

My Blog List