Wednesday, September 18, 2013
မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ရောင်းချနေသော မြန်မာဇာတ်လမ်း၊ မြန်မာသီချင်းခိုးကူးခွေများကိုသာ ဖမ်းဆီးနိုင်ရေးအတွက် အဓိကဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး
နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေများကို ဖမ်းဆီးရန်အတွက်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်
ဖိအားပေးတိုက်တွန်းခဲ့ခြင်းမရှိခဲ့သလို သက်ဆိုင်မှုလည်းမရှိကြောင်း
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံအတွင်းရှိ ခိုးကူးခွေအရောင်းဆိုင်များကို ဖမ်းဆီးရာ၌
မြန်မာသီချင်း၊ မြန်မာဇာတ်လမ်းခွေနှင့် ညစ်ညမ်း
ခွေများရောင်းချခြင်းမတွေ့ရဘဲ နိုင်ငံခြားကားဇာတ်လမ်းခွေများကိုသာ
ရောင်းချနေသည်ကို ဖမ်းဆီးအရေးယူခံရမှုများရှိနေသည့်အတွက်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအပေါ် ခိုးကူးခွေရောင်းချနေသူများက
ဝေဖန်ပြောဆိုနေကြသည်ဟု ဦးလူမင်းက ဆိုသည်။ “ ရုပ်ရှင်အစည်းအရုံးက
ခိုးကူးခွေတွေကို ဖမ်းဆီးတယ်ဆိုတာ အဓိကက မြန်မာဇာတ်ကား မြန်မာခွေ မြန်မာ
သီချင်းခွေတွေကိုပဲ ဦးတည်ချက်ထားပြီးလုပ်ခဲ့တာပါ၊ နိုင်ငံခြားဇာတ်ကားတွေကို
ဖမ်းဆီးဖို့ထိန်းသိမ်းဖို့ အရေးယူဖို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး၊ ဒါက
ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်ချက်ပါ ၊ရုပ်ရှင်အစည်းအရုံးက
ဒီကိစ္စမှာ ဖိအားပေးခြင်း အကြံပေးခြင်းတွန်းအားပေးခြင်း အကြံပြုခြင်း
တောင်းဆိုခြင်း လုံးဝမရှိပါဘူး” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌဦးလူမင်းက ပြောသည်။
ခိုးကူးခွေရောင်းသူများအနေဖြင့်
မြန်မာဇာတ်လမ်းခွေများကို မရောင်းချသော်လည်း နိုင်ငံခြားဇာတ်လမ်း
ခိုးကူးခွေများ ရောင်းချနေခြင်းသည်လည်း ဥပဒေနှင့်မညီညွတ်ကြောင်း၊
လမ်းဘေးခိုးကူးခွေ အရောင်းဆိုင်များ ဖမ်းဆီးအရေးယူ နေခြင်းမှာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း ၎င်းက
ဆက်ပြောသည်။
အဆိုပါ ဆင်ဆာမဲ့ခိုးကူးခွေရောင်းချနေသူများကို
စီမံချက်များဖြင့် ဖမ်းဆီးနေသော်လည်း ခိုးကူးခွေဆိုင်ဖွင့်သူများမှာ
မိမိဖွင့်လှစ်သည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် နားလည်မှုရယူ၍
ရောင်းချဆဲဖြစ်သည်ကို တွေ့ရသည်။
“ ညစ်ညမ်းနဲ့ မြန်မာခွေတွေကို
မရောင်းပါဘူး၊ နိုင်ငံခြားဇာတ်ကားသီးသန့်ပဲ ရောင်းတယ်၊
ဒါကိုခွင့်ပြုပေးသင့်တယ် လို့လည်း ထင်တယ်၊ ဒါပေမဲ့ ရဲကဖမ်းတာပဲ(
၃၂/က)(၃၂/ခ)နဲ့ ညှိတယ်ပြောတယ်၊ ဘယ်က ဖမ်းခိုင်းတယ် ဆိုတာ အတိအကျမသိရပေမယ့်
ရဲပြောတာတော့ ရုပ်ရှင်အစည်းအရုံးကဖမ်းခိုင်းတာ ငါတို့လည်း မသိဘူး”ဟု
ရန်ကုန်မြို့၌ ခွေဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောသည်။
ဆင်ဆာမဲ့ ခိုးကူးခွေအရောင်းဆိုင် ဖွင့်သူများသည် ဆိုင်ဖွင့်နိုင်ရန်အတွက်
တစ်လလျှင်တစ်ကြိမ် မိမိဆိုင်ဖွင့်မည့် မြို့နယ်
ရဲများအားလမ်းကြောင်းကြေးအဖြစ် ငွေကျပ်(၃၅၀၀၀)ပေးရကြောင်း၊
လမ်းကြောင်းကြေးပေးပါက အဖမ်းအဆီးရှိလျှင် ကြိုတင်အကြောင်းကြားပေးပြီး
လမ်းကြောင်းကြေးမပေးဘဲ ဖွင့်မည်ဆိုပါက ဖမ်းဆီးကြောင်း ၎င်းက ပြောသည်။
ဆင်ဆာမဲ့ ခိုးကူးဗီဒီယိုခွေများဖမ်းဆီးရမိပါက ရုပ်မြင်သံကြားနှင့်
ဗီဒီယိုဥပဒေပုဒ်မ (၃၂/က)နှင့်(၃၂/ခ)ဖြင့် အရေးယူ ဆောင်ရွက်ပြီး
ညစ်ညမ်းခွေဆိုပါက ပုဒ်မ(၂၉၂)ဖြင့် အရေးယူကြောင်းသိရသည်။
အဆိုပါ
တရားမဝင်ဆင်ဆာမဲ့ခိုးကူးခွေများ၊ ညစ်ညမ်းခွေများကိုကြည့်၍
ပြည်သူလူထုအနေဖြင့် အတုယူစမ်းသပ်နေမှု ကြောင့် အကျင့်စာရိတ္တပိုင်းကို
ထိခိုက်စေရုံသာမက လူသတ်မှုများ၊ ရာဇဝတ်မှုများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုများ၊
မုဒိမ်းမှုများစသည့် ရာဇဝတ်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးရာရောက်ပြီး
တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှ တရားမဝင်ဆင်ဆာမဲ့နှင့် ညစ်ညမ်းအခွေများကို
တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စီမံချက် ဖြင့် ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၃ ခုနှစ်
ဇန်နဝါရီမှ သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်း(၄၃၀)ရှိခဲ့ပြီး
အခွေပေါင်း ၅၁၀၀၀၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိခဲ့သည့်
အခွေများကို၂၀၁၃ ခုနှစ် စက်တင်ဘာ(၄)ရက်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးပြတိုက်၌
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့နှင့်
ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍
ဖျက်ဆီးခဲ့သည်ဟု သိရသည်။
Myit Ma Kha Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment