Monday, August 20, 2012
ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး
ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပါသည်။
(၁) ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော ၂၀၁၂ ခုနှစ် စာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
(၂) တောင်သူလယ်သမားနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခြင်း။ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။
(၃) အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း၊ သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်း၊ အတည်ပြုချက် ရယူခြင်း။
မြန်မာနိုင်ငံအတွက်လျှပ်စစ်ရရှိရေးထပ်မံပြည့်ဝအောင်လုပ်ဆောင်သွားမည်
မြန်မာနိုင်ငံ၏ လျှပ်စစ်ရရှိရေးကိစ္စများကို ထပ်မံပြည့်ဝအောင်လုပ်ဆောင်သွားရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကပြောသည်။ယခင်ထက် စွမ်းအင်ပြည့်ဝရန် အကြံဥာဏ်များစဉ်းစားနေကြောင်း၊နိုင်ငံခြားတိုင်းပြည်များနှင့် ချုပ်ဆိုထားသော စာချုပ်ကိစ္စများရှိနေသေးကြောင်း ၄င်းက ထပ်လောင်းပြောသည်။ပထမ အကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပရာ၌ ရန်ကုန်တိုင်းဒေသကြီးမဲ ဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာတင်ရွှေ၏ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သောအခြေအနေနှင့် ပတ်သတ်၍ သဘာဝဓါတ်ငွေ့နှင့်လေဆီများထွက်သည့်အောင်သင်္ခ(၂) ၊ရှာဖွေရေးတွင်းအား ထိုင်းနိုင်ငံ ကုမ္ပဏီတွင်းတူးစက်ဖြင့် တူးလျက်ရှိရာ တွင် အောင်မြင်မှု ရှိမရှိနှင့် စပ်လျဉ်သည့်မေးခွန်းကို ၄င်းက ယင်းသို့ဖြေကြားခဲ့သည်။
ထို့ပြင် (၁) မန္တလေးတိုင်း၊သာစည်မြို့နယ်၊ယင်းမာပင် ကျေးရွှာရှိအခြေခံပညာ အထက်တန်းကျောင်းခွဲအား အထက်တန်းအဆင့်တိုးမြင့်ပေး ရန်ကိစ္စ၊(၂) မကွေးတိုင်းချောက်မြို့နယ်၊ရွာမကျေးရွာရှိ မူလွန်ကျောင်းကို အလယ်တန်းကျောင်းခွဲ အဖြစ်အဆင့်တိုးပေးရန်၊(၃) မိတ္ထီလာ မြို့နယ် ရေဝေအထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ်တိုးမြင့်ပေးရန်၊(၄) ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဟောင်ပါး ကျေးရွာ တွဲဖက် အထက်တန်းကျောင်းကို အထက်တန်းကျောင်းခွဲ အဖြစ် အဆင့်မြင့်ပေးရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၎ဦး တို့က စသည့်မေးခွန်းတို့ကို မေးမြန်းပြီးပြည်ထောင်စု အဆင့်မှ ပြန်လည်ဖြေကြားရာတွင် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုဝန်ကြီး က မေးခွန်း(၁)၊(၂) တို့တွင် အစီစဉ် မရှိသေးကြောင်းနှင့် မေးခွန်း(၃) နှင့် (၄) တို့အား လာမည့် ၂၀၁၃.၁၄ ခုနှစ် ပညာသင်နှစ်တွင် တိုးမြင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြေကြားခဲ့သည်။
ဆုံနေကြ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-



No comments:
Post a Comment