ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ က ဝပ်ဆိုင်းမွန်း မြန်မာ ကျောင်းမှာ မြန်မာ ဆရာတော်
ကျောင်းထိုင် ခန့်အပ်ရေး အတွက် ဘန်ကောက် မြန်မာသံရုံးက သံအမတ်
ကြီးနဲ့အဖွဲ့ ဒီကနေ့ ဘုန်းကြီး ကျောင်းကို လာရောက် လေ့လာပါတယ်။
မြန်မာသံအမတ် ဦးတင်ဝင်းနဲ့အဖွဲ့ဟာ ဝပ်ဆိုင်းမွန်းကျောင်းက မြန်မာ
သံဃာတွေ၊ ဝပ်ဆိုင်းမွန်း မြန်မာဗုဒ္ဓဘာသာ အသင်းဝင်တွေ၊ ချင်းမိုင် အခြေစိုက်
စေတနာ နာရေးကူညီမှု အသင်းဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံကြရာမှာ မြန်မာဘုန်းတော်ကြီးတပါး ကျောင်းထိုင်ထားရှိရေးနဲ့
ပတ်သက်ပြီး မြန်မာသံရုံး အနေနဲ့ အတတ်နိုင်ဆုံး ကူညီမယ်၊ နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်လည်း မကြာခင် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးလာဖို့ ရှိတာကြောင့်
ဒီအကြောင်း သမ္မတကို တင်ပြမယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။
"အချက်လက်တွေရှာခိုင်းတော့ မြန်မာဘုန်တော်ကြီးကျောင်းက တရာကျော်တောင်
ရှိတာလေ ။ တဖြည်းဖြည်း လျော့လာတာ အခုကအရမ်းနဲသွားပြီ။ ဒီမှာဆို ဒီတကျောင်းပဲ
ကျန်တော့တာကို ၊ နည်းလမ်းတခုကတော့ သမ္မတကြီး ခရီးစဉ်ရှိတယ်။ သမ္မတကြီး
ခရီးစဉ်မှာ သမ္မတကြီးနဲ့ ဒီဘက်က ဝန်ကြီးချုပ်နဲ့ ပြောကြဆိုကြဆိုတဲ့ အခါမှာ အဲဒါလေး
ထည့်ပြောဖို့ဆိုတာ ကျနော် သမ္မတကြီးကို တင်ပြမယ်လေ။ သမ္မတကြီးက အကြမ်းဖျင်း
တော့ သိထားတာ ရှိမယ်ထင်တယ်။"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို လာရောက်
လည်ပတ်မှာဖြစ်ပြီး ဒီအကြောင်းကို စာနဲ့ကြိုတင် အစီရင်ခံမယ်
လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ဝပ်ဆိုင်းမွန်း ဆရာတော် ဦးအာသဘ ပျံလွန်ခဲ့ပြီး
တဲ့နောက် ထိုင်းသံဃာ့နာယက အဖွဲ့က ဒီကျောင်းမှာ ထိုင်းဆရာတော်တပါး
ကျောင်းထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ချင်းမိုင်မှာ မြန်မာပြည်သား ဗုဒ္ဓဘာသာဝင် ၂ သိန်းလောက် ရှိတာကြောင့် မိမိတို့
ရိုးရာအစဉ်လာ အတိုင်း ဝပ်ဆိုင်းမွန်းကျောင်းမှာ မြန်မာသံဃာတွေ
ကပဲ အုပ်ချုပ်ဖို့ မြန်တွေဘက်က တောင်းဆိုနေကြတာပါ။
မြန်မာနိုင်ငံ သံဃမဟာနာယက အဖွဲ့ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း
လေးရာကျော်ကတည်းက မြန်မာ ဘုန်းတော်ကြီးတွေ အဆက်ဆက်
ကျောင်းထိုင်ခဲ့တဲ့ ဒီကျောင်းမှာ မြန်မာသံဃာတွေပဲ ဆက်လက်
ကျောင်းထိုင်ခွင့်ရရေး အကူညီပေးဖို့ ဘန်ကောက်က မြန်မာသံရုံးကို ပြီးခဲ့တဲ့လက
စာပို့ထားကြောင်း သိရပါတယ်။
သစ်ထူးလွင်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment