Tuesday, April 24, 2012
ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်း တည်ထောင်ရန် တိုကျိုစတော့အိပ်ချိန်းနှင့် သဘောတူညီချက် ရရှိ
မြန်မာနိုင်ငံ၏ပထမဦးဆုံးသောစတော့အိပ်ချိန်းများ ဖြစ်လာမည့်ရန်ကုန်နှင့်မန္တလေးစတော့အိပ်ချိန်းများတည်ထောင်နိုင်ရန်ဂျပန်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကိုလာမည့် မေလအတွင်းကျင်းပသွားရန်ရှိကြောင်းဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးအသိုင်းအ၀ိုင်းထံမှသတင်းရရှိသည်။ဧပြီလ၁၁ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊TokyoStockExchangeGroupInc. နှင့်DaiwaSecuritiesGroupInc.တို့အကြားသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီးလာမည့်မေလတွင်နားလည်မှုစာချွန်လွှာ ရေးထိုးသွားမည် ဖြစ်သည်။
Daiwa Institute of Research ဥက္ကဋ္ဌ Takashi Fukai က “လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် တည်ထောင်မှုကို အဆင့်သစ် တိုးမြှင့်နိုင်ဖို့အတွက် တိုကျိုစတော့အိပ်ချိန်းနဲ့အတူ အားတက်သရော ကူညီသွားမှာပါ” ဟု ပြောကြားခဲ့သည်။ တိုကျိုစတော့အိပ်ချိန်း ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ Atsushi Saito ကလည်း “မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာဖို့အပြင် နိုင်ငံရဲ့ကဏ္ဍစုံ တိုးတက်လာဖို့ကိုပါ ကူညီဆောင်ရွက်ပေးသွားမှာပါ”ဟု ဆိုပါသည်။ Daiwa Institute of Research အနေဖြင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖော်ဆောင်ပေးနိုင်ရန် အဓိကပံ့ပိုး ကူညီပေးလျက်ရှိပြီး ခေတ်မီဘဏ္ဍာရေးစနစ်နှင့် အိုင်တီနည်းပညာများ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးနေကာ တိုကျိုစတော့အိပ်ချိန်းမှ မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ရန် နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ငွေချေးစာချုပ် ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံအကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်တွင် ပြုလုပ်သော မြန်မာ့အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
Myanmar Express
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment