Wednesday, August 28, 2013

အင်္ဂလန်နှင့် စင်ကာပူတက္ကသိုလ်များပူးပေါင်း၍ ကျန်းမာရေး ဝန်ဆောင်မှုသင်တန်းများ မြန်မာတွင် ဖွင့်မည်

Wednesday, August 28, 2013
ကမ္ဘာ့အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုသင်တန်းများအား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သင်တန်းများကို စင်ကာပူနိုင်ငံရှိ CSM Academy နှင့် အင်္ဂလန်နိုင်ငံရှိ Edinburgh Napier University တို့နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံ၌ တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ CSM Academy မှဒေါက်တာ ခင်စန္ဒာဝင်းက “ကျန်းမာရေးပညာနဲ့ ဝန်ဆောင်မှုပေးခြင်း ကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်တာဟာ နိုင်ငံရဲ့လိုအပ်တဲ့ လူ့စွမ်းအားအရင်း အမြစ်ကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် ဒီထက်ပိုပြီးဖွံ့ဖြိုး တိုးတက်ဖို့ နဲ့ ပြည်တွင်း ပြည်ပမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် အထောက်အကူပြုဖို့ ဒီသင်တန်းတွေ ဖွင့်လှစ် ပေးတာပါ” ဟု ပြောသည်။သင်တန်းဝင်ခွင့်လျှောက်လွှာများကို ယခုနှစ်စက်တင်ဘာ ၁ ရက်မှ စတင်လက်ခံသွားမည်ဖြစ်ပြီး ဖွင့်လှစ်မည့်သင်တန်းများမှာဆေးပညာကျွမ်းကျင်မှုဆိုင်ရာအင်္ဂလိပ်စာနှင့်ကျန်းမာရေးကူညီစောင့်ရှောက်ပေးခြင်း၊ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ပေးခြင်း၊ ဇီဝဆေးပညာသိပ္ပံ ဒီပလိုမာနှင့် အဆင့်မြင့်ဒီပလိုမာ၊ ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာသိပ္ပံနှင့်ကျွမ်းကျင်သူနာပြု ဆေးပညာလက်မှတ်ရ သင်တန်း တို့  ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းများကို စင်ကာပူရှိ စီအက်စ်အမ်အကယ်ဒမီနှင့် အင်္ဂလန်နိုင်ငံအီဒင်ဘတ်ခ်ျ တက္ကသိုလ် တို့မှ ပါမောက္ခနှင့် ကထိကတို့မှ သင်တန်းအပိုင်းအခြားများအလိုက် တစ်ဦးချင်းအနီးကပ် ပို့ချပေးသွား မည်ဖြစ်ကာ အွန်လိုင်းရေးဖြေစစ်ဆေးမှုဖြင့်လည်း ပို့ချပေးသွားမည်ဟု သိရသည်။

၎င်းသင်တန်းများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား သြဂုတ် ၂၈ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ရှင်းလင်းပြောကြားပေးမည်ဟု သိရသည်။ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E Mr.Robert Chua နှင့် Mr.Willian Chick ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

CSM Academy သည်စင်ကာပူပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေး၊ ပညာရေးနှင့် စီမံခန့်ခွဲမှုပုဂ္ဂလိက အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

The Yangon Times Daily

No comments:

Post a Comment

My Blog List