Saturday, April 07, 2012
ဒီချုပ်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု ပေးအပ်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုအမေရိကန်လွှတ်တော်တရပ်လုံးကဂုဏ်ပြုချီးမြှင့်ထားတဲ့၂၀၀၈ခုနှစ်(CongressionalGoldMedal)လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုကိုလာမယ့်ဇွန်လ၂၀ရက်နေ့မှာအခမ်းအနားနဲ့ပေးအပ်မှာဖြစ်တယ်လို့ အောက်လွှတ်တော်အမတ်NancyPelosiရုံးကဒီကနေ့ပြောပါတယ်။
ဒီအခမ်းအနားအတွက်အောက်လွှတ်တော်ဥက္ကဋ္ဌJohnBoehnerရုံးကစီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အခမ်းအနားတက်ရောက်ဖို့ရှိမရှိဆိုတာကိုတော့တရားဝင်မထုတ်ပြန်သေးပါဘူး။ဧပြီလ၁ရက်နေ့ကကျင်းပပြီးစီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုယ်စားလှယ်တွေကို ပြည်သူတွေကရွေးချယ်တင်မြှောက်ခဲ့တာဟာမြန်မာပြည်ရဲ့အနာဂတ်ပိုပြီးကောင်းမွန်လာဖို့အဆင့်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တာဖြစ်တယ်လို့အောက်လွှတ်တော်အမတ်Ms.NancyPelosiရဲ့ မြန်မာ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးမှာသမ္မတအိုဘားမားအစိုးရရဲ့ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုတွေကိုလည်းလွှတ်တော်အနေနဲ့အသိအမှတ်ပြုကြောင်း ရေးသားထားပါတယ်။
မြန်မာအစိုးရအနေနဲ့အပြောင်းအလဲတကယ်လိုလားတယ်ဆိုတာကို ပြသတဲ့အနေနဲ့ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့၊သတင်းမီဒီယာနဲ့အင်တာနက်သုံးစွဲမှုမှာအကန့်အသတ်တွေကိုအဆုံးသတ်ဖို့နဲ့တိုင်းရင်းသား ဒေသတွေကလက်နက်ကိုင်တိုက်ပွဲတွေရပ်ဆိုင်းဖို့၊စစ်မှန်တဲ့ ပြန်လည်သင့်မြတ်ရေးကိုအကောင်အထည်ဖော်ဆောင်ရွက်ဖို့စတဲ့အချက်တွေကိုအောက်လွှတ်တော်အမတ်NancyPelosiကကြေညာချက်မှာ တိုက်တွန်းသွားပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment