Friday, March 06, 2020

မြဝတီနယ်စပ်မြို့တွင် ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦး ရိုက်နှက်ခံခဲ့ရသည် ဟု သတင်းထောက်များအား ပြောကြား

Image may contain: 2 people, outdoor, text that says 'Frontier Myanmar Naw Betty Han The Myanmar Times Mar Naw'
မြဝတီနယ်စပ်မြို့တွင် ဖမ်းဆီးခံရသည့် ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရိုက်နှက်ခြင်းများ ခံရသည်ဟု သတင်းထောက်များက ပြောကြားသည်။မြဝတီနယ်စပ်မြို့တွင် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတင်းလာယူသော ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ယောက်မှာ နယ်စပ်သဲပုံဆိပ် ဂိတ်အနီးတွင် သတင်းဓာတ်ပုံ ရိုက်ယူခဲ့ခြင်းကြောင့် မတ် ၄ ရက်ညနေ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသူ သတင်းထောက်နှစ်ဦးမှာ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ သတင်းထောက် နော်ဘက်တီဟန်နှင့် မြန်မာတိုင်းမ် သတင်းစာ ဓာတ်ပုံသတင်းထောက် ကိုမာနော်တို့ဖြစ်ကြောင်း သိရသည်။

Frontier Myanmar မဂ္ဂဇင်းသတင်းထောက် မနော်ဘယ်တီဟန်က “တာဝန်ခံဆိုတဲ့သူက ကင်မရာထဲက ဓာတ်ပုံတွေ ဖျက်ခိုင်းတယ်။ ညီမတို့က ဓာတ်ပုံဖျက်ပြီးရင် ပြန်ရမယ် ထင်တာပေါ့။ မဟုတ်ဘူး၊ ကားတစ်စီးနဲ့ ခေါ်သွားတယ်။ ဟိုရောက်တော့ အကုန်သိမ်းလိုက်ပြီး ဖုန်းလည်းဆက်မရသေးဘူး။ အချုပ်ခန်းလို နေရာမှ ာထားတယ်။ တစ်ယောက်တစ်နေရာဆီ။ ညီမကို လက်ထိပ်နောက်ပြန် ခတ်ထားပေမယ့် ရိုက်တာတော့ မရှိဘူး၊ ယောကျ်ားလေးဖြစ်တဲ့ သူ့ကိုတော့ ရိုက်နှက်တာတွေရှိတယ်။ ညီမတို့က ဓာတ်ပုံမရိုက်ရဘူးဆိုတာလည်း မသိဘူးလေ။

နယ်စပ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့ သတင်းလာလုပ်တာပါ။ ညီမတို့ကို စစ်ပြီးတော့ ရိုက်တဲ့သူက ညီမကိုတော့ သေနတ်နဲ့ချိန်ထားတယ်။ စစ်ဝတ်စုံ၊ BGF ဝတ်စုံဝတ်ထားတယ်။ ဖမ်းတဲ့အကြောင်းကိုမေးတော့ စစ်စခန်းကို ဓာတ်ပုံရိုက်လို့ ဖမ်းတာလို့ပြောတယ်။ ဒါပေမဲ့ သမီးတို့ ဓာတ်ပုံရိုက်တဲ့နေရာက စစ်စခန်းတော့ မဟုတ်ပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ပါ” ဟု ဆိုသည်။

မြန်မာတိုင်းမ်သတင်းစာ၏ ဓာတ်ပုံသတင်းထောက် ကိုမာနော်က “တာဝန်ခံဆိုတဲ့သူက ကားအမည်းနဲ့ တောထဲကိုခေါ်သွားတယ်။ ဟိုရောက်တော့ စစ်တယ်။ မေးတယ်။ ကန်တယ်။ နှာခေါင်းက သွေးယိုတယ်။ နှာခေါင်းရိုးကျိုးသွားတယ်လို့ထင်ပါတယ်။ ကျွန်တော့်ကို ထပ်မလုပ်ဖို့ တောင်းပန်ပါတယ်။ ချက်ကောင်းထိတာတော့ မျက်နှာရယ်၊ နှာခေါင်းရိုးရယ်၊ ဇက်ပိုးရယ် ထိတာပေါ့” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဗိုလ်မှူးနိုင်မောင်ဇော်က “ဒီကိစ္စကို ဆင့်ကဲဆင့်ကဲတင်ပြပြီး ချက်ချင်းစုံစမ်းစစ်ဆေးရေးတွေ ဖွဲ့ပါတယ်။ နယ်ခြားစောင့်တပ် BGF ဖမ်းထားတယ်လို့ သတင်းထွက်တဲ့အပေါ်မှာ ပြောချင်တာကတော့ BGF ရဲ့ အခန်းကဏ္ဍဆိုရင် ဗဟိုဌာနချုပ်က ညွှန်ကြားချက်နဲ့ပါမှ BGF ရဲ့လုပ်ဆောင်ချက်လို့ ပြောလို့ရပါ တယ်။

BGF တပ်တစ်ခုလုံးကို ကိုယ်စားပြုတာတော့ မဟုတ်ဘူး။ တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂလိက ဆန္ဒနဲ့လုပ်ဆောင်ခြင်းသာ ဖြစ်တယ်။ ပတ်သက်ကျူးလွန်ခဲ့တဲ့သူကိုလည်း ဖော်ထုတ်ထိန်းသိမ်းထားတယ်။ ဒါကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အထက်က ညွှန်ကြားထားပါပြီ။ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု သတင်းမီဒီယာများအား ပြောကြားသည်။

အဆိုပါ သတင်းထောက်နှစ်ဦးမှာ မတ် ၄ ရက်တွင် စတင်ဖမ်းဆီးခံရခြင်းဖြစ်ပြီး မတ် ၅ ရက် ညနေပိုင်းမှသာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ref-eleven
>>Zawgyi<<
မြဝတီနယ်စပ်မြို့တွင် ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦး ရိုက်နှက်ခံခဲ့ရသည် ဟု သတင်းထောက်များအား ပြောကြား
Friday , March 6 , 2020
မြဝတီနယ်စပ်မြို့တွင် ဖမ်းဆီးခံရသည့် ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရိုက်နှက်ခြင်းများ ခံရသည်ဟု သတင်းထောက်များက ပြောကြားသည်။မြဝတီနယ်စပ်မြို့တွင် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတင်းလာယူသော ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ယောက်မှာ နယ်စပ်သဲပုံဆိပ် ဂိတ်အနီးတွင် သတင်းဓာတ်ပုံ ရိုက်ယူခဲ့ခြင်းကြောင့် မတ် ၄ ရက်ညနေ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူ သတင်းထောက်နှစ်ဦးမှာ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ သတင်းထောက် နော်ဘက်တီဟန်နှင့် မြန်မာတိုင်းမ် သတင်းစာ ဓာတ်ပုံသတင်းထောက် ကိုမာနော်တို့ဖြစ်ကြောင်း သိရသည်။

Frontier Myanmar မဂ္ဂဇင်းသတင်းထောက် မနော်ဘယ်တီဟန်က “တာဝန်ခံဆိုတဲ့သူက ကင်မရာထဲက ဓာတ်ပုံတွေ ဖျက်ခိုင်းတယ်။ ညီမတို့က ဓာတ်ပုံဖျက်ပြီးရင် ပြန်ရမယ် ထင်တာပေါ့။ မဟုတ်ဘူး၊ ကားတစ်စီးနဲ့ ခေါ်သွားတယ်။ ဟိုရောက်တော့ အကုန်သိမ်းလိုက်ပြီး ဖုန်းလည်းဆက်မရသေးဘူး။ အချုပ်ခန်းလို နေရာမှ ာထားတယ်။ တစ်ယောက်တစ်နေရာဆီ။ ညီမကို လက်ထိပ်နောက်ပြန် ခတ်ထားပေမယ့် ရိုက်တာတော့ မရှိဘူး၊ ယောကျ်ားလေးဖြစ်တဲ့ သူ့ကိုတော့ ရိုက်နှက်တာတွေရှိတယ်။ ညီမတို့က ဓာတ်ပုံမရိုက်ရဘူးဆိုတာလည်း မသိဘူးလေ။

နယ်စပ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့ သတင်းလာလုပ်တာပါ။ ညီမတို့ကို စစ်ပြီးတော့ ရိုက်တဲ့သူက ညီမကိုတော့ သေနတ်နဲ့ချိန်ထားတယ်။ စစ်ဝတ်စုံ၊ BGF ဝတ်စုံဝတ်ထားတယ်။ ဖမ်းတဲ့အကြောင်းကိုမေးတော့ စစ်စခန်းကို ဓာတ်ပုံရိုက်လို့ ဖမ်းတာလို့ပြောတယ်။ ဒါပေမဲ့ သမီးတို့ ဓာတ်ပုံရိုက်တဲ့နေရာက စစ်စခန်းတော့ မဟုတ်ပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ပါ” ဟု ဆိုသည်။

မြန်မာတိုင်းမ်သတင်းစာ၏ ဓာတ်ပုံသတင်းထောက် ကိုမာနော်က “တာဝန်ခံဆိုတဲ့သူက ကားအမည်းနဲ့ တောထဲကိုခေါ်သွားတယ်။ ဟိုရောက်တော့ စစ်တယ်။ မေးတယ်။ ကန်တယ်။ နှာခေါင်းက သွေးယိုတယ်။ နှာခေါင်းရိုးကျိုးသွားတယ်လို့ထင်ပါတယ်။ ကျွန်တော့်ကို ထပ်မလုပ်ဖို့ တောင်းပန်ပါတယ်။ ချက်ကောင်းထိတာတော့ မျက်နှာရယ်၊ နှာခေါင်းရိုးရယ်၊ ဇက်ပိုးရယ် ထိတာပေါ့” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဗိုလ်မှူးနိုင်မောင်ဇော်က “ဒီကိစ္စကို ဆင့်ကဲဆင့်ကဲတင်ပြပြီး ချက်ချင်းစုံစမ်းစစ်ဆေးရေးေတွ ဖွဲ့ပါတယ်။ နယ်ခြားစောင့်တပ် BGF ဖမ်းထားတယ်လို့ သတင်းထွက်တဲ့အပေါ်မှာ ပြောချင်တာကတော့ BGF ရဲ့ အခန်းကဏ္ဍဆိုရင် ဗဟိုဌာနချုပ်က ညွှန်ကြားချက်နဲ့ပါမှ BGF ရဲ့လုပ်ဆောင်ချက်လို့ ပြောလို့ရပါ တယ်။

BGF တပ်တစ်ခုလုံးကို ကိုယ်စားပြုတာတော့ မဟုတ်ဘူး။ တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂလိက ဆန္ဒနဲ့လုပ်ဆောင်ခြင်းသာ ဖြစ်တယ်။ ပတ်သက်ကျူးလွန်ခဲ့တဲ့သူကိုလည်း ဖော်ထုတ်ထိန်းသိမ်းထားတယ်။ ဒါကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အထက်က ညွှန်ကြားထားပါပြီ။ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု သတင်းမီဒီယာများအား ပြောကြားသည်။

အဆိုပါ သတင်းထောက်နှစ်ဦးမှာ မတ် ၄ ရက်တွင် စတင်ဖမ်းဆီးခံရခြင်းဖြစ်ပြီး မတ် ၅ ရက် ညနေပိုင်းမှသာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ref-eleven

No comments:

Post a Comment

My Blog List