ကုန်ကြမ်းပြတ်လတ်ခြင်း၊ ကုန်ချောတင်ပို့ရန်အခက်အခဲရ ှိခြင်း၊ မြေဆက်ငှားရန်အခက်အခဲရှိခြင ်း၊ အရှုံးပေါ်ခြင်း စသည်တို့မှာ အကြောင်းပြချက်များဖြစ်သည်က ုန်ကြမ်းရှားပါးခြင်း၊ မြေငှားရမ်းခကြီးခြင်း နှင့် အရှုံးပေါ်ခြင်း စသည့်အကြောင်းပြချက်များဖြင ့် ရန်ကုန်တွင် အခြေစိုက်သည့် လက်ခစားစက်ရုံ ၁၃ ရုံပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းအစိုးရ အရာရှိများကို ကိုးကားပြီး အလုပ်သမားခေါင်းဆောင်များက ပြောကြားလိုက်သည်။
အကျိုးသက်ရောက်မှုအားဖြင့် အလုပ်သမား ၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်သည ်ဟုလည်း အလုပ်သမားခေါင်းဆောင်များက ခန့်မှန်းကြသည်။အထည်ချုပ်၊ အိပ်၊ ဖိနပ် နှင့် တံဆိပ်ရိုက် လုပ်ငန်းလုပ်ကိုင်သည့် စက်ရုံ ၁၃ ရုံသည် ပိတ်သိမ်းတော့မည်ဟု ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်းက အစိုးရထံ အကြောင်းကြားခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
ဝန်ကြီးသည် အဆိုပါသတင်းကို ရန်ကုန် ကုန်သည်စက်မှုအသင်းချုပ်ရုံ းတွင် မတ် ၅ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင် း ၎င်းကဆိုသည်။ပိတ်သိမ်းတော့မ ည့် စက်ရုံအများစုသည် ရန်ကုန်မြို့နှင့် မြစ်တစ်ဖက်ကမ်း လှိုင်သာယာစက်မှုဇုန်မှဖြစ် ကြပြီး တစ်ဝက်ခန့်မှာ တရုတ်ပိုင် စက်ရုံများဖြစ်ကာ ကျန်စက်ရုံများမှာ တောင်ကိုရီးယားနှင့် မြန်မာပိုင်စက်ရုံများဖြစ်က ြကြောင်း ရန်ကုန်တိုင်းအစိုးရ လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးရုံး ရင်းမြစ်များကဆိုသည်။
အဆိုပါ စက်ရုံ ၁၃ ရုံအနက် ကုန်ကြမ်းပြတ်လပ်ခြင်းကြောင ့် ပိတ်သိမ်းရန်တင်ပြသည့် စက်ရုံ လေးရုံ၊ ကုန်ချောတင်ပို့ရန်အခက်အခဲက ြောင့် ပိတ်သိမ်းရန်တင်ပြသည့် စက်ရုံ နှစ်ရုံ ပါဝင်သည်။ ကျန်စက်ရုံများမှာ မြေဆက်လက်ငှားရန်အခက်အခဲရှိ ခြင်း၊ အဆောက်အအုံဆက်လက်ငှားရန်အခက ်အခဲနှင့် အရှုံးပေါ်သည့်အတွက် ပိတ်သိမ်းရန် တင်ပြခြင်းဖြစ်ကြောင်း ဝန်ကြီးရုံးအသိုင်းအဝိုင်းက ပြောသည်။ စက်ရုံအချို့မှာ ပိတ်သိမ်းပြီးဖြစ်ပြီး အချို့မှာ စိစစ်ဆဲအခြေအနေဖြစ်သည်။
တရုတ်နိုင်ငံမှစတင်ကာ ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွ ားနေသည့် ကိုဗစ် ၁၉ (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဂယက်ကြောင့် တရုတ်ကုန်ကြမ်းကို မှီခိုနေရသည့် မြန်မာနိုင်ငံတွင်းမှ အထည်ချုပ်၊ အိတ်၊ ဖိနပ် စသည့် လက်ခစားစနစ်ဖြင့် လည်ပတ်နေသည့် စက်ရုံများ အကျပ်အတည်းဖြစ်နိုင်သည်ဟု ကုန်သည်စက်မှုအသင်းချုပ်က ပြီးခဲ့သည့် လအတွင်းက သတိပေးထားသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အထည်ချုပ်စက်ရုံများသည် ဧပြီလလယ် သင်္ကြန်အပြီး သို့မဟုတ် ဧပြီလကုန်ထိ ဆက်လက်လည်ပတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်သည့် စက်ရုံများအနေဖြင့် ယာယီရပ်ထားရန် တင်ပြမှုများရှိသည်ဟု ပြောသည်။
ကုန်ကြမ်းပြတ်လပ်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းရန်တင်ပြထားသည့် စက်ရုံများအနက် အချို့စက်ရုံများသည် အမှန်တကယ်ပိတ်သိမ်းခြင်းမဟု တ်ဘဲ ကုန်ကြမ်းများကို အခြားစက်ရုံထံပို့ပြီး ဆက်လက်လည်ပတ်နေသည့် စက်ရုံများလည်း ရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချု ပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
ထို့ပြင် ကုန်ကြမ်းပြတ်လပ်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းလိုက်သည့် စက်ရုံများတွင် ပြီးခဲ့သည့် လပိုင်းအတွင်း အလုပ်သမားဆန္ဒပြမှုများဖြစ် ပွားခဲ့သည့် စက်ရုံများလည်း ပါဝင်နေသည်။ဖေဖော်ဝါရီလကုန် ပိုင်းတွင် ပိတ်သိမ်းလိုက်သည့် Lucky sky bag စက်ရုံတွင် အလုပ်သမားများအား ရက်မှန်ကြေး တန်းတူပေးရန်နှင့် အလုပ်သမားဥပဒေပါ အချက်များကို လေးစားလိုက်နာရန်ဟုဆိုကာ အလုပ်သမားများက ဇန်နဝါရီလကုန်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
စက်ရုံများပိတ်သိမ်းရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်သည့်အတွက် ပိတ်သိမ်းရသည်ဟု အကြောင်းပြချက်မှာ မှန်ကန်မှုရှိ၊ မရှိ စိစစ်ပေးရန် အလုပ်သမားအဖွဲ့အစည်းများက တောင်းဆိုထားသည်။
ref-myanmar now
>>Zawgyi<<
ရန်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်သည့်အတွက် စက်ရုံ၁၃ရုံပိတ်မည်ဟုဆို
Friday , March 6 , 2020
ကုန်ကြမ်းပြတ်လတ်ခြင်း၊ ကုန်ချောတင်ပို့ရန်အခက်အခဲရ ှိခြင်း၊ မြေဆက်ငှားရန်အခက်အခဲရှိခြင ်း၊ အရှုံးပေါ်ခြင်း စသည်တို့မှာ အကြောင်းပြချက်များဖြစ်သည်က ုန်ကြမ်းရှားပါးခြင်း၊ မြေငှားရမ်းခကြီးခြင်း နှင့် အရှုံးပေါ်ခြင်း စသည့်အကြောင်းပြချက်များဖြင ့် ရန်ကုန်တွင် အခြေစိုက်သည့် လက်ခစားစက်ရုံ ၁၃ ရုံပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းအစိုးရ အရာရှိများကို ကိုးကားပြီး အလုပ်သမားခေါင်းဆောင်များက ပြောကြားလိုက်သည်။
အကျိုးသက်ရောက်မှုအားဖြင့် အလုပ်သမား ၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်သည ်ဟုလည်း အလုပ်သမားခေါင်းဆောင်များက ခန့်မှန်းကြသည်။အထည်ချုပ်၊ အိပ်၊ ဖိနပ် နှင့် တံဆိပ်ရိုက် လုပ်ငန်းလုပ်ကိုင်သည့် စက်ရုံ ၁၃ ရုံသည် ပိတ်သိမ်းတော့မည်ဟု ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်းက အစိုးရထံ အကြောင်းကြားခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
ဝန်ကြီးသည် အဆိုပါသတင်းကို ရန်ကုန် ကုန်သည်စက်မှုအသင်းချုပ်ရုံး တွင် မတ် ၅ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင် း ၎င်းကဆိုသည်။ပိတ်သိမ်းတော့မည့် စက်ရုံအများစုသည် ရန်ကုန်မြို့နှင့် မြစ်တစ်ဖက်ကမ်း လှိုင်သာယာစက်မှုဇုန်မှဖြစ်ကြ ပြီး တစ်ဝက်ခန့်မှာ တရုတ်ပိုင် စက်ရုံများဖြစ်ကာ ကျန်စက်ရုံများမှာ တောင်ကိုရီးယားနှင့် မြန်မာပိုင်စက်ရုံများဖြစ်ြ ကကြောင်း ရန်ကုန်တိုင်းအစိုးရ လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးရုံး ရင်းမြစ်များကဆိုသည်။
အဆိုပါ စက်ရုံ ၁၃ ရုံအနက် ကုန်ကြမ်းပြတ်လပ်ခြင်းကြောင ့် ပိတ်သိမ်းရန်တင်ပြသည့် စက်ရုံ လေးရုံ၊ ကုန်ချောတင်ပို့ရန်အခက်အခဲေ ကြာင့် ပိတ်သိမ်းရန်တင်ပြသည့် စက်ရုံ နှစ်ရုံ ပါဝင်သည်။ ကျန်စက်ရုံများမှာ မြေဆက်လက်ငှားရန်အခက်အခဲရှိ ခြင်း၊ အဆောက်အအုံဆက်လက်ငှားရန်အခက ်အခဲနှင့် အရှုံးပေါ်သည့်အတွက် ပိတ်သိမ်းရန် တင်ပြခြင်းဖြစ်ကြောင်း ဝန်ကြီးရုံးအသိုင်းအဝိုင်းက ပြောသည်။ စက်ရုံအချို့မှာ ပိတ်သိမ်းပြီးဖြစ်ပြီး အချို့မှာ စိစစ်ဆဲအခြေအနေဖြစ်သည်။
တရုတ်နိုင်ငံမှစတင်ကာ ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွာ းနေသည့် ကိုဗစ် ၁၉ (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဂယက်ကြောင့် တရုတ်ကုန်ကြမ်းကို မှီခိုနေရသည့် မြန်မာနိုင်ငံတွင်းမှ အထည်ချုပ်၊ အိတ်၊ ဖိနပ် စသည့် လက်ခစားစနစ်ဖြင့် လည်ပတ်နေသည့် စက်ရုံများ အကျပ်အတည်းဖြစ်နိုင်သည်ဟု ကုန်သည်စက်မှုအသင်းချုပ်က ပြီးခဲ့သည့် လအတွင်းက သတိပေးထားသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အထည်ချုပ်စက်ရုံများသည် ဧပြီလလယ် သင်္ကြန်အပြီး သို့မဟုတ် ဧပြီလကုန်ထိ ဆက်လက်လည်ပတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်သည့် စက်ရုံများအနေဖြင့် ယာယီရပ်ထားရန် တင်ပြမှုများရှိသည်ဟု ပြောသည်။
ကုန်ကြမ်းပြတ်လပ်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းရန်တင်ပြထားသည့် စက်ရုံများအနက် အချို့စက်ရုံများသည် အမှန်တကယ်ပိတ်သိမ်းခြင်းမဟု တ်ဘဲ ကုန်ကြမ်းများကို အခြားစက်ရုံထံပို့ပြီး ဆက်လက်လည်ပတ်နေသည့် စက်ရုံများလည်း ရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
ထို့ပြင် ကုန်ကြမ်းပြတ်လပ်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းလိုက်သည့် စက်ရုံများတွင် ပြီးခဲ့သည့် လပိုင်းအတွင်း အလုပ်သမားဆန္ဒပြမှုများဖြစ်ပွ ားခဲ့သည့် စက်ရုံများလည်း ပါဝင်နေသည်။ဖေဖော်ဝါရီလကုန် ပိုင်းတွင် ပိတ်သိမ်းလိုက်သည့် Lucky sky bag စက်ရုံတွင် အလုပ်သမားများအား ရက်မှန်ကြေး တန်းတူပေးရန်နှင့် အလုပ်သမားဥပဒေပါ အချက်များကို လေးစားလိုက်နာရန်ဟုဆိုကာ အလုပ်သမားများက ဇန်နဝါရီလကုန်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
စက်ရုံများပိတ်သိမ်းရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်သည့်အတွက် ပိတ်သိမ်းရသည်ဟု အကြောင်းပြချက်မှာ မှန်ကန်မှုရှိ၊ မရှိ စိစစ်ပေးရန် အလုပ်သမားအဖွဲ့အစည်းများက တောင်းဆိုထားသည်။
ref-myanmar now
Easy "water hack" burns 2 lbs OVERNIGHT
ReplyDeleteMore than 160,000 men and women are hacking their diet with a simple and secret "liquid hack" to drop 2lbs each night while they sleep.
It is scientific and works every time.
Here are the easy steps for this hack:
1) Hold a drinking glass and fill it half full
2) Now follow this weight losing HACK
and you'll be 2lbs thinner in the morning!