ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများပြန် လည်ခေါ်ယူနိုင်ရန် အတွက် ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် ရုရှားလေ ယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့စေလွှတ် ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။
မော်စကိုမြို့ အတွင်းရှိ Domodedovo လေယာဉ်ကွင်းမှ Yak-42
လေယာဉ်သည် မွန်းလွှဲပိုင်း၌ ထွက်ခွာခဲ့ပြီး မိနစ်အနည်းငယ်တွင် Ramenskoye လေယာဉ်ကွင်းမှ II-76 လေယာဉ်သည် လက်ဘနွန်
နိုင်ငံသို့ ထွက်ခွာသွားကြောင်း အရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီး ဌာန၏ ပြန်ကြားရေး ဌာနမှ Inter Fax သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ လေယာဉ် ၂ စီးသည် ဆီးရီးယား နိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဆန္ဒရှိသော ရုရှားလူမျိုး ၁ဝဝ နီးပါး အား ပြန်လည်ခေါ် ယူမည် ဖြစ်ပြီး ၎င်းခေါ်ယူမှုသည် အန္တရာယ်ရှိရာ အရပ်ကို စွန့်ခွာခြင်း မဟုတ်ကြောင်း ၎င်းဌာနက အလေး ထား ပြောကြား ခဲ့ပါသည်။
http://www.myawady.net.mm/allnews/global/item/5156-2013-01-23-15-27-42#.UQCVTO72usc
မြ၀တီ

No comments:
Post a Comment