Thursday, September 19, 2013
စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် သင်္ဃန်းကျွန်း မြို့နယ် ၊ စ/
သုမင်္ဂလာ ရပ်ကွက် ၊ သုနန္ဒာ (၁)လမ်း ၊ အမှတ်(၃၀) တွင် ဖွစ်လှစ် ထားသော Elite
World Trading Co., Ltd အထွေထွေ မန်နေဂျာ မမေဇွန်ကျော်ဝင်း ၃၁ နှစ် (ဘ)
ဦးကျော်ဝင်း သည် စတိုးခန်း ရုံးခန်း နှင့် ခြံဝင်းတံခါး သော့များအား
စတိုး တာဝန်ခံ သိန်းထွဋ်ဂေါင် နှင့် အရောင်း ၀န်ထမ်း မဒေါင်နော် တို့အား
အပ်နှံထား ခဲ့ပြီး စက်တင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲ အချိန်တွင်
ကုမ္ပဏီရုံးခန်း သို့ သိန်းထွဋ်ဂေါက် မရောက် လာသဖြင့် မဒေါင်နော် ၏
သော့ဖြင့် ခြံတံခါး နှင့် ရုံးခန်းသော့ များဖွင့်၍ ၀င်ရောက် ခဲ့ပြီး
နောက်ဖေး တံခါး ပွင့်နေ၍ ရုံးခန်း အတွင်း စစ်ဆေး ကြည့်ရှုရာ အပေါ်ထပ် ရှိ
မီးခံ သေတ္တာ အတွင်း ထားရှိသော ငွေစက္ကူ ရောရာ (၃၃၈) သိန်း ၊ အမေရိကန်
ဒေါ်လာငွေ (၁၆၀၀) နှင့် အောက်ထပ် ရုံးခန်း အံဆွဲတွင် ထည့်ထားသော ငွေကျပ်
သိန်း (၂၀) တို့ ပျောက်ဆုံး နေကြောင်း ၊ စတိုး တာဝန်ခံ သိန်းထွဋ်ဂေါင် အား
ဆက်သွယ်ရာ မရရှိဘဲ ၄င်းအား အပ်ထားသော သော့အား ရုံးခန်း အတွင်း တွေ့ရှိ
ရသဖြင့် တရားခံဟု ယူဆရသူ သိန်းထွဋ်ဂေါင် ၂၃ နှစ် (ဘ) ဦးတင်လှ ၊ ၁၂/ဥကတ
(နိုင်) ၁၇၀ ၇၅၆ ၊ အမှတ် ၆၁၃ ၊ ကရုဏာ ၅ လမ်း ၊ တောင်ဥက္ကလာပ နေသူအား အရေးယူ
ပေးပါရန် အထွေထွေ မန်နေဂျာ မမေဇွန်ကျော်ဝင်း မှ သင်္ဃန်းကျွန်း မြို့မ
ရဲစခန်း သို့ တရားလိုပြ လုပ်တိုင်တန်း ခဲ့ရာ ရဲစခန်း မှ (ပ) ၃၇၉/ ၂၀၁၃
ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့် လှစ်ထားရှိပြီး အမှုစစ် အဖြစ်
စခန်းမှူး ဒုရဲမှူး သိန်းဟန် မှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း
သိရှိရသည်။
The Myawady Daily
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment