Sunday, July 15, 2012
အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစလား ???
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ညက ရန်ကုန်မြို့ ပြည်လမ်းမှာ ရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ်စက်စက် မစ္စတာ ဒဲရက်မစ်ချဲလ်ရဲ့ နေအိမ်မှာ ညစာ စားပွဲ တခု လုပ်ခဲ့တယ်။
အဲဒီ ညစာစားပွဲမှာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ၊၊ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး လူမှုရေး စတဲ့ နယ်ပယ် အသိုင်းအ၀ိုင်းတွေက သူတွေလည်း တက်ရောက်လာကြတယ်။
ညစာစားပွဲကို တက်ရောက်လာကြတဲ့ ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းနဲ့ ၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကိုကြီးတို့ကို ပုံပါအတိုင်း တရင်းတနှီး တွေ့ရလို့ ဦးကိုကို ( စက်မှု) က မှတ်တမ်းတင်ထားလိုက်တာပါတဲ့။
"ကျွန်တော်တို့တတွေ ညီညီညွတ်ညွတ်နဲ့ အောက်ကျနောက်ကျဖြစ်နေတဲ့ ကိုယ့် နိုင်ငံကို ကယ်တင်မြှင့် တင်ကြရအောင်" လို့ ဦးကိုကို က ဆိုထားပါတယ်။အခု ဓာတ်ပုံထဲကနေ အတိတ်၊ ပစ္စပ္ပန်၊ အနာဂါတ်ကို အတွေးနယ်ချဲ့မိတယ်။
ရခိုင်ပြည်နယ် ခရီးစဉ်က ညနေပိုင်းကမှ ပြန်ရောက်လာတဲ့ ကိုကိုကြီးနဲ့ အတူ အခုလို အစိုးရ ၀န်ကြီးနဲ့တွေ့ ဆုံစဉ်မှာ ခရီးစဉ်အတွင်းက အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး အစိုးရ ၀န်ကြီး တဦးကို ပြန်လည် မျှဝေ ပေးနိုင် ရင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်အတွက် နမိတ်လက္ခဏာတွေ အဖြစ် ရှု့မြင်မိပါတယ်။
တချိန်ကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေကို စစ်သား အများစုက ရန်သူတွေလို သဘောထားပြီး အကျဉ်းထောင်တွေထဲ နှစ်ရှည်လများ ထားရစ်ခဲ့ကြပေမယ့် ဒီကျောင်းသားတွေက နိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသား အကျိုးကိုသာကြည့်ပြီး အဃာတ မထားဘဲ အတိတ်က အနာဖေးခွာတာတွေ ရှောင်၊ အနာဂတ်ကို မျက်နှာမူပြီး ပစ္စုပ္ပန်မှာ လက်တွေ ကောင်းအောင်ဖော်ဆောင်နေသူတွေလည်းဖြစ်ပါတယ်။
တချိန်က စစ်ထောက်လှမ်းရေးဟောင်း တဦးက ပြောဖူးပါတယ်။ ဒီ ကျောင်းသားတွေသာ ပြဿနာ မရှာခဲ့ရင် ၈၈ ခုနှစ်မှာ စစ်တပ်ဆိုတာ အာဏာ နေရာကို တိုက်ရိုက် ရလာစရာ အကြောင်းမရှိဘဲ အာဏာရှင် ဦးနေ၀င်းနဲ့ မဆလတွေ အရှုပ်အထုပ်တွေကို ရှင်းနေရအုံးမယ်တဲ့။
ကျောင်းသားတွေကပဲ ပြဿနာ ရှာပေးလို့ သူတို့ နေရာရတယ်ဆိုဘဲ။ နောက်တော့ စစ်ထောက် လှမ်းရေး တွေ လည်း ဖမ်းဆီးထောင်ကျတာတွေ ဖြစ်လာခဲ့ပြီး အကျဉ်းထောင်တွေထဲ ရောက်တော့ ဒီကျောင်းသားတွေကဘဲ သူတို့ကို ဖေးမ စောင့်ရှောက်ခဲ့ကြတယ်။ ရန်သူတွေလို သဘောမထားခဲ့ကြဘူး။
တဖက်သတ်ခွင့်လွှတ်ပေးခဲ့ကြတဲ့ ပေးဆပ်မှုများစွာနဲ့ ဒီကျောင်းသားတွေနဲ့ အခိုလို အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်ခရီးမှာ အစိုးရ ၀န်ကြီးတဦးနဲ့ တချိန်က နိုင်ငံရေးအကျဉ်းသားဟောင်း ကျောင်း သား ခေါင်းဆောင်တို့ အတူပြုံးရွင်စွာတွေ့ရခြင်းက မြန်မာပြည်အတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေး လာနိုင်ပါစေလို့ ဆုတောင်းမိတယ်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment