Friday, April 06, 2012
သောင်တင်နေသော ဝေလငါးကြီးမှာ ဧပြီလ ၄ ရက်နေ့ ညနေ၌ သေဆုံး
သုံးခွမြို့နယ်မင်းရွာအသင်းကျေးရွာအုပ်စု၊ပိုက်စီးကျေးရွာတွင်ဧပြီလ၂ရက်နေ့က သောင်ပေါ်တင်နေသော ဝေလငါးကြီးမှာဧပြီလ၄ရက်နေ့ ညနေပိုင်းတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါ ဝေလငါးကြီးသည်ပိုက်စီးကျေးရွာ၏အရှေ့ဘက်(၆)မိုင်ခန့်အကွာမုတ္တမပင်လယ်ကမ်းစပ်နေရာတွင် သောင်တင်နေလျက်ရှိပြီးရေလုပ်သားများကဧပြီလ၂ရက်နေ့မွန်းတည့်၁၂နာရီအချိန်တွင်စတင်တွေ့ရှိခဲ့ပြီး ဝေလငါးကြီးအား ရေထဲသို့ရောက်အောင်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများနှင့်ကျေးရွာရှိရေလုပ်သားများစုပေါင်း၍ကြိုးစားခဲ့သော်လည်း ရေတက်ချိန်ကြုံပြီးလိုင်းပုတ်သောကြောင့်ကမ်းစပ်သို့ပြန်လည်တင်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
ယင်းဝေလငါးကြီးမှာဧပြီလ၄ရက်နေ့နံနက်အစောပိုင်းဒီရေဖြင့်ပိုက်စီးကျေးရွာ၏အနောက်တောင်ဘက်သို့(၃)မိုင်ခန့် ရွေ့လျားပြီးမင်းရွာအသင်းကျေးရွာအုပ်စု၊ နှစ်ခွကျေးရွာနှင့်(၁)မိုင်ခန့်အကွာ သောင်ပြင်ပေါ်သို့ ရောက်ရှိသွားကာညနေ၄နာရီ၁၅မိနစ်အချိန်တွင် သေဆုံးသွားခဲ့ပြီးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများလာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
''အဲဒီဝေလငါးကြီးကဧပြီလ၄ရက်ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်။သေဆုံးကြောင်းကိုကျေးရွာအုပ်ရေးမှုးကမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနကိုအကြောင်းကြားတယ်။ဧပြီလ၅ရက်နေ့ညနေပိုင်းမှာတော့အဲဒီဝေလငါးကြီးကိုငါးဖမ်းစက်လှေလေးစီးနဲ့ဆွဲတယ်။ပြီးတော့ရွှေသင်ချောင်း မြောက်ဘက်ရိုးရိုးလက်တက်ထဲသို့ ရေလုပ်သားတွေနဲ့ ကျေးရွာကလူ၈၀ လောက် ရေတက်နေတဲ့အချိန်ဆွဲထည့်လိုက်တယ်။ပြီးတော့ရေကျတဲ့အချိန်မှာရိုးကိုပိတ်လိုက်ပြီးတော့တုတ်ရိုက်လိုက်တယ်။ဧပြီလ၈ရက်မှာတော့ မြေမြုပ်၊အမှတ်အသားပြုလုပ်ပြီး ခြံစည်းရိုးခတ်မယ်။ တစ်နှစ်ခွဲ နှစ်နှစ်အချိန်လောက်ကျမှ ပြန်ဖော်မယ်။ဦးတို့အနေနဲ့ကတော့အရိုးစုရရှိရေး၊မပျက်စီးရေးအတွက်ကိုဘဲလုပ်ဆောင်သွားမှာပါ'' မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ သေဆုံးသွားသော ဝေလငါးကြီးမှာFimWhale ခေါ် ဝေလငါးအမျိုးအစားဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရှိရသည်။
ElevenMedia မှကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-




No comments:
Post a Comment