သြဂုတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာအား ၀င်ရောက်
ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။
“ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေခ်ျ့က
အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ
ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ကဒ်တွေ၊
စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ
ဖမ်းမိတယ်” ဟု သူက ပြောသည်။
သို့သော် လက်နက်တွေ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရရှိမိခြင်း မရှိကြောင်း ဆိုသည်။
ကုလားချောင်းကျေးရွာမှ ဆရာမ တစ်ဦးကလည်း သူတို့ဒေသ၏ နောက်ဆုံး အခြေအနေကို ယခုလို ပြောသည်။
“ အခုတော့ အခြေအနေ အေးအေး ဆေးဆေး ရှိပါတယ်။ သူတို့ထဲက တစ်ဦးကိုဘဲ
ဖမ်းမိပါတယ်။ ကျန်တဲ့သူတွေကို မမိသေးပါဘူး။ လိုက်လံရှာဖွေနေတုန်းဘဲ
ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဘင်္ဂလာမှ အဖွဲ့သည် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းတွင်
တည်ရှိသော ကုလားချောင်းကျေးရွာ အနီး ပြင်ချောင်းထဲတွင် ဘင်္ဂလာဒေခ်ျ့
အလံများကို ထောင်ပြီး စက်လှေ နှစ်စီးနှင့် ၀င်ရောက်လာစဉ် ဒေသခံ
ကျေးရွာသားများနှင့် ထိပ်တိုက်တိုးပြီး ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။
၎င်းနောက်ပိုင်း စစ်သားများ လိုက်လာသဖြင့် ထွက်ပြေးရာ စက်လှေ တစ်စီးကို
ဖမ်းမိပြီး ကျန်တစ်စီးမှာ လွှတ်မြှောက်သွားခဲ့သည်။
ယခု ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများမှာ စက်လှေပေါ်မှာ ရှာဖွေတွေ့ရှိသော
ပစ္စည်းများ ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
ယခု ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်ရောက်လာသူများမှာ ဒေသခံများတိုက်ခိုက်ရန်နှင့်
မတည်ငြိမ်မူများကို ဖန်တီးရန် ၀င်ရောက် လာသူများ မဟုတ်ဘဲ ကျွဲနွားများကို
ခိုးယူရန် ၀င်ရောက်လာသူများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက ပြောဆိုသည်ဟု
သူက ဆိုသည်။
သို့သော်လည်း အာဏာပိုင်များက အဆိုပါ ဒေသတွင် ယခုအခါ လုံခြုံရေးကို
တင်းကျပ်ထားပြီး စစ်သားများလည်း ကင်းလှည့် သွားလာနေကြသည်ဟု ဒေသများက
ပြောဆိုသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment