Saturday, April 07, 2012
၈၈ မျိုးဆက်အဖွဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ယက်၏အစီရင်ခံစာထုတ်ပြန်
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ပါဝင်သည့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ယက်၏အစီရင်ခံအမှတ်(၁)ကိုယနေ့ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်မှုနှင့်ပတ်သက်ပြီးပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်းယနေ့နံနက်ပိုင်းက၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးခန်းတွင်ပြုလုပ်ခဲ့ပါသည်။
"အားလုံးသိပြီးသားပါ။ကျွန်တော်တို့ဒီကြားဖြတ်ရွေးကောက်ပွဲဟာကျွန်တော်တို့ပန်းတိုင်မဟုတ်ပေမယ့် ရှောင်လွှဲမရတဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့လေးလေးနက်နက်ဖြတ်သန်းခဲ့ပါတယ်။အဲဒီအပေါ်မှာကျွန်တော်တို့တရားမျှတမှုနဲ့ လွတ်လပ်မှုကို မြတ်နိုးကြသူများပီပီ ဒီရွေးကောက်ပွဲဟာ မည်သို့သော အရေအတွက်ပင် ဖြစ်ပါစေ သန့်ရှင်းရဲ့လား၊ တရားမျှတရဲ့လား၊ လွတ်လပ်ရဲ့လားဆိုတဲ့ ပေတံနဲ့ တိုင်းတာနိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ အားနဲ့တော့ မရဘူးပေါ့။ ကျွန်တော်တို့ ထောင်ကထွက်လာတာ သိတဲ့အတိုင်း နှစ်လ၀န်းကျင်ဆိုတော့ မနည်းကိုယ့်ကို ကိုယ်တည်ဆောက်နေရတဲ့ အချိန်ဖြစ်တာကြောင့် ရှေ့က အတွေ့အကြုံရှိခဲ့တဲ့ မျိုးဆက်သစ်တွေနဲ့ ကျွန်တော်တို့ ပြန်သင်ယူပြီးတော့ တတ်နိုင်သမျှ အလုပ်လုပ်တာပါ။ အဲဒီအတွက် ကျွန်တော်တို့ Team ဖွဲ့ပါတယ်။ အဲဒီအဖွဲ့ကို ကိုကိုကြီးက ဦးဆောင်ပြီးတော့ ကြိုးပမ်းခဲ့တာပါ။ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့ဟာ ပြီးပြည့်စုံပြီလို့ ၀န်မခံရဲသော်လည်း ကျွန်တော်တို့ အစွမ်းရှိသမျှတော့ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ အချက်အလက်တွေကို ပြန်ပြီးတော့ ဒီမှာ အကြမ်းအားဖြင့် နံပါတ်-၁ အနေနဲ့ တင်ပြတာပါ"ဟု ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါသည်။
အဆိုပါတင်ပြချက်အမှတ်၁သည်အကြမ်းအားဖြင့်တင်ပြခြင်းသာဖြစ်ပြီးအချောမဟုတ်သေးပဲအချက်အလက် အပြည့်အစုံဖြင့် ရေးသားသည့် အစီရင်ခံစာ အချောကို နောက်ထပ် အချိန်တစ်လကြာသည်နှင့် ဆက်လက်ထုတ်ပြန်မည်ဟုသိရပါသည်။အစီရင်ခံစာများကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအ၀င် ပါတီအသီးသီးသို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ရွေးကောက်ပွဲတစ်ခုကိုဘယ်နိုင်ငံရွေးကောက်ပွဲကိုမှရာနှုန်းပြည့်လွတ်လပ်မျှတတယ်လို့ ပြောဆိုနိုင်တဲ့အခြေအနေမရှိပါဘူး။အဲဒီတော့ကျွန်တော်တို့ကနှိုင်းယှဉ်ချက်အရပဲပြောရမယ်ဆိုရင်တော့၂၀၁၀ရွေးကောက်ပွဲထက်အများကြီးလွတ်လပ်မျှတမှုတွေရှိလာတယ်။အထူးသဖြင့် ပြည်သူတွေရဲ့ နိုးကြားမှုအပိုင်းမြင့်တက်လာတယ်။မီဒီယာလောကသားတွေရဲ့ကူညီပံ့ပိုးမှု၊သတင်းရေးသားဖော်ပြမှုတွေလည်းပဲ မြင့်တက်လာပါတယ်။ဒါဟာတိုးတက်တဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ကျွန်တော်တို့ရှုမြင်ပါတယ်။ တစ်ချိန်တည်းမှာပဲအားနည်းချက်၊ချို့ယွင်းချက်တွေလည်းကျွန်တော်တို့နေရာအနှံ့မှာအများအပြားတွေ့ နေရာတွေကိုလည်းကျွန်တော်တို့ ထောက်ပြထားပါတယ်"ဟု ကိုကိုကြီးက ပြောပါသည်။
ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးကွန်ယက်၏အစီရင်ခံစာအမှတ်(၁)တွင် ရွေးကောက်ပွဲအကြိုကာလအခြေအနေ၊ရွေးကောက်ပွဲနေ့အခြေအနေနှင့် ရွေးကောက်ပွဲအလွန်ကာလများကိုအကြမ်းဖျင်းအားဖြင့်တင်ပြခဲ့ပြီးဝေဖန်သုံးသပ်ချက်အပိုင်းတွင်အချက်(၁၀)ချက်ကိုထည့်သွင်းပြောဆိုခဲ့ပါသည်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ယက်၏အစီရင်ခံစာတွင်ဖေါ်ပြခဲ့သည့်ဝေဖန်သုံးသပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


No comments:
Post a Comment