Tuesday, September 24, 2019

သက္ေသခံပစၥည္းမ်ား သိမ္းဆည္းရာတြင္ ပါခဲ့သည့္လူ ၂ ဦးကို စစ္ေဆးမည့္ ဗစ္တိုးရီးယားအမႈ ၇ ႀကိမ္ေျမာက္ ရံုးခ်ိန္း


Image may contain: 5 people, people smiling, outdoor

ဗစ္တိုးရီးယားေလး၏ ၇ ႀကိမ္ေျမာက္ရံုးခ်ိန္းတြင္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းရာတြင္ ပါခဲ့သည့္ လူ ၂ ဦးကို ယေန႔တြင္ ႏွစ္ဖက္ေ႐ွ႕ေနမ်ားမွ အျပန္အလွန္ စစ္ေဆးေမးျမန္းသြားမည္ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေ႐ွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာသည္။

ထို႔ျပင္ တရားခံဟုယူဆထားသူ ယာဥ္ေမာင္းေအာင္ႀကီးအတြက္လည္း ယေန႔ တရားခြင္ စစ္ေဆးမႈအေျခအေန စစ္ေဆး မႈေပၚမူတည္၍ အာမခံရ႐ွိႏိုင္ေရးအတြက္ ေလ်ွာက္ထားမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဦးခင္ေမာင္ေဇာ္ကေျပာ သည္။
ၿပီးခဲ့သည့္ ၆ ႀကိမ္ေျမာက္ရံုးခ်ိန္းတြင္ ဗစ္တိုးရီးယားေလးကို video conferencing ျဖင့္ ရံုးေတာ္မွ စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္ခဲ့သည္။
ေမလ ၁၆ ရက္ေန႔ က ေနျပည္ေတာ္ရွိ Wisdom Hill ေက်ာင္းတြင္ ျဖစ္ပြားခဲ့သည့္ အမႈကိစၥႏွင့္ ပတ္သက္ၿပိး တရားခံဟု ယူဆသူယာဥ္ေမာင္းေအာင္ႀကီးကို ပုဒ္မ ၃၇၆ ျဖင့္ ဒကၡိဏသီရိခရိုင္တရားရံုး တြင္ တရားစြဲဆိုထားရာ ဇူလိုင္လ ၁၅ ရက္ေန႔တြင္ ရံုးထုတ္စစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ခဲ့သည္။
Image may contain: one or more people, people standing, tree and outdoor 
Image may contain: one or more people, motorcycle, outdoor and nature 
(Unicode)
သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့်လူ ၂ ဦးကို စစ်ဆေးမည့် ဗစ်တိုးရီးယားအမှု ၇ ကြိမ်မြောက် ရုံးချိန်း
စက်တင်ဘာ ၂၄
ယဉ်ကေနွယ်

ဗစ်တိုးရီးယားလေး၏ ၇ ကြိမ်မြောက်ရုံးချိန်းတွင် သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့် လူ ၂ ဦးကို ယနေ့တွင် နှစ်ဖက်ရှေ့နေများမှ အပြန်အလှန် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။
ထို့ပြင် တရားခံဟုယူဆထားသူ ယာဉ်မောင်းအောင်ကြီးအတွက်လည်း ယနေ့ တရားခွင် စစ်ဆေးမှုအခြေအနေ စစ်ဆေးမှုပေါ်မူတည်၍ အာမခံ ရရှိနိုင်ရေးအတွက် လျှောက်ထားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်ကပြောသည်။
ပြီးခဲ့သည့် ၆ ကြိမ်မြောက်ရုံးချိန်း တွင် ဗစ်တိုးရီးယားလေးကို video conferencing ဖြင့် ရုံးတော်မှ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။
မေလ ၁၆ ရက်နေ့ က နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စနှင့် ပတ်သက်ပြိး တရားခံဟု ယူဆသူယာဉ်မောင်းအောင်ကြီးကို ပုဒ်မ ၃၇၆ ဖြင့် ဒက္ခိဏသီရိခရိုင်တရားရုံး တွင် တရားစွဲဆိုထားရာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့သည်။

No comments:

Post a Comment

My Blog List