Wednesday, August 28, 2013
ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်ပေါ်လျက်ရှိသဖြင့် ဆိုင်ကယ်ခိုးယူသူ များအား ဖမ်းဆီးရမိရေးအတွက် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမာခံ သတင်းပေးများ၊ ဆယ်အိမ်မှူးများ၊ ရက်ကွက်အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့သဖြင့် ၂၉-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့နေ
ကျော်စွာဝင်း(၃ဝ)နှစ်၊ တင်မိုးဝင်း (၁၉)နှစ်၊ ကိုငယ်(၂၄)နှစ်တို့အား
စစ်ဆေးခဲ့ရာ ၂ဝ-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကား လမ်း ဘေးရှိ
နမ့်ပေါင်ရွာအနီးမှTankBo-110 အစိမ်းရောင်ဆိုင်ကယ် ၁ စီး၊
ဟိုပိတ်ရွာအနီး ကားလမ်းဘေးမှNewStar-125 CZI အဝါရောင်ဆိုင်ကယ် ၁ စီး၊
၂၂-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်း ကားလမ်းဘေးတွင် ရပ်ထားသော
Sonic-125 အနီရောင်ဆိုင်ကယ် ၁ စီး၊ တန့်ယန်းမြို့အဝင် ဆီဆိုင်အနီးမှ Nwe
Asia-125 CZI စိမ်းပြာရောင်ဆိုင်ကယ် ၁ စီး၊ ၂၇-၇-၂ဝ၁၃ ရက်နေ့တွင်
လားရှိုး-တန့်ယန်းကားလမ်းဘေးမှ Hawe-125 ဆိုင်ကယ် ၁ စီး၊
စုစုပေါင်းခိုးယူလာသည့်ဆိုင်ကယ် (၅)စီးအား သိမ်းဆည်းနိုင်ခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့နေ အောင်ကျော်(ခ)အယ်မိသီ(ခ)မိသီ(၂၁)နှစ်၊ အားဟွာ(၂ဝ)နှစ်၊ ဟော်ရင်ကွေ့၊ အိုက်မေ(ခ)ပေါက်ဆိုယုတ်၊ အားဟုန်၊ အားစီ(ခ)ရှုလင်(၂၄)နှစ်နှင့် အားရှုလင်(၃၆)နှစ် တို့အားစစ်ဆေး ခဲ့ရာ ၁-၈-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းရှေ့မှ KenBo-125 CZI အဖြူရောင်ဆိုင်ကယ် ၁ စီး၊ လားရှိုး မန်ဆူဘုရားဝင်းအတွင်းမှ Tohon-110 အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လားရှိုးတရုတ်ဘုံကျောင်းအနီးမှMDL-125 နက်ပြာရောင် ဆိုင်ကယ် ၁ စီး၊ အမှတ်(၆) အခြေခံ ပညာအထက်တန်ကျောင်းမှHeroAnbo-125 CZI ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ အောင်မင်္ဂလာ ဈေးအနီးမှ Yinxing-125 CZI ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းရှေ့ မှFelling-110 အနက်ရောင်ဆိုင်ကယ် ၁ စီးနှင့် လားရှိုး(၄၂)လမ်း ဆိုင်ကယ်ပွဲစားတန်းမFaster-125 ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူခဲ့သည့် ဆိုင်ကယ်(၇)စီး တို့အားသိမ်းဆည်းရမိခဲ့သည်။
တစ်ဆက်တည်း လားရှိုးမြို့နေ အောင်လျံဝင်း(ခ)ပလောင်လေး(၁၅)နှစ်၊ တင်ထွန်းနိုင်(ခ) ပြူးပြူး(ခ) မျိုးမင်းထက်(၁၈)နှစ်၊ မောင်ထူးနှင့် အောင်နန်တို့အားစစ်ဆေးရာ လားရှိုးမြို့၊ သာသနာ ၂၅ဝဝ ကုန်းပေါ် မှYinxing-125 ဆိုင်ကယ် ၁ စီး၊ SumBo Star-125 ရုပ်ဆိုး နီနက်ရောင်ဆိုင်ကယ် ၁ စီး၊ ic-125 ဆိုင်ကယ် ၁ စီးနှင့်HanBo-125 ဝါ/နက်ဆိုင်ကယ် ၁ စီး စုစုပေါင်းခိုးယူလာသည့် ဆိုင်ကယ် (၄)စီးအား သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် လားရှိုးမြို့နေ အားတီ(ခ)အားလင်း၊ ယုဒ(ခ)ရန်သ(၂ဝ)နှစ်၊ ထိုက်လျှံ(၂ဝ)နှစ်တို့အား စစ်ဆေးရာ ANBO-125 အစိမ်းရောင်ဆိုင်ကယ် ၁ စီး၊ WAVE SUBO-125 ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ ANBO-125 CZI နက်ပြာရောင်ဆိုင်ကယ် ၁ စီး၊ NEW ASIA CZI-125 ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ HeroAnBo-125 CZI ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ LUOJIA-110 အနက်ရောင်ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူ လာသည့်ဆိုင်ကယ်(၆)စီးတို့အား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဆိုင်ကယ် ခိုးယူသူ စုစုပေါင်း (၁၇)ဦး၊ ဆိုင်ကယ်(၁၉)စီးနှင့် ကျန်ရှိနေသောဆိုင်ကယ်(၃)စီးအား ဆက်လက်သိမ်းဆည်း နိုင်ရေးနှင့် ဥပဒေနှင့်အညီတရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:
Post a Comment