မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ဆေးကုသမှုခံယူဖို့အတွက် မတ်လထဲမှာ ထိုင်းနိုင်ငံကို သွားရောက် မယ်လို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချ ုပ်ပါတီ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ကပြောပါတယ်။
ကင်ဆာရောဂါ ဖြစ်ပွားနေတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ထိုင်းနိုင်ငံကဆေးရုံမှာ ပြီးခဲ့တဲ့နှစ်က ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကင်ဆာဆေး(၅)ကြိမ်သွင်းထားရတ ယ်လို့ ဆိုပါတယ်။ ဆေးကုသမှုခံယူတာကြောင့် ကျန်းမာရေးတိုးတက်မှု ရှိတယ်လို့လည်း ဦးတင်ထွဋ်ဦးက အခုလိုပြောပါတယ်။
“ကျန်းမာရေးကတော့ ဆေးကုသမှုခံနေတာမှာ တိုးတက်မှုရှိတယ်။ ဆေးငါးကြိမ်ပေးပြီးသွားပြီ။ နောက်ထပ်တော့ follow up သွားရမယ်။ သွင်းစရာတွေရှိမယ်။ ဒါပေမယ့် သူခံနိုင်ရည်ရှိတယ်။ မတ်လထဲတော့ တစ်ခေါက်ပြန်သွားရမယ်” လို့ ဦးတင်ထွဋ်ဦး က ပြောပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် အောက်တိုဘာလ နောက်ဆုံး ပတ်ကတည်းက ထိုင်းနိုင်ငံဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတ ယ်။ အဲဒီကပြန်လာပြီးနောက်ပိုင်း မှာတော့ ကျန်းမာရေး အခြေနေအရ တချို့တာဝန်ကိစ္စရပ်တွေနဲ့ပ တ်သက်ပြီး ဝန်ကြီးတွေဆီကို ခွဲဝေထားတယ်လို့ သိရပါတယ်။
သတင်း - ကောင်းခန့်ထွန်း
Do this hack to drop 2lb of fat in 8 hours
ReplyDeleteOver 160k women and men are hacking their diet with a easy and SECRET "liquids hack" to burn 2 lbs each night as they sleep.
It is very simple and works all the time.
This is how to do it yourself:
1) Go get a drinking glass and fill it half the way
2) Now do this weight loss hack
and be 2 lbs lighter when you wake up!