Tuesday, April 03, 2012
မြို့နယ်၁၀မြို့နယ်ရှိကျေးရွာများတွင် ငှက်ဖျား သံသယရှိသူများ၌ ထက်ဝက်ခန့်တွင် ပိုးတွေ့ရှိရ
မြို့နယ်၁၀မြို့နယ်ရှိကျေးရွာ၄၀၀တွင်ငှက်ဖျားပိုးသံသယရှိသူများအားသွေးစစ်ပေးခဲ့ရာထက်ဝက်ခန့်တွင်ငှက်ဖျားပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းWorldVision3DFundမှသိရသည်။
အဆိုပါငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်ကိုWorldVisionမှပြုလုပ်ခြင်းဖြစ်ပြီး၂၀၀၇ခုနှစ်မှစ၍ကော့သောင်း၊မြိတ်၊ပုလော၊သရက်ချောင်း၊လောင်းလုံ၊ထားဝယ်၊သံဖြူဇရပ်၊လှိုင်းဘွဲ့၊လွိုင်ကော်၊တီးတိန်စသည့်မြို့နယ်၁၀မြို့နယ်ရှိကျေးရွာပေါင်း၄၀၀တို့တွင်လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါမြို့နယ်၁၀မြို့နယ်ရှိကျေးရွာ၄၀၀တွင်ရပ်ရွာအခြေပြုစေတနာ့ဝန်ထမ်းများဖြင့်ပူးပေါင်း၍ငှက်ဖျားပိုးသံသယရှိသူ၁၉၀၀၀ဦးအားငှက်ဖျားပိုးရှိ၊မရှိစစ်ဆေးရာငှက်ဖျားပိုးတွေ့ရှိသူ၉၀၆၀ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။အဆိုပါငှက်ဖျားပိုးတွေ့ရှိသူများကိုအမျိုးသားငှက်ဖျားကုသရေးလမ်းညွှန်အတိုင်းကုသပေးခြင်း၊လိုအပ်ပါကကျန်းမာရေးဌာနသို့ညွှန်းပို့ပေးခြင်း၊တာရှည်ခံဆေးစိမ်ခြင်ထောင်၄၃၀၀လုံးအားဖြန့်ဝေပေးခြင်းများအပြင်အဆိုပါကျေးရွာတွင်အသုံးပြုလျက်ရှိသည့်ခြင်ထောင်၈၅၀၀လုံးအားဆေးစိမ်ပေးခြင်း၊ငှက်ဖျားရောဂါနှင့်ပတ်သက်သည့်အသိပညာများတိုးပွားလာစေရန်အစီအစဉ်များဆောင်ရွက်ရာတွင်ရွှေ့ပြောင်းလုပ်သားများအတွက်ဆောင်ရွက်ပေးခြင်း၊ဆေးယဉ်ပါးသည့်ငှက်ဖျားရောဂါထိန်းချုပ်ရေးနည်းဗျူဟာများကိုအရည်အသွေးပြည့်ဝစွာဆောင်ရွက်နိုင်ရန်စီမံခန့်ခွဲခြင်း၊ညှိနှိုင်းခြင်းများ၊နှီးနွယ်သည့်အစိုးရဌာနများ၊လူမှုရေးအသင်းအဖွဲ့များ၊လုပ်ငန်းရှင်များ၊ပြည်သူလူထုများအားအသိပေးဆွေးနွေးခြင်းနှင့်ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
''ငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေနဲ့ငှက်ဖျားရောဂါသံသယရှိသူတွေကို၁၅မိနစ်အတွင်းအဖြေသိရတဲ့ကိရိယာနဲ့သွေးစစ်ပါတယ်''ဟုWorldVisionမှဒေါက်တာသက်အောင်ကပြောကြားခဲ့ပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


No comments:
Post a Comment