နိုင်ငံတော်သမ္မတ၏
ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ်
၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို
မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ်ရောင်းချပေးမည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။ CDMA 800
MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမအကြိမ်
ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင်တွင်
ရောင်း ချနိုင်မည်ဟုမျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး
ဦးကျော်စိုးက ထပ်မံအ တည်ပြုသည်။ယင်းကျပ် ၁၅၀၀ တန် CDMA 800 MHz
ဖုန်းများမှာ ဖုန်းလိုင်းမမိသည့် နေရာများနေသဖြင့် GSM ဖုန်းများကိုသာ
အမြန်ဆုံး ရောင်းချပေးစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ်နေ
ဒေသခံတစ်ဦးက ပြောကြားသည်။ မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းက တပ်ဆင်သည့်
CDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းကတ် သုံးသိန်းငါးသောင်းကို ဧပြီလ ၂၄
ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ငွေကျပ် ၁၅၀၀ နှုန်းဖြင့်
မဲဖောက်ရောင်းချပေးခဲ့သော်လည်း ပြင်ပဈေးကွက်တွင်
ယင်းဖုန်းလိုင်းကတ် များမှာ နေရာကိုလိုက်၍ ကျပ်သုံးသောင်းဝန်းကျင်မှ
ကျပ်ခြောက်သောင်းဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ သည်။
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
1 week ago
No comments:
Post a Comment