Tuesday, April 24, 2012
NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ
မဟာသင်္ကြန်အကျတ်နေ့တွင်သန်လျှင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များအားတိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်ယင်းတို့၏အပေါင်းပါများကိုဖမ်းဆီးရမိပြီဖြစ်ကြောင်းသန်လျှင်မြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
သန်လျှင်မြို့နယ်၊ဗိုလ်ချုပ်ကျေးရွာသို့သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့်သန်လျှင်မြို့နယ်NLDလူငယ်များအားအမျိုးသမီးတစ်ဦးပါဝင်သည့်လူအုပ်စုတစ်စုမှအုတ်ခဲများ၊တုတ်များဖြင့်ဝင်ရောက်ရိုက်နှက်ခဲ့ကြသည်။“သန်လျှင်ကNLDပါတီဝင်ကိုညီညီဦးတိုင်ချက်ဖွင့်လို့ရိုက်နှက်ခဲ့တဲ့သူတွေကိုညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်”ဟုယင်းရဲအရာရှိက ပြောကြားသည်။အမည်မသိလူအုပ်၏ရိုက်နှက်မှုကြောင့်NLDလူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်းသန်လျှင်မြို့နယ်NLDလူငယ်တစ်ဦးက ပြောကြားသည်။အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ဖမ်းဆီးထားသူ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင်၃ဦးပါဝင်ကြောင်းသိရသည်။“ဘယ်သူကရိုက်ခိုင်းတယ်။ဘာအတွက်ကြောင့်ရိုက်တယ်ဆိုတာကတော့စစ်မေးနေတုန်းပါပဲ”ဟု၎င်းကဆက်လက်ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံးအနိုင်ရခဲ့သဖြင့်အခြားသောပါတီများ၏ ဝေဖန်မှုများကိုကြုံတွေ့နေရသည်။
သစ်ထူးလွင်(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment