Monday, July 09, 2012
၈၈ ရဲ့ ပွင့်လင်း လူအဖွဲ့အစည်း တွံတေး ခရီးစဉ်
ယမန်နေ့ ဇူလိုင်လ၊ ၈ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ရန်ကုန်တိုင်း တွံတေးမြို့ကို ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ်သွားရောက်ခဲ့ကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး တို့က တာဝန်ရှိသူတွေလည်း လိုက်ပါသွားခဲ့ကြပါတယ်လို့ သိရပါတယ်။မနေ့က မနက် ၁၀ နာရီမှာ တွံတေးမြို့ ဘိုးဘွားရိပ်သာ ၀င်းအတွင်းက မိဘဂုဏ်ခန်းမမှာ တွံတေးမြို့နယ် ဒီမိုကရေစီ ကွန်ယက်က ဦးစီးကျင်းပတဲ့ “ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ” မှာ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ တို့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း ပြောကြားကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အတူလိုက်ပါသွားတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီက စည်သူမောင်နဲ့ အောင်ကျော်ကျော်၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ထက်ပိုင်အောင်တို့ကလည်း ဟောပြောဆွေးနွေးကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများဟာ အခုလို လူငယ်တွေကို ပွဲထုတ်လာတာ သတိထားမိကြပါလိမ့်မယ်။
အနာဂတ်အတွက် အခုလို လူငယ်တွေရဲ့ တက်တက်ကြွကြွ ပါဝင်လာတာကိုလည်း မြန်မာ့လူ့အဖွဲ့အစည်းက ကြိုဆိုနေကြတာပါ။
တွံတေးမြို့နယ် ဒေသခံများက သူတို့ လက်ငင်း ကြုံတွေ့ခံစား နေကြရတဲ့ ကိစ္စတွေကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မမီးမီးတို့နဲ့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ အခမ်းအနားကို ငြိမ်းချမ်းစွာနဲ့ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-





No comments:
Post a Comment