Sunday, July 15, 2012
ဒေါ်အောင်ဆနိးစုကြည်၏ ပြတ်ပြတ်သားသား ဖြေခဲ့တဲ့ ရိုဟင်ဂျာ ပြဿနာ
ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )
မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။
ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။
နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။
ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။
ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။
မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။
ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။
ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။
( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )
မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။
ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။
နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။
ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။
ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။
မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။
ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။
ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။
( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )
ဒေါင်းမာန်ဟုန်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment