Wednesday, September 18, 2013
တလောက ကမ္ဘာသတင်းလောကမှာ နေရာယူထားသူ အမေရိကန် စပိုင်ဟောင်း အက်ဒ၀ပ်ဒ်
စနိုဒင်ဟာ ဥရောပ သမဂ္ဂက ပေးအပ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးအတွက်
အမည်စာရင်းတင်သွင်း ခံထားရပါတယ်တဲ့။
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ မြန်မာနိုင်ငံက
ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်အာဖရိကနိုင်ငံက နယ်လ်ဆင် မန်ဒဲလားတို့လည်း
Sakharov Prize ဆုကို ရရှိခဲ့ဖူးကြပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို ပေါက်ကြားမှုနဲ့ ထွက်ပြေး တိမ်း
ရှောင်ရင်း ရုရှား နိုင်ငံမှာ ယာယီခိုလှုံနေတဲ့ စနိုဒင်ဟာ လွတ်လပ်စွာ
တွေးခေါ်မှုအတွက် Sakharov Prize ဆုရဖို့အတွက် ဥရောပ ပါလီ မန်က
အမည်စာရင်းတင်သွားခံထားရသူ ၇ ဦးထဲမှာ ပါဝင်လာတယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ
ဆိုပါတယ်။ ဥရောပ ပါလီမန်မှာ Greens တွေက စနိုဒင်ဟာ အမေရိကန်ရဲ့ အင်တာနက်နဲ့ တယ်လီဖုန်း လျှို့ဝှက်
စောင့်ကြည့်ဖမ်း ယူ နေမှုတွေကို ဖော်ထုတ်ခဲ့တာကြောင့် ဒါဟာ လူ့
အခွင့်အရေးအတွက် ကြီးမားတဲ့ တာဝန် ထမ်းရွက်ခဲ့တာဖြစ်လို့ အမည်
စာရင်တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အက်ဒ၀ပ် စနိုဒင်ဟာ
ကျနော်တို့ကို အကာအကွယ်ပေးဖို့ ကူညီရင်း သူ့ရဲ့လွတ်လပ်ခွင်တွေနဲ့
ရင်းနှီးခဲ့ ရပါတယ်။ ဥရောပနဲ့ အမေရိကားတို့က သူလျှိုတွေက နိုင်ငံသားတွေရဲ့
လွတ်လပ်ခွင့်တွေအပေါ် စနစ် တကျ ချိုးဖောက်နေတာကို သူက
မီးမောင်းထိုးပြလိုက်တာမို့ သူ့ကို ဂုဏ်ပြုဖို့ ထိုက်တန်တယ်” လို့
လက်ဝဲယိမ်း Greens အုပ်စု ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ Rebecca Harms နဲ့ Dany
Cohn-Bendit တို့က ပြောကြ ပါတယ်။
ဒီလို ဥရောပသမဂ္ဂက ပေးတဲ့
လူ့အခွင့်အရေးဆု Sakharov Prize အတွက် စနိုဒင်ကို အမည်စာရင်း
တင်သွင်းလိုက်တဲ့ အထဲ ပါဝင်လာတာကြောင့် အမေရိကန်အနေနဲ့
စိတ်မသက်မသာဖြစ်မှာကတော့ အသေအချာပါ။
အဆိုပါ ဆုအတွက်
အမည်စာရင်းတင်သွင်းခံရသူတွေထဲမှာ အမျိုးသမီးများ ပညာရေးအတွက် ကြိုးပမ်းလို့
တာလီဘန်တွေရဲ့ သေနတ်နဲ့ ဦးခေါင်းပစ်ခံခဲ့ရသူ ပါကစ္စတန်နိုင်ငံက မာလာလာလည်း
အပါအ၀င်ဖြစ် ပါတယ်။
Sakharov Prize ဆုအတွက် ဥရောပ ပါလီမန်ကတော့
စက်တင်ဘာလ ၃၀ ရက်နေ့မှာ နောက်ဆုံး ၃ ဦးကို ဇကာတင် မဲပေး ရွေးချယ်ပြီး
အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ ပါလီမန် ခေါင်းဆောင်တွေ က ဆုရရှိသူကို
ရွေးချယ်သွားမှာပါ။
Irrawaddy Blog
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment