Friday, April 06, 2012
နယ်ဒေသများမှ မိုဘိုင်းဆင်းမ်ကတ်များ မေလရောက်မှ အသုံးပြုနိုင်မည်
ရန်ကုန်မြို့တွင်ရောင်းချလျက်ရှိသည့်နယ်ဒေသများမှကျပ်နှစ်သိန်းတန်GSMမိုဘိုင်းဖုန်းများနှင့်ကျပ်နှစ်သိန်းခွဲတန် WCDMAမိုဘိုင်းဖုန်းများသည်ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ မေလရောက်မှသာယူဆောင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်းဆိုင်အချို့မှနယ်ဒေသများတွင်ချထားပေးလျက်ရှိသည့်မိုဘိုင်းSimCardများအားဧပြီလ၉ရက်နေ့ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌စတင်ရောင်းချမည့်ကျပ်နှစ်သိန်းတန်GSMမိုဘိုင်းဖုန်းများလိုင်းပွင့်မည့်အချိန်တွင် အသုံးပြုနိုင်မည်ဟုမှတ်ထင်ကာ ရောင်းချလျက်ရှိကြောင်းနှင့်အမှန်တကယ်၎င်းနယ် ဒေသများမှမိုဘိုင်းSimCardများသည်ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ မေလအတွင်းမှသာယူဆောင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
''အခုရောင်းနေကြတာက မကွေးဘက်မှာ ရောင်းနေတဲ့ကတ်တွေနဲ့ မွန်ပြည်နယ်ဘက်မှာ ရောင်းနေတဲ့ ကတ်တွေများတယ်။ မကွေးဘက်က ဖုန်းနံပါတ်တွေက ၀၉၄၂၈၀ နဲ့စတာ။ ရန်ကုန်မှာအခု ၉ ရက်နေ့ စရောင်းမယ့် ဖုန်းတွေက ၀၉ ၄၂၀၀ နဲ့ ၀၉ ၄၂၁၀ ဂဏန်းတွေနဲ့စမှာ။ ရန်ကုန်ကထွက်တဲ့ ဖုန်းတွေက တစ်နိုင်ငံလုံးကိုယူပြီး ပြောလို့ရပါတယ်။ တခြားနယ်က ဖုန်းတွေကိုတော့ မန္တလေးစည်ပင်သာယာ နယ်နိမိတ်ထဲ ယူသုံးလို့ မရနိုင်သေးဘူး။ မန္တလေးတိုင်းဒေသကြီးထဲကိုတော့ ယူသုံးလို့ရမယ်။ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွင်းကိုတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ချထားပေးနေတဲ့ ကျပ်နှစ်သိန်းတန် ဖုန်းတွေအားလုံး မေလရောက်မှ ယူဆောင်ပြောလို့ရမှာပါ''ဟု Elite Tech Service မှ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များအတွက် ကျပ်နှစ်သိန်းတန် GSM အား ဧပြီလ ၉ ရက်နေ့နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများအား ဧပြီ ၂၃ ရက်တွင် ရောင်းချပေးမည်ဖြစ်သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment