Wednesday, September 18, 2013
ယခုလ၀က် အတွင်း ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မ မှုကြောင့် ၃ ဦး
သေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မထသ ( ဗဟို ) စည်းကမ်းထိန်းသိမ်းရေး
ဌာနမှ သိရသည်။
စက်တင်ဘာ ( ၁
)ရက်မှ ( ၁၅ )ရက်အတွင်း ခရီးသည်တင်ယာဉ်တိုက်မှု ၊ တိမ်းမှောက်မှု နှင့်
ယာဉ်မတော်တဆမှု ဖြစ်စဉ် ၉ မှု ရှိပြီး ၄င်းအနက် ခရီးသည်တင်ယာဉ်မှ
လမ်းဖြတ်ကူးသူ အားတိုက်မိမှု ၅ မှု ဖြစ်ပွားခဲ့ကြောင်း မထသ ( ဗဟို ) မှ
သိရသည်။ ၄င်းဖြစ်စဉ်များနှင့်ပတ်သတ်၍ မထသ ( ဗဟို ) စည်းကမ်း
ထိန်းသိမ်းရေး ဌာန မှ ဌာနမှူး ဦးကာကျော်က "လမ်းကူးသူ နဲ့ ယာဉ်တိုက်မှု
ဖြစ်စဉ်တွေ ပြန်ကြည့်ရင် စနစ်တကျ ကူးရင် ရှောင်လွှဲလို့ရတဲ့ ကိစ္စပါ
။အဲ့ဒီလိုဆို ရင် သေမယ့် သုံးဦးလည်းမသေဘူး ။ ဘယ်လောက်ပဲ ကားက မဆင်
မခြင်မောင်းမောင်း လမ်းဖြတ်ကူးတဲ့ သူက စိတ်ချရတဲ့ အချိန်ကူးရင်
တိုက်စရာအကြောင်းလည်းမရှိဘူး" ဟု သုံးသပ်ပြောသည်။
လမ်းဖြတ်ကူးသည့်အချိန်တွင် ဘယ်ကြည့် ၊ ညာကြည့် ၊ ဘယ်ပြန်ကြည့် ၊
ညာပြန်ကြည့် သည့် စနစ်ဖြင့် လမ်းဖြတ်ကူးသင့် ပြီးလမ်းအသိပညာ ရှိရန်လည်း
လိုအပ်ကြောင်း မထသ ( ဗဟို )မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။
လမ်းဖြတ်ကူးသူများအား တိုက်မိသော ယာဉ်များအား သက်ဆိုင်ရာ နယ်မြေ
ယာဉ်ထိန်းရဲ မှ အမှုဖွင့် အရေးယူထားကြောင်း စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ
သိရသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment