Tuesday, September 24, 2019

ဘဂၤလားေဒ့ရွ္တြင္ မိန္းကေလးမ်ား ရာသီလာခ်ိန္ ရွက္ေၾကာက္ၿပီး ေက်ာင္းပ်က္ျခင္းမ်ားမျဖစ္ေစဖုိ ့ အမ်ိဳးသမီးလစဥ္သံုးဂြမ္းထုပ္မ်ား အခမဲ့ေပးေ၀မည္



ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေက်းလက္ေဒသမ်ားရွိ မိန္းကေလးငယ္ေတြဟာ ဓမၼတာေပၚခ်ိန္ေတြမွာ လူ႕အသုိင္းအ၀ုိင္းမွာ မသိအပ္ မျမင္အပ္တဲ့ အေၾကာင္းအရာတစ္ခုအျဖစ္မွတ္ယူကာ ယင္းအခ်ိန္ ကာလေတြအတြင္း ေက်ာင္းမတက္ ေတာ့တာကို ပေပ်ာက္ေစဖုိ ့အတြက္ အမ်ိဳးသမီး လစဥ္သံုးဂြမ္းထုပ္ေတြ  အခမဲ့ေပးေဝသြားမွာျဖစ္ေၾကာင္း ဘဂၤလား ေဒ့ရွ္ ဝန္ႀကီးတစ္ဦးက တနလၤာေန႕မွာ ေျပာဆုိခဲ့ပါတယ္။

ေရွးရိုးစဲြနိုင္ငံတစ္ခုျဖစ္ၿပီး လူဦးေရ ၁၆၈ သန္းရွိတဲ့ ဘဂၤလားေဒ့ရွ္မွာ ရွက္ဖြယ္ရာသီလာခ်ိန္လုိ ့လည္း ေခၚဆုိၾကကာ ဘဂၤလားေဒ့ရွ္ ေက်ာင္းသူ ၄၀ ရာခိုႏႈန္းေက်ာ္ဟာ ယင္း ဓမၼတာေသြးေပၚခ်ိန္ေတြအတြင္း အိမ္ထဲ မွာပဲေနၾကတယ္လို႕ ေလ့လာသူေတြက ေျပာပါတယ္။
“ဒါဟာ အလြန္စုိးရိမ္ဖြယ္ အေျခအေနျဖစ္ၿပီး သူတို႕ရဲ႕အနာဂတ္ေတြကို ကၽြန္ေတာ္တုိ ့အေလာင္းအစား မလုပ္ႏုိင္ပါဘူး” ဆိုၿပီး သတင္းအခ်က္အလက္ ဝန္ႀကီး မူရတ္ဟက္ဆန္က AFP သတင္းကို ေျပာခဲ့ပါတယ္။ လစဥ္သံုးဂြမ္းထုပ္တြကို မရရွိနိုင္တာ၊ တကိုယ္ေရသန္႕ရွင္းေရးပစၥည္းေတြရဲ႕ ေစ်းႏႈန္းႀကီးျမင့္တာေတြဟာ ေက်းလက္ေက်ာင္းေတြမွာ ေက်ာင္းသူေတြ ပ်က္ကြက္ရျခင္းရဲ႕ အဓိက အေၾကာင္းရင္းတစ္ခုျဖစ္ေၾကာင္း ဟက္ဆန္က ေျပာဆုိပါတယ္။ ဆင္းရဲတဲ့ မိဘေတြက သူတို႕ရဲ႕သမီးေတြကို ရာသီလာခ်ိန္မွာ သန္႕ရွင္းေရး ပစၥည္းေတြဝယ္ေပးတာထက္ အိမ္မွာေနတာကို ပိုသေဘာက်တယ္ လို႕ လည္း ၄င္းက ေျပာပါတယ္။
အစိုးရအေနနဲ႕ ဂြမ္းထုပ္ေတြ ျဖန္ ့ေ၀ေပးမယ့္ အစီအစဥ္ကို ေနာက္နွစ္အေစာပိုင္းမွာ ေက်းရြာ ၉၀၀၀၀ ခန္႕မွာ စတင္လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ ့ ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး က်န္းမာေရးဝန္ႀကီးဌာန အငယ္တန္းဝန္ႀကီးေဟာင္းလည္းျဖစ္တဲ့ ဟက္ဆန္က ရာသီလာျခင္းနဲ႕ ပတ္သက္ၿပီး ေျပာပါတယ္။ မိဘမ်ားနဲ႕ ေက်ာင္းသူမိန္းကေလးငယ္ေတြကုိ ပုိမုိ အသိပညာေပးႏုိင္ဖုိ ့အတြက္ အစုိးရက အကူအညီေပးေရး ေအဂ်င္စီေတြနဲ႕ လက္တြဲလုပ္ေဆာင္ေနပါတယ္။
အမ်ိဳးသမီး အခြင့္အေရးလႈပ္ရွားသူ Maleka Banu က ယခုလုပ္ေဆာင္ခ်က္ကို ႀကိဳဆိုခဲ့ပါတယ္။
“ကၽြန္မတို႕ ဒါကို ကာလၾကာရွည္ ေတာင္းဆိုေနခဲ့တာပါ။ ခဲြျခားၿပီး  အရွက္ရမႈေတြ ေပ်ာက္ကင္းေအာင္လုပ္ဖို႕ ေမွ်ာ္လင့္ခ်က္ အလင္းေရာင္ကို ရလိုက္တာပါ” လို႕ ဘဂၤလားေဒ့ရွ္ အမ်ိဳးသမီးမ်ား ေထာက္ပံ့ေရးအဖဲြ႕ က AFP သတင္းကို ေျပာခဲ့ပါတယ္။
ဒီလုပ္ေဆာင္ခ်က္က ေက်ာင္းထြက္တဲ့ မိန္းကေလးအေရအတြက္ ေလ်ာ့က်သြားဖို႕ အကူအညီျဖစ္လိမ့္မယ္ လို႕သူက ေျပာခဲ့ပါတယ္။
CNA
ခ်စ္ဆုေ၀ (အကုန္သိ သတင္းဌာန)

ဘင်္ဂ

လားဒေ့ရှ်တွင် မိန်းကလေးများ ရာသီလာချိန် ရှက်ကြောက်ပြီး ကျောင်းပျက်ခြင်းများမဖြစ်စေဖို့အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်များ အခမဲ့ပေးဝေမည် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးလက်ဒေသများရှိ မိန်းကလေးငယ်တွေဟာ ဓမ္မတာပေါ်ချိန်တွေမှာ လူ့အသိုင်းအဝိုင်းမှာ မသိအပ် မမြင်အပ်တဲ့ အကြောင်းအရာတစ်ခုအဖြစ်မှတ်ယူကာ ယင်းအချိန် ကာလတွေအတွင်း ကျောင်းမတက်တော့တာကို ပပျောက်စေဖို့အတွက် အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်တွေ  အခမဲ့ပေးဝေသွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးတစ်ဦးက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
ရှေးရိုးစွဲနိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ ၁၆၈ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရှက်ဖွယ်ရာသီလာချိန်လို့လည်း ခေါ်ဆိုကြကာ ဘင်္ဂလားဒေ့ရှ် ကျောင်းသူ ၄၀ ရာခိုနှုန်းကျော်ဟာ ယင်း ဓမ္မတာသွေးပေါ်ချိန်တွေအတွင်း အိမ်ထဲ မှာပဲနေကြတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
“ဒါဟာ အလွန်စိုးရိမ်ဖွယ် အခြေအနေဖြစ်ပြီး သူတို့ရဲ့အနာဂတ်တွေကို ကျွန်တော်တို့အလောင်းအစား မလုပ်နိုင်ပါဘူး” ဆိုပြီး သတင်းအချက်အလက် ဝန်ကြီး မူရတ်ဟက်ဆန်က AFP သတင်းကို ပြောခဲ့ပါတယ်။ လစဉ်သုံးဂွမ်းထုပ်တွကို မရရှိနိုင်တာ၊ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေရဲ့ ဈေးနှုန်းကြီးမြင့်တာတွေဟာ ကျေးလက်ကျောင်းတွေမှာ ကျောင်းသူတွေ ပျက်ကွက်ရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဟက်ဆန်က ပြောဆိုပါတယ်။ ဆင်းရဲတဲ့ မိဘတွေက သူတို့ရဲ့သမီးတွေကို ရာသီလာချိန်မှာ သန့်ရှင်းရေး ပစ္စည်းတွေဝယ်ပေးတာထက် အိမ်မှာနေတာကို ပိုသဘောကျတယ် လို့ လည်း ၎င်းက ပြောပါတယ်။
အစိုးရအနေနဲ့ ဂွမ်းထုပ်တွေ ဖြန့်ဝေပေးမယ့် အစီအစဉ်ကို နောက်နှစ်အစောပိုင်းမှာ ကျေးရွာ ၉၀၀၀၀ ခန့်မှာ စတင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန အငယ်တန်းဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဟက်ဆန်က ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ပြောပါတယ်။ မိဘများနဲ့ ကျောင်းသူမိန်းကလေးငယ်တွေကို ပိုမို အသိပညာပေးနိုင်ဖို့အတွက် အစိုးရက အကူအညီပေးရေး အေဂျင်စီတွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။
အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ Maleka Banu က ယခုလုပ်ဆောင်ချက်ကို ကြိုဆိုခဲ့ပါတယ်။
“ကျွန်မတို့ ဒါကို ကာလကြာရှည် တောင်းဆိုနေခဲ့တာပါ။ ခွဲခြားပြီး  အရှက်ရမှုတွေ ပျောက်ကင်းအောင်လုပ်ဖို့ မျှော်လင့်ချက် အလင်းရောင်ကို ရလိုက်တာပါ” လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများ ထောက်ပံ့ရေးအဖွဲ့ က AFP သတင်းကို ပြောခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်က ကျောင်းထွက်တဲ့ မိန်းကလေးအရေအတွက် လျော့ကျသွားဖို့ အကူအညီဖြစ်လိမ့်မယ် လို့သူက ပြောခဲ့ပါတယ်။ 
CNA
ချစ်ဆုေ၀ (အကုန်သိ သတင်းဌာန)
 

No comments:

Post a Comment

My Blog List