Friday, January 24, 2014

မြန်မာနိုင်ငံငါးမျိုးစိတ်တွင်မရှိသော မိကျောင်းပါးစပ်နှင့်ငါးတွေ့ရှိ

မြန်မာ့ငါးမျိုးစိတ်မဟုတ်သည့် မိကျောင်းပါးစပ်ပါသော ငါးမျိုး စိတ်တစ်မျိုးကိုရွှေပြည်သာမြို့နယ် နှင့် မှော်ဘီကြား ၀ါးတစ်ရာဆိပ်ကမ်း အနီးရှိလှိုင်မြစ်အတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါငါးကိုအစာ သွပ်၍ပထမဆုံးအကြိမ်ပြတိုက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါငါးမျိုးစိတ်မှာတောင် အမေရိကတိုက်ရှိအမေဇုန်မြစ် အတွင်း၌သာတွေ့ရပြီး ၎င်းငါး သည်အသားစားကျုးသော ငါးဖြစ် ကြောင်း၊ မြန်မာပြည်၌တွေ့ရသော ငါးမျိုးစိတ်ထဲတွင်အဆိုပါငါးမျိုးမှာမရှိကြောင်း၊ ပြည်ပငါးမျိုးစိတ် သာဖြစ်ကြောင်း၊ တစ်ကောင် တည်းဆိုလျှင်ပြဿနာမဟုတ်သော် လည်းအကောင်ရေများလာပါက မူလရှိသော မိမိတို့ရေမြေအတွင်းရှိ ငါးမျိုးစိတ်များကိုထိခိုက်နိုင် ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှအထွေထွေအတွင်းရေး မှူးဦးဝင်းကြိုင်ကပြောသည်။

““(၁၉)ရက် ညနေ(၅) နာရီ မှာငါးကိုလှိုင်မြစ်ထဲမှာငါးတန်တွေ နဲ့အတူဖမ်းမိတာပါ။ ရေလုပ်သား ဒိုင်ကိုတစ်သောင်း နဲ့ရောင်းတယ်။ ငါးကထူးဆန်းတဲ့အတွက်ဒိုင်ဆီက နေငါးသောင်းကျပ်နဲ့ဝယ် ပြီးတော့ ငါးလုပ်ငန်းအဖွဲ့ကိုလာပြတာပါ။ ဒီငါးကထူးခြားတဲ့အတွက် ကျွန်တော် တို့ပြည်တွင်းကငါးတွေရောလူတွေ အတွက်ပါအန္တရာယ်ရှိတယ်ထင် လို့လာပို့တာပါ။ ငါးအိမ်ရောက် ပြီးသိပ်မကြာဘူးသေသွားပါတယ်။ ဒီငါးကိုအစာသွပ်ပြီး ပြတိုက်ထဲမှာထားပြီး ပြည်သူတွေကြည့်လို့ ရအောင်လှူဒါန်းသွားမှာပါ””ဟု ဦးညီမင်းထွန်ကပြောသည်။

မြန်မာပြည်ငါးမျိုးမဟုတ်ဘဲ ရောက်နေသည်ကစဉ်းစားစရာဖြစ် နိုင်ကြောင်း၊ ယခုဆိုလျှင်သုံးပေ ကျော်ရှိရာမှ နောက် ထပ်နှစ်ပေ ခန့်ရှည်လာပါကပြည်တွင်းငါးနှင့် လူများကိုပါအန်္တရာယ်ပေးနိုင် ကြောင်း၊ ပြည်ပ ငါးတင်သွင်း ရင်တောင်လိုင်စင် ယူရကြောင်း၊ ၎င်းငါးကိုဝါသနာရှင်တစ်ဦးဦးက မွေးမြူထားပြီးအကြောင်းအမျိုးမျိုး ကြောင့် လွတ်သွားခြင်း(သို့)လွှတ် လိုက်ခြင်းဖြစ်နိုင်ကြောင်း၊ ပြည်ပ နိုင်ငံမှ ငါးမျိုးသွင်းရင် လူသား အတွက်ရိက်္ခာလည်းရစီးပွားလည်း ဖြစ် ပတ်ဝန်းကျင်ကို မထိခိုက်လျှင် မွေးမြူ၍ရကြောင်း၊ ဆန့်ကျင်ဘက်  ငါးများကိုမွေးမြူရာတွင်ဆင်ခြင် သင့်ကြောင်း ဦးဝင်းကြိုင်ကထပ် မံပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေ ဖြင့် ငါးလုပ်ငန်းနှင့်ပတ်သက်၍ ဥပဒေများထုတ်ပြန်ထားပြီးပြစ် ဒဏ်များလည်းသတ်မှတ် ထား ကြောင်းနှင့် နိုင်ငံတော်အစိုးရက မြန်မာ့ရေမြေနှင့်ကိုက်ညီသည့်ငါး မျိုးစိတ်များကိုဥပဒေနှင့်အညီပြည်ပ မှတင်သွင်းခွင့်ပြုထားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်ငါးမျိုးစိတ် ပေါင်း (၁၀၀၀)ခန့်ရှိပြီး ရေချိုငါး မျိုးစိတ်(၆၀၀)ခန့်ရှိကာရေငန်ငါး မျိုးစိတ် (၄၀၀)ကျော် ရှိကြောင်း သိရသည်။ 

Hot News Journal

No comments:

Post a Comment

My Blog List