Friday, April 27, 2012
တစ်နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အီတလီ နိုင်ငံခြားရေးဝန်ကြီးမစ္စတာGiulioTerziက မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများကိုလာမည့်တစ်နှစ်အတွင်းဖယ်ရှားသွားနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။
“ သိပ်မကြာမီ အနာဂတ် ကာလမှာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကျေနပ်လောက်စရာတွေ တွေ့ရနိုင်တာကြောင့် လာမယ့်တစ်နှစ်အတွင်း ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၄င်းက ဖြေကြားခဲ့သည်။
၎င်းကမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်မသွားအောင် အီတလီနိုင်ငံက အပြည့်အ၀ ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ အထူးသဖြင့် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။
ထို့ပြင်၎င်းက မြန်မာနိုင်ငံသည် ၄င်းတို့ဦးစားပေး ကူညီပေးမည့် နိုင်ငံစာရင်းတွင် ပါဝင်ကြောင်းလည်း ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ရဲ့ကူညီ ထောက်ပံ့ပေးမှုတွေက နည်းလမ်းမျိုးစုံနဲ့ စတင်နေပါပြီ။ နောင်ဆိုရင် ဒီထက်ပိုလာဖို့ပဲ ရှိပါတယ်။ အခုဆို ရင် အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံ တကာ အေဂျင်စီတွေဟာ ဖွံ့ဖြိုးမှု ဆိုင်ရာစီမံကိန်းတွေမှာ ကူညီဖို့ စိတ်ဝင်စားနေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းခံရတဲ့ သူတွေကိုလည်း ကူညီဖို့အစီအစဉ်တွေရှိပါ တယ်” ဟု ၄င်းကဆိုသည်။
မစ္စတာ Terzi သည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ရွှေ့ဆိုင်းအပြီး ၃ ရက်အကြာတွင် မြန်မာနိုင်ငံသို့ ၄င်း၏ ပထမဆုံး ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment