Tuesday, July 17, 2012

ချက် နိုင်ငံ ဒု ၀န်ကြီးချုပ်နှင့် ၈၈ အဖွဲ့တွေ့ဆုံ

ချက် ရီပတ်ပလစ် သမ္မတနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Karel Schwarzenberg ဦးဆောင်သည့် အဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာပြီး ညနေပိုင်းတွင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် တွေ့
ဆုံခဲ့တယ်လို့သိရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားများလိုအပ်နေတဲ့ ရန်ပုံငွေအတွက်လည်း ပေးအပ်သွားခဲ့ပါတယ်။ ထို့အပြင် ယင်းချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံ စေတီတော်သို့ တက်ရောက်ကြည်ညိုကြကြောင်းလည်း ယနေ့ထုတ် အစိုးရ သတင်းစာ၌ ဖော်ပြထားသည်။ ယင်းအဖွဲ့သည် အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမယ်လို့သိရပါတယ်။ ယနေ့တွင်လည်း ရန်ကုန်အခြေစိုက် လူထုအခြေပြု လူ့အဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိကြောင်း လည်း သိရသည်။

No comments:

Post a Comment

My Blog List