နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ၊ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် ညစာစားပွဲတစ်ရပ် ကျင်းပရန်
စီစဉ်ထားကြောင်း ကယန်းပြည်သစ်ပါတီမှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး
စောလွင်က ဧပြီလ ၃ ရက်က Eleven Media Group သို့ ပြောသည်။
အဆိုပါ ညစာစားပွဲကို ဧပြီလ ၁၀ ရက် ည ၆ နာရီ မိနစ် ၃၀တွင် နေပြည်တော် ရှိ
မြတ်တော်ဝင်ဟိုတယ် တွင် ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာများသို့ ဖိတ်စာများ
ပေးပို့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။