Tuesday, September 24, 2019

ဗြောက်အိုး၊ မီးရှူးများထုတ်လုပ်ဖြန့်ဖြူး ပစ်ဖောက်ခြင်းပြုလုပ်က အရေးယူမည်


No photo description available.

ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူး နှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက် ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ သီတင်းကျွတ်၊ တန်ဆောင်တိုင် စသည့်ပွဲတော်ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း)များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ် တလန့်ဖြစ်စေ ခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်း သာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက် ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာ ခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးနှိုးဆော် ထားသည်။
Photo Credit
The Ladies News

No comments:

Post a Comment

My Blog List