Thursday, July 17, 2014

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ဥရောပသို့ သွားရောက်မည်


ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လတ်သည် အာဏာသိမ်း စစ်တပ်အစိုးရ ခေါင်းဆောင်ထံမှ ခရီးသွားလာ ခွင့်ရရှိခဲ့ပြီဖြစ်ရာ ဥရောပသို့ သွားရောက် မည်ဖြစ်သည်။  ယင်လတ်သည် နိုင်ငံမှထွက်ခွာ၍ ခရီးသွားလာ ခွင့် တောင်းခံထားသည့် စာတစ်စောင်ကို ဗိုလ်ချုပ်ကြီး ပရာယွတ်ထံ ပေးပို့ခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရာယွတ် သည် မေလ ၂၂ ရက် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။

ယင်လတ်က သားဖြစ်သူနှင့်အတူ ဥရောပသို့ ဇူလိုင်လ ၂၁ ရက်မှ သြဂုတ်လ ၁၀ ရက်အထိ အပန်းဖြေ အလည်အပတ်ခရီးထွက်ရန် စီစဉ်ထားကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်ထံ ပေးပို့သည့်စာတွင် ရေးသား ထားသည်။ 

ယင်လတ်သည် လတ်ရှိတွင် ပြင်သစ်နိုင်ငံ၌ ရောက်ရှိနေသူ အကိုဖြစ်သူ သက်ဆင်၏ ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည့် ၆၅ နှစ်မြောက် မွေးနေ့ပွဲသို့လည်း တက်ရောက်လိမ့်မည်ဖြစ်ကြောင်း သတင်းများက ခန့်မှန်း
ကြသည်။

ယင်လတ်၏အကို သက်ဆင်မှာလည်း ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာ သိမ်းမှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ သူမသည် လာမည့် တနင်္လာနေ့တွင် ဥရောပသို့ထွက်ခွာရန် လေယာဉ်လက်မှတ်စီစဉ်ထားပြီး အင်္ဂလန်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

MizzimaDaily
Mizzima - News in Burmese

No comments:

Post a Comment

My Blog List