Tuesday, July 10, 2012
ကချင်ဒုက္ခသည်တို့အတွက် ၈၈ ကျောင်းသားများ သိန်း ၉၀ လှူ
၈၈ ကျောင်းသားခေါင်းဆောင်များ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့မှ ကချင်စစ်ပြေး ဒုက္ခသည်များ ဘော်ဒါဆောင် ဆောက်လုပ်ရန်နှင့် ဒုက္ခသည်များအတွက် ကူညီငွေ စုစုပေါင်း သိန်း ၉၀ လှူဒါန်းခဲ့သည်ဟု ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
မိုင်ဂျာယန်မြို့နယ်မှ စစ်ပြေးဒုက္ခသည် ကလေးများ၏ ဘော်ဒါဆောင် တည်ဆောက်ရန် သိန်း ၅၀၊ တရုတ်-မြန်မာ နယ်စပ် မိုင်တိုင် ၆ နေ စစ်ပြေးဒုက္ခသည်တို့အတွက် သိန်း ၂၀နှင့် လိုင်ဇာမြို့ ဒုက္ခသည်များအတွက် သိန်း ၂၀ လှူဒါန်းခဲ့သည်ဟု ဆိုသည်။
ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အာင်၊ မနီနီလွင်နှင့် မစန်းစန်းမော် တို့ ခြောက်ဦးသည် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ တွဲဖက်အတွင်းရေးမှူး ဦးလနန်တို့နှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့ရာ စစ်ပြေးဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ
ဖြစ်ပွားနေပြီး ဆေးဝါးနှင့် အစားအသောက်၊ ပညာရေးတို့တွင် အခက်အခဲများ ရှိနေသည်ဟုလည်း ကိုမြအေးက
ပြောသည်။
“စစ်ပြေးဒုက္ခသည်တွေကို တွေ့ရတဲ့ အခြေအနေကတော့ စိတ်ချမ်းသာစရာ မရှိဘူး” ဟု ကိုမြအေးက ဆိုသည်။
အလားတူ အခြား Kachin network Groupမှ ဦးမရန်ဂျော်ဂွန်း ဦးဆောင်သောအဖွဲ့၊ မြန်မာတိုင်းမ်၊ ကလေးများ ချစ်သူ ကွန်ယက်၊ ပန်းရဲ့လမ်း၊ One more စသည့် အဖွဲ့များ အပါအဝင် ခြောက်ဖွဲ့ခန့် လိုင်ဇာမြို့တို့ လာရောက် စစ်ပြေး ဒုက္ခသည်များကို လေ့လာခဲ့သည်ဟု ဦးဒွဲပီဆားက ပြောသည်။
ထို့ပြင် KIO ဗဟိုကော်မတီနှင့် ထပ်မံ တွေ့ဆုံခဲ့ရာ နိုင်ငံရေးအရ တွေဆုံခြင်း မဟုတ်ဘဲ အလွတ်သဘော တွေ့ဆုံခြင်း
ဖြစ်ကာ ကချင်ဒုက္ခသည်များအား လူသားချင်းစာနာသောအားဖြင့် လာရောက်လေ့လာခြင်းဖြစ်ကြောင်း KIO ပြောခွင့်ရ သူ ဦးလနန်က ပြောသည်။
“ဒီနိုင်ငံရေး ပြဿနာကို အစိုးရနဲ့ ကချင်တိုင်းရင်းသားတွေဘဲ ပြေလည်အောင် ဖြေရှင်းလို့ မရဘူး။ ဒါကြောင့် ပြည်တွင်း မှာ ရှိနေတဲ့ အင်အားစုတွေ၊ ဒီပြဿနာရဲ့ အခြေအမြစ်တွေကို ကောင်းကောင်း လေ့လာပြီးမှ ဝိုင်းလုပ်ရမဲ့ ကိစ္စပါ။ ဒီလို လာတဲ့အတွက် ကချင်ဒေသမှာ ဖြစ်နေတဲ့ ပြဿနာ အစစ်အမှန်ကို သူတို့ လေ့လာသွားလာနိုင်မယ်”ဟု ပြောသည်။
၈၈ ကျောင်းသားများအပြင် လူမှုရေး အဖွဲ့အစည်းများလည်း လာရောက်မည်ဆိုပါက ကြိုဆိုလျက် ရှိပြီး ယင်းသို့
တွေ့ဆုံခြင်းအားဖြင့် တနိုင်ငံလုံး အတိုင်းအတာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို လုပ်ဆောင်မှုမှာ ပိုမိုအား ကောင်းလာနိုင် မည်ဟု သူက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကချင်ပြည်နယ် မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်သည့် အထိန်းအမှတ် ဆုတောင်းပွဲနှင့် မြစ်ကြီးနားမြို့မှ ကချင်စစ်ပြေး ဒုက္ခ သည်များထံ သွားရောက် အားပေးခဲ့ရာ ယခုတကြိမ်မှာ လိုင်ဇာမြို့မှ ဒုက္ခသည်များထံ သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။
KIO နှင့် ထပ်မံ တွေ့ဆုံရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း လာရောက်မည် ဖြစ်၍ လုံခြုံရေးအရ ဗန်းမော်မြို့တွင် တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းခဲ့သည်။
နှစ်ဘက် အနည်းဆုံး ငါးကြိမ်ထက်မနည်း ငြိမ်းချမ်းရေး တွေ့ဆုံခဲ့သော်လည်း အစိုးရ တပ်ဖွဲ့များ ရှေ့တန်း နယ်မြေသို့ ဆက်လက် လှုပ်ရှားနေခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်းနှင့် စစ်ဆင်မှုများ ဆက်လက် ပြုလုပ်နေ သဖြင့် နှစ်ဘက် ယုံကြည်မှု တည်ဆောက်ရန် မရှိသဖြင့် တိုက်ပွဲများ ဆက်လက် ရှိနေမည်ဟု ဦလနန်က မဇ္စျိမကို ပြောသည်။
“ယုံကြည်မှု တည်ဆောက်တာမျိုး ဘာမှ အဖြေမပေါ်ဘူး။ သူတို့ စစ်ဆင်ရေးလှုပ်ရှားလို့ ကျနော်တို့ တပ်ဘက် ပစ်ခတ်တာတွေ ဆက်လုပ်နေတယ်။ စစ်တပ်ကနေပြီးတော့ ကေအိုင်အိုကို အမြစ်ဖြတ် ချမှုန်းရေးဆိုတဲ့ မူဝါဒ ချမှတ် ထားပြီးသား၊ ဒီမူဝါဒ မပြောင်းလဲတရွေ့တိုက်ပွဲက ဆက်ဖြစ်နေမှာဘဲ။ တွေ့ဆုံမှု လုပ်နေတယ်ဆိုပေမဲ့ တပ်ဘက်က
နေ လေးလေးနက်နက် ထားတာမရှိဘူး”ဟု ပြောသည်။
လက်ရှိ အစိုးရတပ်နှင့် KIO တပ်ဖွဲ့များ KIO ၏ တပ်မဟာ ၁၊ ၄၊ ၅ နယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား
နေပြီး စစ်ရေးအရ လုံခြုံမှု မရှိသေးသဖြင့် KIO အနေဖြင့် ဗန်းမောင်မြို့သို့ သွားရောက် တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း
ငြင်းဆိုထားသည်။
ယခု ဇူလိုင်လ ၈ ရက်နေ့ထိ တိုက်ပွဲ အကြိမ်ပေါင်း ၃၆ ကြိမ် ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့သည့် ယမန်နှစ် ဇွန်လမှ ယမန်နေ့ထိ တိုက်ပွဲ ဖြစ်ပွားမှုအကြိမ် ၁,၆ဝဝ ကျော် ဖြစ်ပွားခဲ့ကြောင်း ဦးလနန်က ပြောသည်။
ဆုံနေကြ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment