Sunday, July 15, 2012
သူရ ဦးရွှေမန်းရဲ့ သမီး အတု ရန်ကုန်မှာ ဖမ်းမိ
ကြံကြံဖန်ဖန် သတင်းတော့ မဟုတ်ပါ။ အခုအချိန်မှာ ထူးဆန်းတာတွေလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ ပါတယ်။ အခု ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရဲ့ သမီး အတု အကြောင်းပါ။
အခုတော့ သမီး အတုမှန်းသိလို့ ကမာရွတ်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလိုက်နေတဲ့အကြောင်း ပြည်တွင်း Messenger News Journal ရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ သတင်းတခုမှာ ပါလာပါတယ်။
သူရ ဦးရွှေမန်းရဲ့ သမီးအရင်း လို သူ့ကိုယ်သူ ( ဒေါက်တာ) မရွှေမန်းကိုကို ဆိုတဲ့ အမည်နဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ် ၁၂/လမန(နိုင်)ဝ၈ဝဝ၆၈ ကို သူက ကိုင်ဆောင်ထားပါတယ်။ ဒါနဲ့ အတူ လိုင်စင်မဲ့ ပါဂျဲရိုး ကားတစီး စတဲ့ ပစ္စည်းတွေနဲ့ သမီးအတုကို ဖမ်းဆီးရမိတာပါတဲ့။
သမီး အတုဆိုသူက မမြင့်သူဇာခိုင် (ခ) အငယ်လေး (ခ ) ရွှေမန်း ကိုကို (၂၄)နှစ် ဖြစ်ပြီး တိုက်(ဂျီ) အခန်း(၂)၊ ရွှေပုန်းညှက် ရိပ်မွန်အိမ်ရာ၊ (၄) ရပ်ကွက် ၊ ကမာရွတ်မြို့နယ်မှာ နေထိုင်နေတာပါ။ သူ့နေတဲ့ တိုက်ခန်းတွင်းက သက်သေပစ္စည်းတွေနဲ့ တကွ သိမ်းဆည်းရမိလို့ လိမ်လည်မှုနဲ့ တရားစွဲ ထားပါတယ်တဲ့ ။
တကယ်တော့ သူကလည်း သူများ ခိုင်းတာ လုပ်ရတာပါတဲ့။ သူ့ကို သူရ ဦးရွှေမန်းရဲ့ သမီး ဒေါက်တာ ရွေမန်းကိုကို အဖြစ် ကြည့်မြင်တိုင်က အသက် ၃၆ နှစ်ရှိတဲ့ ရဲအောင် ခေါ် ရဲဇော်အောင် က ခိုင်းတာပါ တဲ့။
ဂူဂဲလ်မှာ လိုက်ရှာကြည့်တော့ ရွှေမန်းကိုကို ဆိုတာ ဦးရွှေမန်းရဲ့ မိသားစုဝင်တဦး ဖြစ်ပါတယ်။
လိမ်တဲ့သူတွေကလည်း အတည်ပေါက် လိမ်တတ်သားပဲ လို့ ယူဆရပါတယ်။ သို့သော်လည်း ရွှေမန်းကိုကိုဆိုတာ အမျိုးသမီးတယောက်ရဲ့ နာမည် မဟုတ်ဘဲ ဦးရွှေမန်းရဲ့ သားတယောက်နာမည် ဖြစ်နေကြောင်းကိုတော့ လိမ်တယ်ဆိုတဲ့သူတွေ သိသွားဟန် မတူဘူးလို့ ယူဆရပါတယ်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment