အနုပညာရှင်များအနေဖြင့် ကျော်ကြားမှုကိုအသုံးချပြီး ပြည်သူအားဂျင်းထည့်သည့်လုပ်ရပ်မျိုးကို သတိထားဆောင် ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သတိပေးပြောကြား လိုက် သည်။
Tuesday, September 24, 2019
ဘင်္ဂလားဒေ့ရှ်တွင် မိန်းကလေးများ ရာသီလာချိန် ရှက်ကြောက်ပြီး ကျောင်းပျက်ခြင်းများမဖြစ်စေဖို့  အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်များ အခမဲ့ပေးဝေမည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးလက်ဒေသများရှိ မိန်းကလေးငယ်တွေဟာ ဓမ္မတာပေါ်ချိန်တွေမှာ လူ့အသိုင်းအ၀ိုင်းမှာ မသိအပ် မမြင်အပ်တဲ့ အကြောင်းအရာတစ်ခုအဖြစ်မှတ်ယူကာ ယင်းအချိန် ကာလတွေအတွင်း ကျောင်းမတက် တော့တာကို ပပျောက်စေဖို့ အတွက် အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်တွေ အခမဲ့ပေးဝေသွားမှာဖြစ်ကြောင်း ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးတစ်ဦးက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
ရုပ်ရှင်အစည်းအရုံးသို့အလှူငွေလှူဒါန်းခြင်းမှာ မဲဆွယ်ခြင်းမဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ပြီး ငွေကျပ်သိန်း ၄၀၀ ကျော်လှူဒါန်းခြင်းမှာ မဲဆွယ်စည်းရုံးခြင်း မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
ဗြောက်အိုး၊ မီးရှူးများထုတ်လုပ်ဖြန့်ဖြူး ပစ်ဖောက်ခြင်းပြုလုပ်က အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူး နှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက် ရှိပါသည်။
သက်သေအသစ်များ ထပ်မံပေါ်ပေါက်မှသာ ဝင်းနှင့်ဇော်အမှုကို အစအဆုံးပြန်လည်စစ်ဆေးနိုင်မည်ဟု ထိုင်းရှေ့နေများ ကောင်စီပြော

မြန်မာရွေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့အပေါ် သေဒဏ်ချမှတ်ထားတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သက်သေအသစ်တွေ ထပ်မံ ပေါ်ပေါက်လာမှသာအမှုကို အစဆုံးပြန်လည် စစ်ဆေးတာမျိုး လုပ်ဆောင်နိုင်မယ်လို့ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင် မစ္စတာဆန်းယာက ပြောပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်ပုံ အသုံးပြုပြီး လှောင်ပြောင်ခဲ့သူဟု ယူဆရသူတစ်ဦးကို ခေါ်ယူစစ်ဆေးနေ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လူမှုကွန်ရက်စာမျက်နှာမှာ လှောင်ပြောင် သရော်စာ ရေးသားခဲ့တယ်ဆိုပြီး ၆၆ (ဃ)နဲ့ အမှုဖွင့်ထားတဲ့ နှစ်ဦးထဲက တစ်ဦးလို့ ယူဆရသူကို ခေါ်ယူစစ်ဆေးနေတယ်လို့ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းက သိရပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဝတ်ဆင်မည့်အဝတ်အစားများမြင်ကွင်း


ဗိုလ်ချုပ်ရုပ်ရှင်စတင်ရိုက်ကူးခြင်းအခမ်းအနား ကို ဒီကနေ့ novotel ဟိုတယ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့်လူ ၂ ဦးကို စစ်ဆေးမည့် ဗစ်တိုးရီးယားအမှု ၇ ကြိမ်မြောက် ရုံးချိန်း

ဗစ်တိုးရီးယားလေး၏ ၇ ကြိမ်မြောက်ရုံးချိန်းတွင် သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့် လူ ၂ ဦးကို ယနေ့တွင် နှစ်ဖက်ရှေ့နေများမှ အပြန်အလှန် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား
အနောက်နိုင်ငံများကဲ့သို့ ရွေးကောက်ပွဲနိုင်ငံရေးကို မြန်မာပြည်တွင် ယဉ်ကျေးမှုတခုအဖြစ် မထွန်းကား သေးသော်လည်း ပါတီနိုင်ငံရေးကို အထိုက်အလျောက် လေ့ကျင့်လာသည့် အာရှနိုင်ငံ တခု ဖြစ်လာပါပြီဟုဆိုရမည်။ အထူးသဖြင့် မြေပြန့်သားများဖြစ်ကြသော ဗမာ၊ ရခိုင်၊ ကရင်နှင့် မွန်တို့သည် ဗြိတိသျှလက်ထက်ကတည်းက ရွေးကောက်ပွဲကို ၆ ကြိမ် (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၁၉၄၇ခုနှစ်) လေ့ကျင့်ခွင့်ရသည့်အတွက် အခြားတိုင်းရင်းသားများထက်စာလျှင် ရွေးကောက်ပွဲစနစ်နှင့် ပိုမိုရင်းနှီးမှုရှိသည်ဟု ဆိုရမည်။
မူးယစ် ကင်းစင်ရေး လုပ်သည့် ဟုမ္မလင်း အမတ် နှင့် အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေ သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို စာကပ်၍ အသက်အန္တရာယ် ခြိမ်းခြောက် ကြောင်း ကာယကံရှင်များက ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရန်ကုန်မြို့သို့ ရောက်ရှိ


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၄ရက်နေ့ နံနက်က မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး NOVOTAL HOTEL တွင် ဒီကနေ့ ကျင်းပမည့် '''အောင်ဆန်း''' ရုပ်ရှင် စတင်ရိုက်ကူး ခြင်းအခမ်းအနား သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
Monday, September 23, 2019
ကက်တမင်း မူးယစ်ဆေး တစ်တန်ကျော် တင်လာတဲ့လှေ အိန္ဒိယသမုဒ္ဒရာထဲ ဖမ်းမိ

ရွေးကောက်ပွဲအောင်နိုင်ရေးကို ရှေ့လုပ်ငန်းစဉ်အဖြစ် NLD ဗဟိုကော်မတီ ချမှတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ချက် ၅ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ရှေ့လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းချမှတ်ခဲ့ကြောင်း NLD ပါတီမှ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
တပ်ထဲတွင် မဲရုံလုပ်ခြင်းကို သဘောမတူကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းပြော
ရွေးကောက်ပွဲတွင် တပ်ထဲ၌ မဲရုံပြုလုပ်ခြင်းကို သဘောမတူကြောင်း NLDပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ယနေ့(စက်တင်ဘာ ၂၂ရက်)က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး စိုးရိမ်စိတ်မထားကြောင်း NLD ပါတီမှ ဦးအောင်ကြည်ညွန့် ပြော
လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အောင်နိုင်ရေးသို့သွားရာတွင် မဟာဗျူဟာအရ စိုးရိမ်စိတ် မထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။
တပ်မတော်ကို အားပြိုင်စရာအကြောင်းမရှိဟု NLD ဆို
တပ်မတော်သည် နိုင်ငံရေးပါတီမဟုတ်သောကြောင့် ဥပဒေကြောင်းအရတပ်မတော်အား NLDက အားပြိုင် စရာ အကြောင်းမရှိဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်သည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ရန် မြေရယူခဲ့သည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၈ ခုရှိပြီး စီးပွားဖြစ်လည်ပတ်နေသော စက်ရုံပေါင်း ၇၂ ရုံက ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထား

သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ရန် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ မြေများရယူခဲ့သည့် ကုမ္ပဏီ ပေါင်း ၁၀၈ ကုမ္ပဏီ ရှိပြီး စီးပွားဖြစ်လည်နေသည့်စက်ရုံ ပေါင်း ၇၂ ခုတို့က ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော်အထိ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
ဘုရင့်နောင်တံတား အမှတ်(၁)၊ သံဘောင်အထိုင် အသစ်လဲလှယ်မည် ဖြစ်၍ တစ်လတာ ပိတ်ထားမည်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ် တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁)တွင် တံတားတိုင်များပေါ်ရှိ သံဘောင်အထိုင်(Bearing)များ အသစ်လဲလှယ်ခြင်းလုပ်ငန်းကို တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)က (၅-၁၀-၂၀၁၉)ရက်နေ့မှ (၄-၁၁-၂၀၁၉)ရက်နေ့အထိ တံတားပိတ်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။
ရုပ်ရှင်လောကသား အလွှာခုနှစ်ခုမှ အဖွဲ့အစည်းများအား ပြည်ခိုင်ဖြိုး ပါတီမှ ငွေကျပ်သိန်း ၄၀၀ကျော်လှူဒါန်း

ရုပ်ရှင်အနုပညာလောကသားတို့ ဖွဲ့စည်းထားသော အလွှာခုနှစ်ခုက အဖွဲ့အစည်းများထံသို့ ပြည်ခိုင်ဖြိုပါတီမှ အလှူငွေ ကျပ် သိန်း(၄၀၀) ကျော်ကို စက်တင်ဘာ ၂၂ ရက်က လှူဒါန်းခဲ့ကြောင်း ပြည်ခိုင်ဖြိုး ပါတီက သတင်းဖော်ပြခဲ့သည်။
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းဖော်ပြထားသည်။
ဖက်ဒရယ်ဒီမိုကရေစီကိုသွားမည်ဟုပြောလျက်က တပ်မတော်၏ နယ်နိမိတ်ကို ချဲ့ထွင်သော အနေအထားသို့ ဦးတည်နေသလားဟု ဦးအောင်ကြည်ညွှန့် မေးခွန်းထုတ်

ဖက်ဒရယ်ဒီမိုကရေစီကိုသွားမည်ဟုပြောကြားနေလျက်က တပ်မတော်၏ အခြေခံနယ်နိမိတ်ကို ချဲ့ထွင်သော အနေအထားသို့ ဦးတည်နေသလားဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က မေးခွန်းထုတ်ပြောကြား လိုက်သည်။
ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းပေါ်၌ မိုင်းနှစ်လုံး တွေ့ရှိ

ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းပေါ်၌ မိုင်းနှစ်လုံး တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဖော်ပြထားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ၁၀ လဆက်တိုက် ခန့်မှန်းနှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိမြင့်တက်


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၀ လ ဆက်တိုက် ခြောက်ရာခိုင်နှုန်း ကျော်မှ ရှစ်ရာခိုင်နှုန်းကျော်အထိ ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်း မြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် သောစာရင်းများအရ သိရသည်။
အခြားပါတီမှ နှုတ်ထွက်ပြီး ၀င်ရောက်လာပါက စိတ်စေတနာနှင့် လုပ်ဆောင်ချက်အပေါ်မူတည်ပြီး သင့်လျော်သည့်နေ ရာ၊ သင့်လျော်သည့်တာဝန်ကို ပေးမည်ဟု သူရဦးရွှေမန်းပြော

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသည် အခြားပါတီများမှ ပါတီဝင်များကို သွားရောက်စည်းရုံး ဖိတ်ခေါ်ခြင်း မပြုကြောင်း သို့သော်လည်း အခြားပါတီမှ နုတ်ထွက်ပြီး သီးခြားရပ်တည်နေသူများက ဝင်ရောက်လာလျှင်လည်း ကြိုဆိုကြောင်း၊ခွဲခြားဆက်ဆံမှုမရှိဘဲ စိတ်စေတနာနှင့် လုပ်ဆောင်ချက်အပေါ်မူတည်ပြီး သင့်လျော်သည့် နေရာ၊ သင့်လျော်သည့်တာဝန်ကို ပေးမည်ဖြစ်ကြောင်း ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းကပြောကြားလိုက်သည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-





