တက်ဘလက်သုံးတဲ့သူတော်တော်များများကအခုနောက်ပိုင်းမှာတက်ဘလက်ကြီးသက်သက်မသုံးချင်တော့ ပါဘူး။ လမ်းသွားရင်း အင်တာနက်ကြည်
့ဖို့  ၀ိုင်ဖိုင်တက်ဘလက်ကတစ်လုံး ဖုန်းပြောဖို့  အတွက် ဖုန်းက တစ်လုံး နှစ်ခုလုံးကို
သယ်ပြီး မသွားချင်ကြတော့ပါဘူး။ ဒါတွေကို ဖြေရှင်းပေးဖို့ အတွက်ကတော့  3G စနစ်ရော
2G စနစ်ကို ပါထောက်ပံ့ပေး တဲ့ တက်ဘလက်တွေ တစ်မျိုးပြီးတစ်မျိုးပြည်တွင်းကို ၀င်လာပါ တယ်။
ဒီတစ်ပတ်အတွက်ပြည်တွင်းကို ၀င်လာတဲ့  3G တက်ဘလက်တွေထဲ ကမော်ဒယ်လည်းသစ် ဈေး လည်းသက်သာ
Specification လည်းမြင့်တဲ့  တက်ဘလက်တစ်လုံးဈေ့းကွက်ထဲ မှာရေ ပန်းစားနေ ပါတယ်။ အဲဒါကတော့
ကွန်ပျူတာ မော်နီတာတွေထုတ်တဲ့ နေရာမှာနာမည် ကျော်လှတဲ့  View Sonic ရဲ့ View Pad 7D တက်ဘလက်ဖြစ်ပါတယ်။ တက်ဘလက်ရဲ့  ဖန်သားပြင်ဟာ
ကြည်လင်တောက်ပပြီး Live wallpaper လေးလှုပ်ရှားနေပုံကလည်း အသက်ဝင်လှပါတယ်။
ဆိုင်ထဲမှာ
တင်ထား ရင်တောင်အခြားဈေးနှုန်း မြင့်တက်ဘလက်တွေနဲ့  အမြင်မှားရလောက်အောင်ခန့် ထည်ပါတယ်။
အခြား တန်ဖိုးတူတက်ဘလက်တွေနဲ့ယှဉ်ရင်အဖက်အဖက်က သာနေတာကိုပါတွေ့ရပြီး တန်ဖိုးကတော့ ၁သိန်း ၆သောင်း၇ှိပါတယ်။ ရောင်းချပေးနေတဲ့  Touch Pro (IT
& Mobile) Centre ကတော့  အမှတ် ၂၁၀ ဆိပ်ကမ်းသာလမ်း (အလယ်) ၊ရန်ကုန်မြို့ မှာဝယ်ယူနိုင် ပါတယ်။ ဖုန်းနဲ့ ဆက်သွယ်ချင်ရင်တော
့ ဖုန်းနံ ပါတ် ၀၁ ၃၇၈၁၇၁ ကိုဆက် သွယ်မေးမြန်းနိုင်ပါတယ်။ Touch Pro ဆိုင်မှာတော့ 
view Sonic View Pad 7Dရောင်းအားကောင်းတယ်လို့သိရပါတယ်။ဘာလို့ ဈေးနှုန်း၁သိန်း၆သောင်းနဲ
့ ရောင်းအားကောင်းနေတယ် ဆိုတာ view pad 7D ရဲ့  အသေးစိတ်ဖော်ပြချက်ကို ကြည့် ပြီးတော့မှ
အဖြေသိနိုင်မှာပါ။
CPU
CPU အမြန်နှုန်းဟာ 1 GHz အမြန်နှုန်း၇ှိပြီး Cortex A9 အမျိုးအစား
Dual Core CPU ကိုအသုံးပြု ပေး ထားပါတယ်။ Dual Core အဆင့်၇ှိတဲ့  CPU ဟာ တန်ဖိုး ၂သိန်းကျော်လောက်၇ှိတဲ
့ Samsung ရဲ့  tab 2 နဲ့  အမြန်နှုန်းနဲ့ တူနေပါတယ်။ Dual Core CPU တွေဟာ နောက်ဆုံးပေါ်စာရင်းဝင်
I Phone 4s ၊ Samsung Galaxy S II စတဲ့  ဖုန်းတွေမှာအသုံး ပြုပေးထားတာကြောင့်  အသုံး
ပြုသူအတွက်တော့ အ ဆင်ပြေပါတယ်။
RAM
နှင့် သိုလှောင်မူပမာဏ
RAM အမြန်နှုန်း 1GB ရှိပြီး
Application တော်တော်များများကို တပြိုင်နက် အသုံးပြုနိုင်ပါတယ်။ သိုလှောင်မူပမာဏကတော
့ နဂို 16GB ပါဝင်ပြီး Micro SD ကတ် ကို အမြင့်ဆုံး 32 GB အထိ ထည့် သွင်း အသုံးပြုနိုင်ပါတယ်။
နဂို 16GB ၊ Micro SD ကတ် 32 GB နဲ့  ဆိုရင်တော့  သိုလှောင်မူပမာဏဟာ အသုံးပြုသူအတွက်လုံလောက်ပါတယ်။
ဒါကိုမှထပ်ပြီး သိုလှောင်နှုန်းလို အပ်သေးရင်တော့  Drop box ၊ Box စတဲ့  အွန်လိုင်းသိုလှောင်မူတွေကို
ပါ အသုံးပြုနိုင်ပါသေးတယ်။
မျက်နှာပြင်
နှင့် ကင်မရာ
မျက်နှာပြင်အကျယ်အ၀န်းကတော့  ၇လက်မ၇ှိပါတယ်။
resolution 1024x600 ကိုထောက်ပံပေးနိုင်ပြီး HD ဗီဒီယိုတွေ HD ဓါတ်ပုံတွေကိုပါ ကြည်
့ရူနိုင်ပါတယ်။ Resolution ကောင်းမွန်တာကြောင့် HD ဂိမ်းတွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
ကင်မရာကတော့  အေ၇ှ့ 0.3MP (VGA) နဲ့  အနောက် 2 MP တို့ အ သီးသီးပါဝင်ပါတယ်။ေ၇ှ့ နောက်ကင်မရာပါဝင်တာကြောင်
့ဗီဒီယို call အားလုံးကို ထောက် ပံ့ပေးနိုင်ပါ တယ်။
ဘက်ထရီနဲ
့ OS
ဘက်ထ၇ီကတော့  Lithium – ion အမျိုးအစားကို
အသုံးပြုပေးထားပြီး 3000 mAh ပမာဏ သို လှောင်နှုန်းပါဝင်ပါတယ်။ Android 4.0.4
(ICS) ကို OS အဖြစ်အသုံးပြုပေးထားတာကြောင့်  မြန်မာ စာ အတွက်ရော Root အတွက်ပါအဆင်ပြေ
ပါတယ်။ Application အားလုံးကိုလည်း ICS ကထောက် ပံ့ပေးနိုင်တာကြောင့် အသုံးပြုသူစိတ်မညစ်ရပါဘူး။
အခြားပါဝင်မူများ
Bluetooth 3.0 နဲ့  GSMရော WCDMA ပါ
နှစ်ကတ်လုံး တပြိုင်တည်းအသုံးပြုလို ရမယ့်  Sim Slot ၂ခု ပါဝင်ပါတယ်။ GPS နဲ့ 
Wifi လည်းပါဝင်ပြီး ဖုန်းပြောနိုင်ဖို့  မိုက်ခရိုဖုန်းလည်းပါဝင်ပါတယ်။
---
သျှမ်းထက် (DL Tech Club)
No comments:
Post a Comment