ယနေ့၂၀၁၂ခုနှစ်ဧပြီလ၄ရက်နေ့နေ့လည်မှာသင်္ဃန်းကျွန်းမြို့နယ်၊ဝေဇယန္တာလမ်းမှာရှိတဲ့၈၈မျိုးဆက်ကျောင်းသားများရုံခန်းကို၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဂျင်မီတို့ကို
သင်္ဃန်းကျွန်းမြို့နယ်ဈေးသူ/ဈေးသားများဖြစ်တဲ့ဦးကျင်သိန်းအပါအ၀င်(၁၅)ယောက်ခန့်လာရောက်တွေ့ဆုံခဲ့ပြီးသင်္ဃန်းကျွန်းဈေးနေရာချထားမှုကိုသင်္ဃန်းကျွန်းဈေးသာယာရေးအဖွဲ့နှင့်ဈေးများဌာနတို့ကတစ်ဖက်သတ်ဆန္ဒမဲခံယူပြီးသူတို့နေရာချထားမှုအတိုင်းပြန်လည်တည်ဆောက်နေလို့ယခင်(၁၀)ပေခန်းရရှိတဲ့ဆိုင်ခန်းပိုင်ရှင်များအတွက်နစ်နာမှုရှိလားတာကိုလာရောက်တင်ပြပြီးဘယ်လိုကူညီဆောင်ရွက်ပေးမလဲလို့လာရောက်မေးမြန်းခဲ့ကြောင်းသိရပါတယ်။၈၈မျိုးဆက်ခေါင်းဆောင်ကိုကိုကြီးမှအဆိုပါကိစ္စကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြပေးသွားပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ကအရေးယူဆောင်ရွက်ပေးခြင်းမရှိရင် နိုင်ငံတော်အစိုးရနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုအဆင့်ဆင့်ထပ်မံတင်ပြသွားမယ်၊နောက်ဆုံးအစိုးရကအရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ရင်ဥပဒေပညာရှင်များနှင့်တိုင်ပင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြရန်နှင့်လိုအပ်သည်များကို၈၈မျိုးဆက်ကျောင်းသားများကကူညီဆောင်ရွက်ပေးသွာမယ်လို့ ပြောခဲ့ပါတယ်...
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment