Friday, July 20, 2012

မြန်မာနိုင်ငံအတွင်း အချို့ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်ထက်နည်းပါး

မြန်မာနိုင်ငံအတွင်း အချို့ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်ထက်နည်းပါးပြီး တောင်သူလယ်သမားများ ဒုက္ခရောက်နေကြပါတယ်။ မိုးဦးကျမှာသီးနှံများစိုက်ပျိုးထားပြီး မိုးရွာသွန်းမှုနည်းနေတာကြောင့် သီးနှံပင်များညှိုးနွမ်းကာ ပျက်စီးမယ့်အနေအထားရှိတယ်လို့သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းဘက်မှာလည်း တစ်ချို့တောင်သူတွေဟာ စပါးပျိုးများချထားပြီး မိုးခေါင်မှုကြောင့် အခုထိ လယ်ယာစိုက်ပျိုးနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ ဒါ့ကြောင့် တောင်သူလယ်သမားတွေ အနေနဲ့ မိုးလေဝသအခြေအနေပေါ်မူတည်ပြီး ၀င်ငွေရမဲ့သီးနှံတွေကို အစားထိုးစိုက်ပျိုးဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည် မြောင်းဝန်ကြီးဌာနက နှိုးဆော်လိုက်ပါတယ်။ အခုနှစ် မိုးရာသီမှာ မိုးရွာသွန်းမှုနောက်ကျတာနဲ့ မိုးရေချိန်လက်မ နည်းပါးတာတွေကြောင့် စပါးစိုက်ဖို့အတွက် မိုးရေလုံလောက်စွာ မရနိုင်ဘူးလို့ ဆိုပါတယ်။ ဒီ့အတွက် တခြားဝင်ငွေရ သီးနှံတွေကို အစားထိုးစိုက်ပျိုးဖို့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနက ညွန်ကြားထားတာ ဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List