Sunday, July 15, 2012
GE ဆေးရုံသုံး ပစ္စည်း အရောင်းအဝယ် စာချုပ်ချုပ်
ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိသော အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီ အစည်းအဝေးနှင့် တိုက်ဆိုင်လျက် အမေရိကန်နိုင်ငံမှ GE အမှတ်တံဆိပ် ခေတ်မီ ရောဂါ ရှာဖွေရေးနှင့် ကုသရေး စက်ပစ္စည်းများ ဝယ်ယူခြင်းအတွက် GE Healthcare ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်သော Sea Lion Co., Ltd. နှင့် ယင်းပစ္စည်းများကို ဝယ်ယူအသုံးပြုသည့် ဗဟိုရ် စည်ဆေးရုံနှင့် ပန်းလှိုင်ဆေးရုံတို့ အရောင်းအဝယ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ယနေ့ညနေတွင် ကျင်းပရာ အမေရိကန် စီးပွားဖွံ့ဖြိုးရေး၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Robert Hormats၊ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Mr. Francisco Sanchez၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဗဟိုရ်စည် ဆေးရုံမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဦးကျင်ထွန်းနှင့် နာယက အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ ဒေါ်သိန်းသိန်းမြင့်တို့က လည်းကောင်း။ ပန်းလှိုင် ဆေးရုံကိုယ်စား SPA/ FMI Co., Ltd. ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့် ဆေးရုံအုပ်ချုပ်ရေးမှူး ဒေါက်တာ ရဲမိုးမြင့်တို့က လည်းကောင်း၊ Sea Lion Co., Ltd. ကိုယ်စား အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဝင်းဇော်အောင်က လည်းကောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ ကြသည်။
“အမေရိကန်နဲ့ မြန်မာ ဆယ်စုနှစ် နှစ်စု အကြားမှာ ကျန်းမာရေး ဝန်ဆောင်မှုအတွက် ပထမဦးဆုံး သဘောတူ စာချုပ်လို့ ပြောလို့ ရပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍဟာ ဝါရှင်တန် အစိုးရရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်သလို မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးတဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ် ” ဟု သက်တမ်း ၂၂ နှစ်အတွင်း ပထမဦးဆုံး အမေရိကန် သံအမတ်သစ် ဖြစ်လာသူ Mr. Derek Mitchell က ဆိုသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment