Tuesday, March 03, 2020

ချမ်းအေးသာစံမြို့နယ်၊ ရပ်ကျေးဥက္ကဋ္ဌအား အခြားပါတီကို ကူးပြောင်းသည်ဟုဆိုကာ NLD ပါတီမှ ထုတ်ပယ်

Image may contain: 3 people, people standing, child and indoor

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါကျေးရွာမှ NLDပါတီ ရပ်ကျေး ဥက္ကဋ္ဌဆိုသူကို ပါတီမှ နှုတ်ထွက်ခြင်းမရှိဘဲ အခြားပါတီသို့ ကူးပြောင်းသည်ဟုဆိုကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပယ်ခံရသည့်ကာယကံရှင်၏ ပြောဆိုချက်အရ ယနေ့ မတ်လ ၃ ရက်နေ့တွင် သိရှိရသည်။

ထုတ်ပယ်ခံရသည့် ကာကံရှင်အနေဖြင့်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ ထုတ်ပယ်ခြင်းမခံရမှီအထိ ပါတီလုပ် ငန်းများကိုသာ ဆောင်ရွက်ခြင်းရှိခဲ့ပြီး ၎င်းအနေဖြင့် အခြားပါတီသို့ ကူးပြောင်းခြင်းမရှိသည့်အပြင် ယခုကဲ့ ပါတီဝင်အဖြစ်မှ ရပ်နားခြင်းကိစ္စနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးခြင်းများကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိပဲ ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်လိုတော့ မဖြစ်စေချင်တာရယ်။ ကျွန်တော်တို့ စစ်အာဏာရှင်စနစ်မှာတုန်းကတောင် အရေးယူခံရတဲ့ အခါမှာ ခေါ်ယူစစ်ဆေးပြီးတော့ တရားသူကြီး စစ်ဆေးမေးမြန်းပြီးတော့မှ ထောင်ချတာ။ အခုကျတော့မှ ကျွန် တော်ကို ဘာမှမပြောပဲနဲ့ အရေးယူခြင်းခံရတဲ့အခါကျတော့ ကျွန်တော်အနေနဲ့ စိတ်ထဲတော့ မကောင်းဘူး” ဟု ကာယကံရှင်ဖြစ်သူ ဦးချစ်ရင်က ပြောသည်။ လက်ရှိတွင် ၎င်းအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းကိစ္စနှင့်ပတ်သက်၍ ပါတီဌာနချုပ်အား အယူခံဝင်သွားမည်မဟုတ်ပဲ ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည့်စာအတိုင်းသာ ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း“ ၎င်းကဆိုသည်။
ကျွန်တော်က မတင်တော့ပါဘူးဗျ (အယူခံ) အဲ့ဒီအတိုင်းပဲနေသွားတော့မယ် ကျွန်တော် အသက်က ၅၀ လောက်ရှိနေပြီ။ ကျွန်တော်အနေနဲ့ ပထမကြားတာကတော့ ပါတီမှ အလုပ်မလုပ်လို့ဆိုပြီးတော့ ထုတ်တယ် ကျွန်တော်အနေနဲ့ကတော့ ကိုယ်လုပ်မယ့်တာဝန်ကတော့ ကျေအောင်လုပ်ခဲ့ပါတယ်” ဟု ဦးချစ်ရင်က ပြော သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၈ ခုနှစ် မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဗဟိုအဆင့်တာဝန်ရှိသူများကို အရေးယူခြင်းနှင့် ပါတီတာဝန်များမှ ရပ်ဆိုင်းခြင်းများကို ပြုလုပ်လာပြီး ယင်း အနက် အထင်ရှားဆုံးလူပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ပါတီသုသေသနအဖွဲ့အတွင်းရေးမှူး ဒေါက်တာ မျိုးရန်နောင်သိမ်းအထိ ပါဝင်သည်။
No photo description available.
ref-PeopleMedia
>>Zawgyi<<
ချမ်းအေးသာစံမြို့နယ်၊ ရပ်ကျေးဥက္ကဋ္ဌအား အခြားပါတီကို ကူးပြောင်းသည်ဟုဆိုကာ NLD ပါတီမှ ထုတ်ပယ်
Tuesday , March 3 , 2020

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါကျေးရွာမှ NLDပါတီ ရပ်ကျေး ဥက္ကဋ္ဌဆိုသူကို ပါတီမှ နှုတ်ထွက်ခြင်းမရှိဘဲ အခြားပါတီသို့ ကူးပြောင်းသည်ဟုဆိုကာ ပါတီဝင်အဖြစ်မှ ထုတ် ပယ်လိုက်ကြောင်း ထုတ်ပယ်ခံရသည့်ကာယကံရှင်၏ ပြောဆိုချက်အရ ယနေ့ မတ်လ ၃ ရက်နေ့တွင် သိရှိရသည်။
ထုတ်ပယ်ခံရသည့် ကာကံရှင်အနေဖြင့်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ ထုတ်ပယ်ခြင်းမခံရမှီအထိ ပါတီလုပ် ငန်းများကိုသာ ဆောင်ရွက်ခြင်းရှိခဲ့ပြီး ၎င်းအနေဖြင့် အခြားပါတီသို့ ကူးပြောင်းခြင်းမရှိသည့်အပြင် ယခုကဲ့ ပါတီဝင်အဖြစ်မှ ရပ်နားခြင်းကိစ္စနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးခြင်းများကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိပဲ ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်လိုတော့ မဖြစ်စေချင်တာရယ်။ ကျွန်တော်တို့ စစ်အာဏာရှင်စနစ်မှာတုန်းကတောင် အရေးယူခံရတဲ့ အခါမှာ ခေါ်ယူစစ်ဆေးပြီးတော့ တရားသူကြီး စစ်ဆေးမေးမြန်းပြီးတော့မှ ထောင်ချတာ။ အခုကျတော့မှ ကျွန် တော်ကို ဘာမှမပြောပဲနဲ့ အရေးယူခြင်းခံရတဲ့အခါကျတော့ ကျွန်တော်အနေနဲ့ စိတ်ထဲတော့ မကောင်းဘူး” ဟု ကာယကံရှင်ဖြစ်သူ ဦးချစ်ရင်က ပြောသည်။ လက်ရှိတွင် ၎င်းအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းကိစ္စနှင့် ပတ် သက်၍ ပါတီဌာနချုပ်အား အယူခံဝင်သွား မည်မဟုတ်ပဲ ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည့်စာအတိုင်းသာ ဆက် လက်နေထိုင်သွားမည်ဖြစ်ကြောင်း“ ၎င်းကဆိုသည်။
ကျွန်တော်က မတင်တော့ပါဘူးဗျ (အယူခံ) အဲ့ဒီအတိုင်းပဲနေသွားတော့မယ် ကျွန်တော် အသက်က ၅၀ လောက်ရှိနေပြီ။ ကျွန်တော်အနေနဲ့ ပထမကြားတာကတော့ ပါတီမှ အလုပ်မလုပ်လို့ ဆိုပြီးတော့ ထုတ်တယ် ကျွန်တော်အနေနဲ့ကတော့ ကိုယ်လုပ်မယ့် တာဝန်ကတော့ ကျေအောင်လုပ်ခဲ့ပါတယ်” ဟု ဦးချစ်ရင်က ပြော သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၈ ခုနှစ် မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဗဟိုအဆင့်တာဝန်ရှိသူများကို အရေးယူခြင်းနှင့် ပါတီတာဝန်များမှ ရပ်ဆိုင်းခြင်းများကို ပြုလုပ်လာပြီး ယင်း အနက် အထင်ရှားဆုံးလူပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ပါတီ သုသေသနအဖွဲ့အတွင်းရေးမှူး ဒေါက်တာ မျိုးရန်နောင်သိမ်းအထိပါဝင်သည်။



ref-PeopleMedia

No comments:

Post a Comment

My Blog List