နိုင်ငံတော်သမ္မတ၏ သစ္စာရှိမှုက အရေးကြီးပါသလား၊၎င်း၏ သားသမီးများက အရေးကြီးပါသလား ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချ ုပ်လွှတ်တော်ကိုယ်စားလှယ်တစ ်ဦးက ခြေဥဆွေးနွေးစဉ် မေးခွန်းမေးလိုက်သည့်အပြင် ပုဒ်မ၅၉ ပါ အချက်အလက်များနှင့် ပြည့်စုံသွားရုံဖြင့် နိုင်ငံတော်နှင့်နိုင်ငံသူ၊ သားများအပေါ် သစ္စာရှိသူအလိုလိုဖြစ်သွားန ိုင်ပါသလားဟုပါ ထပ်ဆင့် မေးခွန်းထုတ်လိုက်ကြောင်းသိ ရသည်။
မေးခွန်းများထုတ်ပြီး ဆွေးနွေးခဲ့သူမှာ ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှ ယ် ဒေါ်ယဉ်မင်းလှိုင်ဖြစ်ပြီး သူမက ပုဒ်မ၅၉ ပါ ပုဒ်မများကို ပယ်ဖျက်သင့်သည့် ဘက်မှနေ၍ ဆွေးနွေးသွားခဲ့သည်။
ဒေါ်ယဉ်မင်းလှိုင်က နိုင်ငံတကာတွင် မြန်မာနိုင်ငံကဲ့သို့ ပုဒ်မ၅၉ ပါ ကန့်သတ်ပြဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ မျိုးမတွေ့ရဖူးဟု ထောက်ပြခဲ့သည်။
ထို့အပြင် အမျိုးသားခေါင်းဆောင်ကြီးဗိ ုလ်ချုပ်အောင်ဆန်းကိုယ်တိုင ်းရေးဆွဲထားသည်ဟုဆိုပြီးကို းကားနေကြသည့်အပေါ်ကိုပါ သူမက အမျိုးသားခေါင်းဆောင်ကြီးတင ်သွားသည့် အကြောင်းအရာသည် နိုင်ငံတော်သမ္မတဖြစ်မည့် သူနှင့် ထိုသူ၏ မိဘ ၂ပါးသာဖြစ်သည့် အပေါ်ပိုင်းအဆင့်ကိုသာဖြစ်က ာ၊ ယခု ပုဒ်မ ၅၉ (စ)ကဲ့သို့ အောက်အဆင့်များပါ ပါသည့် ကန့်သတ်ခြင်းမျိုးမဟုတ်ကြော င်းပါ ထည့်သွင်းပြောဆိုဆွေးနွေးခဲ ့သည်။
ဦးထွန်းထွန်းဟိန်ပါ ကိုယ်စားလှယ်များတင်ပြထားသည ့် ပုဒ်မ၅၉ (စ)ပါ ပုဒ်မများအား ပယ်ဖျက်လို သည့်အပေါ် ထောက်ခံကြောင်းလည်း သူမက ဆက်ပြောသည်။
ယင်းအပြင် ဗိုလ်မှူးချုပ်မောင်မောင်ပါ ကိုယ်စားလှယ်များ တင်ပြထားသည် ပုဒ်မ ၅၉ (စ)ပါ အချက်အလက်များအား နိုင်ငံတော်သမ္မတ၊ဒုသမ္မတမျ ား အပါအဝင် ပြည်နယ်၊တိုင်းဝန်ကြီးချုပ် ၊ပြည်ထောင်စုဝန်ကြီးများခန့ ်အပ်ရေးတွင်ပါ တိုးချဲ့လိုသည့် ဥပဒေမူကြမ်းပါ အချက်အလက်များကို ကန့်ကွက်ကြောင်းပါ ဒေါ်ယဉ်မင်းလှိုင်က ပြောဆိုဆွေးနွေးသွားသည်။
ကိုမင်း/Myanmar Harp
No comments:
Post a Comment