Friday, July 18, 2014

ဇာတ်လမ်းတွဲရိုက်ဖို့ သရုပ်ဆောင်ပညာ လေ့လာနေတဲ့ နန့်ချစ်နဒီဇော်


ဂီတဘက်တွင်သာမက သရုပ်ဆောင်အနေဖြင့်ပါ ဇာတ်လမ်းတွဲတစ်ခုရိုက် ကူးရန်အစီအစဉ်ရှိသောကြောင့် သရုပ်ဆောင် နှင့် ပတ်သက်၍ လေ့လာနေ ကြောင်း နန့်ချစ်နဒီဇော်ကပြောသည်။ ‘‘ဂီတနဲ့ပတ်သက်တဲ့ ဒရာမာ ဇာတ်လမ်းတွဲတစ်ခုရိုက်ကူးမှာပါ ။

နန့်ချစ်က အဆိုပိုင်းနဲ့အနုပညာ လောကထဲကို ၀င်လာတာဆို တော့ သရုပ်ဆောင်နဲ့ ပတ်သတ် ရင်အလေ့ အကျင့်မရှိဘူး။ကိုယ့် သီချင်းတွေမှာပဲ သရုပ်ဆောင်ဖြစ်တယ်။ အဲဒါကြောင့်လောလော ဆယ်တော့အိမ်မှာပဲ ၀တ္ထုတွေ ဖတ်၊ ဇာတ်လမ်းတွေကြည့်ပြီး ကိုယ့်ဟာကိုယ်လေ့ကျင့်နေတယ်’’ဟု ၎င်းကပြော သည်။

ယင်းဇာတ်လမ်းတွဲကို ၂၀၁၄ခုနှစ်အတွင်း MRTV-4 က ရိုက်ကူးတင်ဆက်ပေး သွားမည် ဖြစ်ပြီး ယင်းဇာတ် လမ်းတွဲတွင်ပါ ၀င်သရုပ်ဆောင်ရမည့်ဇာတ်ရုပ် ကိုမူ အတိအကျမသိရသေး ကြောင်း ၎င်းကဆိုသည်။

‘‘သရုပ်ဆောင်တွေအနေနဲ့ အိပ်မက်ဆုံရာ Season 9အထိ ပါခဲ့တဲ့သူတွေထဲက သရုပ်ဆောင် တတ်တဲ့ သူတွေကို ရွေးမယ်။ ညီမ တို့ Season4 ကလူတွေတော် တော်များများပါမယ်။ ညီမတို့ တေးသီငှက် သုံးယောက်(ဟန်ထူး ဈာန်၊ နန့်ချစ်နဒီဇော်၊ ၀ိုင်းလေး)ကတော့ ပါဖို့သေချာတယ်’’ဟု ၎င်းကပြောသည်။

သရုပ်ဆောင်အနေဖြင့် ပထ မဆုံးရိုက်ကူးမည့်ဇာတ်လမ်းတွဲ ဖြစ်သောကြောင့် စိတ်ဖိစီးမှုရှိ သော်လည်း ဂီတဘက်မှ အနုပ ညာရှင်များသာပါဝင်မည်ဖြစ် သောကြောင့် အခြားဇာတ်လမ်း တွဲများနှင့် ကွဲပြားမှုရှိ မည်ဟုယုံ ကြည်ကြောင်း နန့်ချစ်နဒီဇော်က ပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် တီဗီပရိုဂရမ်များ၊ မဂ္ဂဇင်းကာဗာများရိုက်ကူး ဖြစ်သလို တစ်ကိုယ်တော်ခွေအတွက်လည်း သီချင်းများစုနေပြီး နယ်ဖျော်ဖြေပွဲများလည်းသွား ရောက်သီဆိုဖြစ် ကြောင်း ၎င်းက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List