Wednesday, April 25, 2012
မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှု လျော့ကျနေသည့် အတွက် ဇီဝမျိုးစုံမျိုးကွဲများ တစ်နေ့တခြား လျော့ပါးပျောက်ကွယ်မှု ရှိလာ
မြန်မာနိုင်ငံအတွင်းသစ်တောဖုံးလွှမ်းမှုများ လျော့ကျနေသည့်အတွက်ယင်း၏သက်ရောက်မှုအနေဖြင့်ဇီဝမျိုးစုံမျိုးကွဲများတစ်နေ့တခြား လျော့ပါးပျောက်ကွယ်မှုရှိလာကြောင်းသတင်းရရှိပါသည်။“သစ်တောသယံဇာတကိုတရားဝင်ရောတရားမ၀င်ပါအဆမတန်ထုတ်ယူသုံးစွဲနေကြတာနဲ့ မြစ်ချောင်းအင်းအိုင်တွေမှာဓာတုအဆိပ်သင့်ညစ်ညမ်းမှုရှိလာတာကြောင့် ရေနေကုန်းနေသတ္တ၀ါတွေ နေထိုင်စား သောက်ဖို့ခက်လာပြီးပတ်ဝန်းကျင်လူနေမှုစနစ်ကိုပါထိခိုက်စေလာပါတယ်”ဟုFREDAမှဒုတိယဥက္ကဋ္ဌဦးအုန်းကပြောကြားသည်/
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု များပြားသည့် နိုင်ငံများတွင် အပါအ၀င်ဖြစ်နေပြီး ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ပြီးပါက နံပါတ်လေးနေရာတွင် ရှိနေသည်။
သစ်တောများပြုန်းတီးခြင်းတွင် လူနေမှုအတွက်နေရာနှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေး အတွက် အသုံးပြုခြင်း၊ သစ်ကိုစီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ပြုလုပ်ခြင်း၊ တောမီးလောင်ခြင်း၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ တိရစ္ဆာန်စားကျက်ချခြင်း အစရှိသည်တို့ ပါဝင်နေကာ ယင်း တို့အနက် အဓိကအကျဆုံးမှာ သစ်ကို စီးပွားရေးအတွက် အလွန်အကျွံထုတ်လုပ်ခြင်းဖြစ်သည်ဟု သိရှိရသည်။
အထူးသဖြင့် နယ်စပ်ဒေသများ တွင် သစ်တောပြုန်းတီးမှုများ ပိုမိုမြင့်တက်နေကာ တရုတ်နိုင်ငံနယ်စပ်နှင့် ထိုင်းနိုင်ငံနယ်စပ်တို့တွင် အဓိကဖြစ်ပေါ်နေသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ အမျိုးအစားများတွင် တောင်ပေါ်ဇီဝ မျိုးစုံမျိုးကွဲ၊ သစ်တောဇီဝမျိုးစုံမျိုး ကွဲ၊ ခြောက်သွေ့နှင့် စိုထိုင်းဆလျော့ ဇီဝမျိုးစုံမျိုးကွဲ၊ ကုန်းတွင်းရေနေဇီဝ မျိုးစုံမျိုးကွဲ၊ စိုက်ပျိုးရေး ဇီဝမျိုးစုံမျိုး ကွဲ၊ အဏ္ဏ၀ါနှင့် ကမ်းရိုးတန်းဇီဝမျိုး စုံမျိုးကွဲ၊ ကျွန်းငယ်များ ဇီဝမျိုးစုံမျိုးကွဲတို့ ပါဝင်ကြောင်း သိရှိရသည်။
အပင်မျိုးစိတ် ၁၁၈၀၀၊ ကြိမ် မျိုးစိတ် ၃၇ မျိုး၊ ၀ါးမျိုးစိတ် ၉၆ မျိုး၊ ဆေးဘက်ဝင်အပင်များ ၈၄၁ မျိုး၊ နို့တိုက်သတ္တ၀ါများ ၂၅၁ မျိုး၊ တွားသွားသတ္တ၀ါ ၂၇၂ မျိုး၊ ကုန်း နေရေနေသတ္တ၀ါများ ၈၂ မျိုး၊ ငှက် ၁၀၅၆ မျိုး၊ ပင်လယ်ငါး ၄၆၅ မျိုး တို့ကို ဒေသအသီးသီးတွင် တွေ့ရှိရ ပြီးလက်ရှိတွင်မူအချို့သောတိရစ္ဆာန် မျိုးစိတ်များမှာ အကောင်ရေလျော့ကျခြင်း၊ မျိုးသုဉ်းပျောက်ကွယ်လု အခြေအနေသို့ ရောက်ရှိခြင်းများကို ရင်ဆိုင်လာရသည်ဟု သိရှိရသည်။ တိရစ္ဆာန်မျိုးစိတ်များ လျော့ပါးပျောက်ကွယ် လာခြင်းသည် အဓိကအားဖြင့် ၎င်းတို့ နေထိုင်ပေါက်ဖွား ရှင်သန်ရာ သစ်တောမြေ နည်းပါးလာခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားသော်လည်း ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည့် လူပုဂ္ဂိုလ်၊ ဌာနဆိုင်ရာများ ရိုးသားမှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာကြောင်း ဦးအုန်း က ထောက်ပြပြောဆိုခဲ့သည်။
“နိုင်ငံတစ်ဝန်း သစ်တောကြိုးဝိုင်းဖွဲ့စည်းခြင်းကို နိုင်ငံရဲ့ ၃၀ ရာ ခိုင်နှုန်းအထိ တိုးတက်ဖွဲ့စည်းတဲ့အခါ သဘာဝထိန်းသိမ်းနယ်မြေ ဧရိယာကို ပြန်လည်စိစစ်ပြီးတော့ မူလလျာထားချက် ၁၀ ရာခိုင်နှုန်းအစား ၂၀၂၀ ပြည့်နှစ်မှာ အနည်းဆုံး ၁၅ ရာခိုင်နှုန်း အထိ တိုးချဲ့ဖွဲ့စည်းဖို့ အကြံပြုချင်ပါ တယ်”ဟု ဦးအုန်းကပြောပါသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၁၉၂၅ ခုနှစ် တွင် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၅၈ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာ ခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ၅၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၁ ရာခိုင်နှုန်းရှိသည် ဟု သိရှိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment