စစ်တွေ၊မေလ-၁၃
မဟာစင်မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ
ဘူးသီးတောင်မှာ
မုန်တိုင်း အန္တရာယ်ကိုတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံအသိပေးနေပြီလို့ဘူးသီးတောင်နေဒေသခံအချို့ထံကသိရ ပါတယ်။“ရေကြောင်းသွားလာရေးတွေကို ရပ်နားထားဖို့ရှိနေတယ်၊ ကယ်ဆယ်ရေးစခန်းတွေကိုလည်း စာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်း၊မုန်တိုင်းဒဏ်ခံနိုင်တဲ့နေရာတွေမှာကြိုတင်ဖွင့်ထားတယ်၊ ရပ်ကွက် လှည့်ပြီး ခဏခဏလည်းကြေညာပေးနေတယ်”လို့
ဒေသခံဦးဇော်ဝင်းကပြောပါတယ်။
Tuesday, May 14, 2013
နှစ်ကတ်တွဲနဲ့  အပြတ်ကဲနိုင်ဖို့  View Sonic ရဲ့  View Pad 7D Tab (Dual Sim)
တက်ဘလက်သုံးတဲ့သူတော်တော်များများကအခုနောက်ပိုင်းမှာတက်ဘလက်ကြီးသက်သက်မသုံးချင်တော့ ပါဘူး။ လမ်းသွားရင်း အင်တာနက်ကြည်
့ဖို့  ၀ိုင်ဖိုင်တက်ဘလက်ကတစ်လုံး ဖုန်းပြောဖို့  အတွက် ဖုန်းက တစ်လုံး နှစ်ခုလုံးကို
သယ်ပြီး မသွားချင်ကြတော့ပါဘူး။ ဒါတွေကို ဖြေရှင်းပေးဖို့ အတွက်ကတော့  3G စနစ်ရော
2G စနစ်ကို ပါထောက်ပံ့ပေး တဲ့ တက်ဘလက်တွေ တစ်မျိုးပြီးတစ်မျိုးပြည်တွင်းကို ၀င်လာပါ တယ်။
ဒီတစ်ပတ်အတွက်ပြည်တွင်းကို ၀င်လာတဲ့  3G တက်ဘလက်တွေထဲ ကမော်ဒယ်လည်းသစ် ဈေး လည်းသက်သာ
Specification လည်းမြင့်တဲ့  တက်ဘလက်တစ်လုံးဈေ့းကွက်ထဲ မှာရေ ပန်းစားနေ ပါတယ်။ အဲဒါကတော့
ကွန်ပျူတာ မော်နီတာတွေထုတ်တဲ့ နေရာမှာနာမည် ကျော်လှတဲ့  View Sonic ရဲ့ View Pad 7D တက်ဘလက်ဖြစ်ပါတယ်။ တက်ဘလက်ရဲ့  ဖန်သားပြင်ဟာ
ကြည်လင်တောက်ပပြီး Live wallpaper လေးလှုပ်ရှားနေပုံကလည်း အသက်ဝင်လှပါတယ်။Friday, May 10, 2013
မြန်မာတက္ကသိုလ်တွေ အဆင့်မြင့်ရေးကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား
အရင်စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကြောင့် နာလန်မထူနိုင်ဖြစ်ခဲ့ရတဲ့
မြန်မာတက္ကသိုလ်တွေကို ဗြိတိန်တက္က သိုလ်တွေအနေနဲ့ လိုအပ်သမျှ
အကူအညီတွေပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှာ ဗြိတိသျှကောင်စီနဲ့ လန်ဒန်တက္ကသိုလ်တို့ပူးတွဲပြီး မနေ့ကကျင်းပခဲ့တဲ့ ဗြိတိန်မြန်မာမူဝါဒရေးရာဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဗီဒီယိုကတဆင့် အမှာစကားပြောကြား ခဲ့ တာပါ။
ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှာ ဗြိတိသျှကောင်စီနဲ့ လန်ဒန်တက္ကသိုလ်တို့ပူးတွဲပြီး မနေ့ကကျင်းပခဲ့တဲ့ ဗြိတိန်မြန်မာမူဝါဒရေးရာဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဗီဒီယိုကတဆင့် အမှာစကားပြောကြား ခဲ့ တာပါ။
Thursday, May 09, 2013
မိုးသည်းထန်စွာရွာသွန်းစဉ် ရှေးဟောင်းစေတီပြိုကျရာမှ ဌာပနာပစ္စည်းများတွေ့ရှိထိန်းသိမ်းထား
၈-၅-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဘုရားနီကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းစဉ် ယခင်ပြိုပျက်လျက်ရှိသည့် ရှေးဟောင်းစေတီတော် ထပ်မံပြိုကျခဲ့ရာ စေတီတော် အတွင်းမှ ကြေးဗုဒ္ဓဆင်းတုတော် ၇၄ ဆူ၊ နဂါးရုံ/ကျောက်စိမ်း/မြ ဘုရား ၃ ဆူ၊ ဘိလပ်မြေ ဆင်းတုတော် ၃ ဆူ၊ ရဟန်းကြေးဆင်းတု ၅ ဆူ၊ ရှင်ဥပဂုတ္တ ၂ ဆူ၊ ရှင်သီဝလိ ၂ ဆူ၊ ဓါတ်တော်ပုလင်း ၄၄ လုံး၊ စေတီ ၈ ဆူ၊ ကျောင်းဆောင် ၁ ခု၊ ကြက်လျှာတိုင် ၁ ခု၊ လက်စွပ်မျိုးစုံ ၂၅ ကွင်း၊ ဆွဲပြားမျိုးစုံ ၅ ပြား၊
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ထွက်ပြေးလာသူတစ်ထောင်ကျော် အကူအညီလိုအပ်နေ
နယ်မြေမငြိမ်သက်မှုကြောင့် ၂၀၁၂ခုနှစ်ဇွန်လမှ စတင်၍ဘင်္ဂလားဒေ့ရှ်နယ်စပ်မှမောင်တောဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက်မှာ တစ်ထောင်ကျော်ရှိနေပြီး အရေးပေါ်အကူအညီများ လို အပ်နေကြောင်းသတင်းရရှိသည်။ ယမန်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် နေထိုင်သော ရခိုင်၊ ဒိုင်းနက်၊ သက်စသည့်
ရခိုင်မျိုးနွယ်စုများမှာ ရန်ပြုခြင်း များကိုခံခဲ့ရပြီးနောက် မောင်တောဒေသသို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။
ကြောက်မက်ဖွယ်ရာ ဖယောင်းတိုင် ရဲ့ ဆိုးကျိုး
ဖယောင်းတိုင်ထွန်းခြင်းဟာသဘာဝပါတ်ဝန်းကျင်ကိုထိခိုက်သလိုကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက် ဆုံး ရှာဖွေလေ့လာမှုများ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါ တယ်။
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း များနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ စီမံကိန်းများမှာ ဆူးလေဘုရား လမ်းပေါ်ရှိ Center Point Tower Hotel စီမံကိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်း လမ်းပေါ်ရှိ Rose Garden Hotel စီမံကိန်း၊ ကန်တော်ကြီး ကန်ရိပ်သာလမ်းရှိ Shangrila Hotel စီမံကိန်း၊ ကမာရွတ်မြို့နယ်၊ ပြည် လမ်းမပေါ်ရှိ Novotel Yangon Hotel စီမံကိန်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ Pyi Garden Condominium စီမံကိန်းများဖြစ်ကြောင်း သိရသည်။
၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်
နိုင်ငံတော်သမ္မတ၏
ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ်
၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို
မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ်ရောင်းချပေးမည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။ CDMA 800
MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမအကြိမ်
ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင်တွင်
ရောင်း ချနိုင်မည်ဟုမျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး
ဦးကျော်စိုးက ထပ်မံအ တည်ပြုသည်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(ဆောင်းပါး)
ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ်တိုက်ပွဲ များ အခုတစ်လော ဖြစ်ပွားလာပါသည်။
ကရင်ပြည်နယ်တွင် DKBA နှင့် BGF ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSA/SSPP
နှင့် အစိုးရစစ်တပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ၌ RCSS နှင့် အစိုးရစစ်တပ်
စသဖြင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါသည်။
သံရုံး ဗုံးခွဲရန်ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲက စီးနင်းတိုက်ခိုက်၊ စစ်သွေးကြွ ၇ ဦး သေဆုံး
အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင် ပတ်သတ်သည်ဟု ယူဆရသည့် အစ္စလာမ်မစ် စစ်သွေးကြွများကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ဝင်များက ၂၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ သီးခြား စစ်ဆင်ရေး သုံးခုအတွင်း စုစုပေါင်း စစ်သွေးကြွ ၇ ဦး သေဆုံးခဲ့ပြီး အခြား စစ်သွေးကြွ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု အေပီ သတင်းဌာနတွင် ရေး သားဖော်ပြထားသည်။
MAI ၏ Airbus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်းပေးမည်
ရန်ကုန် (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ Airbus
ဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို မေလ ၂၆ ရက်တွင် စတင်
ပျံသန်းပြေးဆွဲတော့မည် ဖြစ်သည်။“ရန်ကုန်-မန္တလေး ခရီးစဉ်ကို အပတ်စဉ် အဂါင်္၊ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ
ပျံသန်း ပြေးဆွဲပေး သွားမှာပါ။ ခရီးစဉ်အနေနဲ့ ရန်ကုန်ကနေ မနက် ၆ နာရီခွဲမှာ
ထွက်ခွါမှာ ဖြစ်ပြီး မန္တလေးကို မနက် ၇ နာရီ မိနစ် ၄၀ မှာ ရောက်ရှိပါမယ်။
မန္တလေးမှ ရန်ကုန်ကို မွန်းလွဲ ၂ နာရီမှာ ထွက်ခွါပေးမှာ ဖြစ်ပြီး ရန်ကုန်ကို
ညနေ ၃ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာပါ” ဟု MAI မှ တာဝန်ရှိသူတဦးဖြစ်သည့်
ဒေါ်အေးမရသာ က ပြောသည်။
ယင်းခရီးစဉ်အတွက် လူဦးေ၇ ၁၂၀ ဆံ့ Airbus A319 ဖြင့် ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။
Wednesday, May 08, 2013
အကြမ်းဖက်တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၃၀ ခန့် သေဆုံး
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့
ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ နိုင်ငံရေး၊ လူမူရေး မတည်ငြိမ်မူတွေနဲ့ အတူ
လမ်းမတွေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတဲ့ အတွက် လွန်ခဲ့တဲ့
(တနင်္ဂနွေ ညဉ့်နဲ့ တနင်္လာနေ့) ၂ ရက်တာ အတွင်း လူပေါင်း (၃၀) နီးပါးခန့်
သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
သေဆုံးသူ အများစုဟာ နိုင်ငံရဲ့ အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ထဲက
တက်ကြွ လူပ်ရှာသူတွေ ဖြစ်ကြပြီး ကုန်လွန်ခဲ့တဲ့ ၂ ရက် အတွင်း လုံခြုံရေး
တပ်ဖွဲ့ဝင်တွေ နှိမ်နှင်း ပစ်ခတ်စဉ်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ထုတ် The Independent သတင်းစာမှာတော့ သေဆုံးသူ ၃၁ ဦးရှိတယ်လို့
ဖေါ်ပြပြီး The Daily Star သတင်းစာမှာတော့ ၂၃ ဦး အထက်မှာ သေဆုံးခဲ့တယ်လို့
ဖေါ်ပြပါတယ်။
New Age သတင်းစာမှာတော့ သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ဖေါ်ပြပြီး အဲဒီအထဲမှာ
ဒက္ကားမြို့တော်မှာ သေဆုံးသူ (၁၀) ဦး၊ နာရာဂန်ဂျီမြို့မှာ (၈) ဦး၊
စစ်တကောင်းမြို့မှာ (၅) ဦးနဲ့ ဘာဂါဟက်မြို့မှာ (၁) ဦး ဖြစ်တယ်လို့
ဖေါ်ပြပါတယ်။
ရာပေါင်းများစွာသော လူတွေဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့
လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးး အတွင်း ဒဏ်ရာ ရရှိခဲ့တယ်လို့
ဆိုပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ကတော့ သူတို့ အဖွဲ့ထဲက ဒက္ကားမြို့
မူတီဂျေးလ် ( Motijheel) ဧရိယာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ
နှိမ်နှင်းမူကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၀၀ ခန့်ရှိပြီး
မြောက်များစွာသော သူ့အဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတယ်လို့ ပြောဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီး မိုဟိန်ဒူလ် ခန် အလမ်ဂီယာ ပြောတာကတော့
ဒက္ကားမြို့မှာ သေဆုံးသူဟာ (၉) ဦးဘဲ ရှိတယ်လို့ ပြောပါတယ်။
မနေ့ညဉ့်ကလည်း ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ BGB (
နယ်ခြားစောင့်တပ်ဖွဲ့)၊ RAB ( အထူးတန်ပြန် မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့)
နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒက္ကားမြို့ပေါ်က စီးပွားရေး အရ အရေးပါတဲ့
ရပ်ကွက်တွေကို ရှင်းလင်းခဲ့ရာမှာ အနည်းဆုံး လူ (၁၀) ဦးသေဆုံးခဲ့တယ်လို့
ဆေးရုံ သတင်းရပ်ကွက်တွေကို ကိုးကားပြီး သတင်းစာတွေက ဖေါ်ပြပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ သင်္ကာမကင်းခံရသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစ္စလာမ်မစ် Hefajat –e- Islam
ဘာသာရေး အဖွဲ့တို့ကြား နိုင်ငံ အနှံ့အပြားမှာ တိုက်ခိုက်မူတွေ အပြန်အလှန်
ပေါ်ပေါက်နေတဲ့ အတွက် ခရီးသွားလာရေး လုပ်ငန်း တွေဟာလည်း ရပ်တန့်နေပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့
ဆန္ဒပြပွဲတွေနဲ့ အတူ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင်တွေဟာ ဆန္ဒပြပွဲ အတွင်း လုံခြုံရေး
တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်တွေ၊
ဘဏ်တွေ၊ ဘတ်စ်ကား တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဟာ ဘင်္ဂလာဒေခ်ျ့ အစိုးရကို အချက်
(၁၃) ချက်ပါတဲ့ တောင်းဆိုချက်ကို တောင်းဆိုထားပြီး အစိုးရက
အဲဒီတောင်းဆိုချက်တွေကို ပယ်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ တနင်္ဂနွေနေ့က
ဒက္ကားမြို့တော်ကို လေးဘက် လေးတန်က ၀ိုင်းပြီး ဆန္ဒပြ တောင်းဆိုမူတွေ
ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင်
သိန်းချီပြီး ပါဝင်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီက ထောက်ခံထားပြီး
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင်တွေ သေဆုံးသွားတဲ့ အတွက် မနက်ဖြန်
မေလ ၈ ရက်နေ့က စပြီး (၂) ရက်တာ အထွေထွေ သပိတ် ခေါ်ထားပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တာဝန်ရှိသူတွေက အစ္စလာမ်မစ် Hefajat –e- Islam
အဖွဲ့ အကြီးအကဲ Allama Shafi ကို ဒက္ကားကနေ သူ့နေရပ် စစ်တကောင်းမြို့ကို
လေယာဉ်နဲ့ အတင်းအကျပ် ပြန်ပို့လိုက်ပြီ အထွေထွေ အတွင်းရေ့းမှူး Junaid
Babunagari ကိုတော့ မနေ့ညက ဖမ်းဆီးလိုက်ပါတယ်။
ခုလို ဖြစ်ပျက်နေတဲ့ အပေါ် ဘင်္ဂလာဒေခ်ျ့က သာမန်ပြည်သူတွေ အကြားမှာ အထူး စိုးရိမ်မူတွေလည်း တိုးပွားနေပါတယ်။
လယ် ယာမြေပြဿနာ များ ရန် ကုန်တိုင်း အစိုးရ ကိုင် တွယ်ဖြေရှင်း ရာမှာ အား နည်း
ရန်ကုန် (မဇ္ဈိ)။
ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က
ကိုင်တွယ်ဖြေရှင်း ရာတွင် အားနည်းမှုများရှိနေကြောင်း
တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော် က ပြောသည်။
“တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြလို့
အစိုးရအဖွဲ့က လာဖြေရင် တိကျတဲ့အဖြေမျိုး ပေးမသွားဘူး။ အစိုးရအဖွဲ့ကို
စာတင်ပြီး တင်ပြတာတောင် ဖြေရှင်းပေးမှုမျိုး လုပ်ပေးတာ မတွေ့ရသေးဘူး” ဟု ၎င်းက
မဇ္ဈိမကို ပြောသည်။
ဒဂုံမြိုသစ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်
ဆိပ်ကမ်းမြို့နယ်များ၊ ထန်းတပင်၊ မင်္ဂလာဒုံ ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊
ကြည့်မြင်တိုင်၊ အင်းစိန်၊ ကျောက်တန်းနှင့် သန်လျင်မြို့နယ်များတွင် လယ်ယာ
သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်နေသည်။
ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရခြင်းမှာ လက်ရှိတွင်
ဧကပေါင်း ၁ သိန်း ၆ သောင်း ကျော် ရှိကြောင်း လယ်ယာမြေနှင့် အခြား မြေများ
သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။
သိမ်းဆည်းခံထားသော လယ်ယာမြေများကို တိုင်းအစိုးရအဖွဲ့မှ ကုမ္ပဏီများကို
လုပ်ကိုင် ခွင့် ပြုခြင်းကြောင့် ပြဿနာ ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။
“လယ်ယာမြေပြဿနာတွေက ယခင်အစိုးရလက်ထက်က လုပ်ခဲ့တာတွေ ဖြစ်တယ်။
အစိုးရသစ် လက်ထက်မှာ လယ်ယာမြေ ပြဿနာက ပိုကြီးထွားလာတယ်” ဟု ရန်ကုန်တိုင်း စိုက်ပျိုး
မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း က ပြောသည်။
မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း က ပြောသည်။
ထိုသို့ သိမ်းဆည်းခံရမှုများကြောင့် လယ်သမားများ လယ်ယာလုပ်ကိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနေ ရသည်။
စုံစမ်းစစ်ရေး ကော်မရှင်ကို နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်မှ
လွှတ်တော်အမတ် ၆၄ ဦးဖြင့် အဖွဲ့ခွဲ ၁၀ ခုခွဲ၍ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင်
လိုက်လံ စစ်ဆေးလျက်ရှိသည်။
မြေအသိမ်းခံရမှုများအတွက် မြေပြန်လည်ရရှိရေး၊ ထိုက်တန်သည့်
လျော်ကြေးရရှိရေးတို့ အပါအဝင် နစ်နာမှုများအား ထုတ်ဖော်ဆန္ဒပြပွဲများလည်း
မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်
မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့်
အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့
မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ
ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity
Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို
အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလို
အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသား တစ်ဦးရှိပြီး၊
နှစ်ဦးကတော့
ယခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ယခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲသလို
နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်တာတွေ
မရှိကြောင်း နစက တပ်ဖွဲ့ အကြီးအကဲက အခုလို ငြင်းဆိုပါတယ်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ
ခုံရုံးဖွဲ့ပြီး၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့
ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ ရာဇဝတ်မှုတွေမှာ တရားခံ
ဖမ်းဆီးရေးကို ရွာတွေမှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက်တပြက်
ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့ သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒဖြန့်တာတွေ တွေ့ရပါတယ်။”
ဖမ်းဆီးရေးကို ရွာတွေမှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက်တပြက်
ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့ သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒဖြန့်တာတွေ တွေ့ရပါတယ်။”
ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေရှ့်နယ်မြေအတွင်းမှာ
အခြေစိုက် လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့မြန်မာ
နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုကြား ပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ
ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ဝန်ခံ ပြောကြားတာတွေ ရှိပါတယ်။
မြန်မာ- ဘင်္ဂလားဒေ့်ရှ်နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး
နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မောင်းတောခရိုင်အခြေစိုက် နယ်စပ်ဒေသ
လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် နစကတပ်ဖွဲ့ ကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီး အောင်နိုင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်
မေးမြန်းထားပါတယ်။
RFA
မြန်မာအစ္စလာမ်ဘာသာအဖွဲ့များက ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဆိုသည့်ေ ကြညာချက်ကိုလက်မခံနိုင်ကြောင်း ထုတ်ပြန်
ပြီးခဲ့သည့်ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ အကျဉ်းချခံထားရသူ
တာလီဘန်ခေါင်းဆောင် ၏ မြန်မာနိုင်ငံ အပေါ် ဂျီဟတ်စစ်ပွဲ
ဆင်နွှဲသွားမည်ဆိုသည့်ကြေညာချက်ကိုလက် မခံနိုင်ကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး(၄)ဖွဲ့၏ လက်မှတ် ထိုးဖြင့် ယမန်နေ့ကထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင်အပြစ်မဲ့ ပြည်သူများ၏
အသက်အိုးအိမ် နှင့် သာသနိကအဆောက်အဦးများ ၊ ဗလီဝတ်ကျောင်းတော်များ
ပျက်စီးဆုံးရှုံးခဲ့မှု အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှ စာနာ ထောက်ထား
သူများကိုကျေးဇူးတင်ကြောင်းနှင့်  ၊ ပြည်တွင်းရှိ ညီနောင်ဗုဒဘာသာဝင်များအပေါ်ဆန့်ကျင်တိုက်ခိုက်ရန် လှုံ့ဆော်မှုများကို လုံးဝလက်မခံကြောင်းဖေါ်ပြ ထားသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့(၄)ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင်
အကြမ်းဖက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု များကို နိုင်ငံတော် မှ ကမကထပြု၍
ပြန်လည်ပြုပြင်ပေးရန် ၊ လူသားချင်း စာနာသည့် အကူအညီများ အလျှင်
အမြန်ပြုလုပ်ပေးရန် ၊ အကြမ်းဖက်မှုများ နောက်ထပ်မဖြစ်ပေါ်လာစေရန်အတွက်
အကြမ်းဖက်သူ များအား ဖမ်းဆည်းအရေးယူရန် ၊ နောက်ကွယ်မှ ကြိုးကိုင် သူများအား
ဖေါ်ထုတ် အရေးယူ ရန် တောင်း ဆိုထားသည့်အချက်များအပါအ၀ င် အချက်(၃)ချက်ဖြင့် ထုတ်ပြန်ခဲ့ သည်။
" အဲဒီကြေညာချက်ထုတ်တဲ့အဖွဲ့အစည်း တွေနဲ့
ကျနော်တို့နဲ့ ဘယ်လိုမှမပတ်သတ်ဘူးဆိုတာကို အာဏာပိုင်တွေရော ဗုဒ
ဘာသာဝင်တွေရော သိစေချင်ပါတယ် ၊ ကျနော်တို့တွေ အကြိမ်ကြိမ်ခံစားနေရ သလို
ကျနော်တို့ကို အကာအကွယ်ပေးတဲ့ ထဲမှာ ဗုဒဘာသာဆရာတော်ကြီးတွေလဲပါဝင်ပါ တယ် " ဟု ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတစ်ခုဖြ စ်သည့် မြန်မာနိုင်ငံအိုလမာ သာသနာ့ ပညာရှင်များ အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာသည့်အကူအညီများကို အလျှင်အမြန်လုပ်ပေးသွားမည် ဟုမျှော်လင့်ကြောင်း ၊ နောက်နောင် အကြမ်းဖက်မှုများမဖြစ်ပွားလာရန်အ တွက် နိုင်ငံတော်မှ အကာ အကွယ်များ ပေးသွားရန် လိုအပ်ကြောင်းကို တစ်ဆက်တည်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမတ္တဦးသိန်းစိန်၏ မေလ(၆)ရက်နေ့ကပြောကြားခဲ့သောမိန့်ခွန်းတွင်
လက်ရှိ ကြုံတွေ့နေ ရသော ပြသနာများကို ဖြေရှင်းရာတွင် တစ်ဖက်နှင့်တစ်ဖက်
အပစ်တင်ခြင်းများကို ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကြ
သည့်နည်းလမ်းနှင့် ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်ရန် အချိန်ကြပြီဖြစ်ကြောင်း
မိန့်ခွန်းတွင် ထည့် သွင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်းတွင် မထ္တီလာ ၊ ပဲခူးအရှေ့ ဖက်ခြမ်း ဒေသများ ၊ ဥက္ကံ မြို့များတွင် အရေးအခင်းများ ရက်ပိုင်းဆက်တိုက်ပေါ်ပေါက်ခဲ့ကာ အရေးပေါ် အခြေအနေများ ကြေညာခဲ့သည်အထိ ရောက်ခဲ့ရပြီ လူသေဆုံးမှုများရှိခဲ့ကြောင်း မီဒီယာများကဖေါ်ပြ ခဲ့ကြသည်။
မင်းမင်းလတ်- မန္တလေး (မြစ်မခ)
အသံ ထက် ငါးဆမြန်သော လေ ယာဉ် အမေ ရိကန်တို့ တီ ထွင်အောင်မြင်
Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက
စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ
ဖြစ်ပါတယ်။
ကုန်းပေါ်က
တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့
သတ်မှတ် ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင်
မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀
အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင်ရဖို့ ခဲနိုင်ပါတယ်။
စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းကနေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်းဖန်တီးထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။
အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသစခန်းပို့တာမျိုး၊ တိုက်ခိုက်ရေးမှာ အသုံးပြုတာမျိုး တို့ ပြုလုပ် ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန်နေပါတယ်။ မြေပြင်ထိန်းချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။
Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။
ကုန်းပေါ်က
တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့
သတ်မှတ် ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင်
မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀
အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင်ရဖို့ ခဲနိုင်ပါတယ်။စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းကနေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်းဖန်တီးထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။
အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသစခန်းပို့တာမျိုး၊ တိုက်ခိုက်ရေးမှာ အသုံးပြုတာမျိုး တို့ ပြုလုပ် ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန်နေပါတယ်။ မြေပြင်ထိန်းချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။
Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။
မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင်ခဲ့ပါတယ်။
တရားခံ ၇ ဦးထဲက ၁ ဦးဟာ အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် သူ့ကိုကလေးသူငယ်တရားရုံးကို လွှဲပြောင်းလိုက်ပြီး ကျန်တဲ့သူတွေကိုတော့ တရားရုံးမှာ စွဲချက်တင်လိုက်တယ်လို့ အဲဒီအမှုမှာ စွဲချက်တင်ခံ ထားရသူတချို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။
"တရားခံ ၇ ယောက်မှာ တစ်ယောက်က အသက် ၁၆ နှစ်မပြည့်ဘူးဆိုတော့ စွဲချက်မတင်ခင်မှာ အမှုကိုပြန်လည်ရုပ်သိမ်းပြီးတော့ ကလေးသူငယ်တရားရုံးကို လွဲပြောင်းပေးခဲ့တယ်၊ ကျန်တဲ့ ၆ ယောက် ထဲမှာ ၁ ဦးကို ပုဒ်မ ၁၄၄ လူစုလူဝေးမှာပါဝင်မှု၊ ၂၉၅ (က) သာသနာညိုးနွမ်းစေမှုစတဲ့ ပြစ်မှု ၃ ခုနဲ့ တရားစွဲထားပြီးတော့ ကျန်တဲ့ ၅ ယောက်ကိုတော့ ခုနကလို ၁၄၄၊ ၂၉၅ (က)တွေနဲ့ စွဲချက် တင်လိုက် တယ်၊ ကျွန်တော်တို့က သက်သေထွက်ချက်အရပေါ့နော်၊ သက်သေတစ်ယောက်ပဲ အဲ့မှာရှိနေတယ်၊ အဲ့ဒီ ထွက်ချက်အရ တရားရုံးက စွဲမှာပဲ၊ ကိုယ်ကအခိုင်အမာရှင်းပြနိုင်ရင် လွတ်မှာပဲလေ"
အဲဒီအမှုမှာ အပြစ်မရှိပဲ အရေးယူခံထားရသူတွေလည်း ပါတယ်လို့ ဆွေမျိုးသားချင်းတွေ က ပြောပေ မယ့် ရှေ့နေ ဦးသိန်းသန်းဦးကတော့ မိတ္ထီလာခရိုင် တရားရုံးရဲ့ စစ်ဆေးချက်တွေဟာ တရားမျှတမှုရှိပြီး တရားခံအခွင့်အရေးတွေ အပြည့်အဝရရှိနေတယ်လို့ ပြောပါတယ်။
အခုစွဲချက်တင်ခံထားရသူ ၆ ဦးစလုံးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်အထိကျခံရနိုင်ပြီး၊ အသက် မပြည့်သေးတဲ့ မောင်ညီညီနိုင်ကတော့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။
Thursday, May 02, 2013
နေပြည်တော်ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်သုံးခု ထပ်တိုးရန်ရှိ
နိုင်ငံသားပိုင် ပြည်တွင်းအခြေပြု လေကြောင်းလိုင်းသုံးခု
ထပ်မံ ထွက်ပေါ်လာရန် ရှိနေသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရပြီး
၎င်းသုံးခုစလုံးမှာ နေပြည်တော်လေဆိပ်ကို အခြေပြု ပြေး ဆွဲရမည်ဟု ၂၅-၄-၂၀၃ ရက်က သိရသည်။နေပြည်တော် လေဆိပ်သစ်ကြီးကို ပြည်တွင်းလေကြောင်းများ ပျံသန်းမှု အားနည်းနေပြီး ယခုတစ်ကြိမ်တွင် ပြည်တွင်းလေကြောင်းလိုင်း သုံး ခုစလုံး အနေဖြင့် ထပ်ဆင့် တင်ပြ ချက် ပြုလုပ်ရဦး မည်ဖြစ်
လျှပ်စစ်မီး ပိုမို ရရှိရေးနှင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို စတင် အကောင် အထည် ဖော်နေပြီဖြစ်
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူများသို့
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့်
မိန့်ခွန်း -(၂-၅-၂ဝ၁၃)
မိဘ ပြည်သူများ ခင်ဗျား-
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေ များကို မိဘပြည်သူ များထံ ရေဒီယို ကနေ တစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလ အတွင်း မြန် မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း အနား သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁
ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း အနား သဝဏ်လွှာမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
ယနေ့အခါသမယသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ် ထားရှိသည့် အပြည်ပြည်ဆိုင်ရာ
ဥက္ကံအကြမ်းဖက်မှု တစ်ဦးသေဆုံး
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ မနေ့က
ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဒီနေ့အစောပိုင်းက
အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဦး သေဆုံးခဲ့ရပြီးတော့ ကျန်နှစ်ဦးဟာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ကုသမှု ခံယူနေကြရတယ်လို့ ဥက္ကံဒေသခံ ရဲစခန်း က ပြော ပါတယ်။ မနေ့က ဖြစ်ခဲ့တဲ့ ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပျက်စီး ခဲ့ရပြီး ဒေသ
ရုရှားနိုင်ငံ၏ ပထမဆုံး Project 11356 အပေါ့စား စစ်ရေယာဉ်အား လာမည့်နှစ်တွင် ရုရှား ရေတပ်သို့ ပေးအပ် သွားမည်
ရုရှားနိုင်ငံ၏ ပထမဆုံး Project 11356 အပေါ့စား စစ်ရေယာဉ် အား ရေတပ်
ဗိုလ်ချုပ်ကြီး ဂရီဂိုရိုဗစ်ခ်ျဟု အမည် ပေးထားပြီး ၄င်းအား ၂ဝ၁၄ ခုနှစ်တွင် ပင်လယ်နက် စစ်သင်္ဘော အုပ်စုနှင့် ဆက်သွယ် သွားမည်ဖြစ်ကြောင်း ဒုတိယ ရေတပ် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဖီဒို တန်ကော့ဗ်က ဧပြီ
၂၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အပေါ့စား စစ်ရေယာဉ်အား ကယ်လီနင်း
ဂရတ်မြို့ အခြေစိုက် ယန်တာ
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-





