Monday, September 16, 2013
အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံရေး/စစ်ရေးဆိုင်ရာအဖွဲ့အောက်က
လက်နက်ဖျက်သိမ်းရေးနဲ့လျှော့ချရေးဆိုင်ရာရုံး အရာရှိတွေ မြန်မာပြည်ကို
ဒီရက်ပိုင်းအတွင်း လာမယ်လို့ အမေရိကန်သံရုံးက ဒီမနက် ဖေ့ဘုတ်မှာ ကြေညာပါတယ်။
မြန်မာပြည်မှာရှိတဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆိုင်ရာ အခက်အခဲများနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် လာကြမှာပါ တဲ့။ မကြာသေးခင် မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်
တွေကြောင့် ဒီအကြောင်းအရာကို ဆွေးနွေးနိုင်တာဖြစ်ပါတယ်။
နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်
ထိခိုက်ခဲ့ရသူတွေကို မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့အကူအညီ ပေးဖို့၊ လက်ရှိ
ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်ကို အထောက်အကူ ပေးဖို့အတွက် အမေရိကန်
အစိုးရက ကြိုးပမ်းနေပါတယ် တဲ့။အမေရိကန်အစိုးရက မိုင်းနဲ့ပတ်သက်တဲ့ပညာပေးအစီအစဉ်၊ စစ်တမ်းကောက်ယူမှု၊ ရှင်းလင်းမှု အစရှိတာတွေ လုပ်ကိုင်ချင်နေတာပါ။
ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့၊ ရန်စောင်နေတဲ့နယ်မြေတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေပါတယ်။
မိုင်းတွေက ထိရောက်တဲ့ ဗျူဟာမြောက်လက်နက်တွေ ဖြစ်ပါတယ်။
ရှေ့တန်းမှာ မိုင်းကြောင့် ခြေထောက် ထိခိုက်သွားသူကို သယ်ဖို့အတွက် ဆိုရင် အနည်းဆုံး လူ ၂ ယောက် လိုပါလိမ့်မယ်။
ရန်သူရဲ့ အင်အားကို ထိခိုက်စေ၊ စိတ်ဓာတ်ကို ပျက်ပြားစေတဲ့ လက်နက်ပါပဲ။
မိုင်းကြောင့် ကိုယ့်တပ်စခန်းကို လုံလုံခြုံခြုံ ကာကွယ်နိုင်ကြပါတယ်။
လူအများအပြားကို ထိခိုက်ဒဏ်ရာရ သေဆုံးစေတဲ့ ဖျက်အားပြင်းမိုင်းတွေလည်း ရှိပါတယ်။
အသုံးဝင်လွန်းတဲ့ ဒီမိုင်းတွေက ရန်သူကို ပစ်မှတ်ထားတယ် ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီး ထိခိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။
အဆိုးဆုံးကတော့ အရပ်သားတွေကို ထိခိုက်တာပဲဖြစ်ပါလိမ့်မယ်။
ကချင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိသဖြင့် ကလေးတဦးသေဆုံး http://burma.irrawaddy.org/archives/31769 ဆိုတဲ့ သတင်းကို ဖတ်ရင် အရပ်သားတွေ ဘယ်လောက်အထိ အန္တရာယ်ရှိနေတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။
မြန်မာပြည်မှာ တိုက်ကြခိုက်ကြတာတွေ ရန်စောင်တာတွေက ဆက်ဖြစ်နေသေးတဲ့အတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေး၊
ပညာပေးရေး၊ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို အကူအညီပေးရေးတွေကို လုပ်ကိုင်ဖို့
မြန်မာအစိုးရက အစပျိုးနိုင်တဲ့ အခြေအနေ သိပ်မရှိသေးဘူးလို့ ယူဆရပါတယ်။
ဧရာဝတီ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment