"အများစုကတော့ အကြုံပြုချက်တွေ ဆွေးနွေးတာများတယ်။ အလုပ်လုပ်ဖို့ ရုံးခန်းတစ်ခုဖွင့်ဖို့တော့ သဘောတူခဲ့ကြတယ်"ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သူ ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီမြန်မာ)ကပြောသည်။
အစည်းအဝေးတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဦးကိုကိုကြီးက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးထားပေးရန်နှင့် အတွင်းရေးမှူးဦးကျော်ရင်လှိုင်က ကော်မရှင်လက်အောက်တွင် အဖွဲ့ ၈ ဖွဲ့ထပ်မံဖွဲ့စည်းရန် တင်ပြခဲ့ကြသည်ဟု ဒေါ်သန်းသန်းနုကပြောသည်။
ဦးကျော်ရင်လှိုင်တင်ပြသော အဖွဲ့ ၈ ဖွဲ့ထဲတွင် ပဋိပက္ခဖြစ်ပွားခြင်းနှင့် အဖြစ်မှန်ရှာဖွေရေးအဖွဲ့၊ ဆုံးရှုံးမှုများ လေ့လာရေးအဖွဲ့၊ ငြိမ်းချမ်းရေး နှင့် ဥပဒေစိုးမိုးရေးအဖွဲ့၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေးအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့တို့ ပါဝင်သည်ဟု သတင်းရရှိသည်။
ပထမဆုံးအကြိမ်ပြုလုပ်သော အစည်းအဝေးသို့အဖွဲ့ဝင် ၂၇ ဦးထဲမှ ၂၀ ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment